"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, August 17, 2012

နိုင်ငံကြီးသားပီသနေကြလိုက်တာကွာ


နိုင်ငံကြီးသားပီသနေလိုက်ကြတာကွာ ဆိုကထဲက နိုင်ငံကြီးသားပီသတာကို မကျေမချမ်းပြောတယ်ဆိုမှန်းသိကြမှာပါ နိုင်ငံကြီး သားပီသတာမကောင်းဘူးလားဗျာ

နိုင်ငံကြီးသားပီသတယ်ဆိုရင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လူစည်းကမ်းတွေကို လိုက်နာစောင့်ထိန်းကြတာလို့အကြမ်း ဖျဉ်းပြောရင်ရလောက်ပါတယ် အမှိုက်ကိုတွေ့လေရာ စည်းကမ်းမဲ့မပစ်ဘူး လူကူးမျဉ်းကြားကကူးမယ် အပေါ့အလေးကြုံရာ မှာမစွန့်ဘူး ကားတွေကလည်း မီးပွိုင့်နီနေရင် စည်းကမ်းတကျစောင့်မယ် မျက်နှာခြင်းဆိုင်ယာဉ်ကြောကနေကျော်မတက် ဘူး ဘတ်စ်ကားတွေကမှတ်တိုင်မှာရပ်မယ် ကွေ့ကြောကနေ တည့်တည့်မမောင်းဘူး မီးဝါမဖြတ်ဘူး မီးပွိုင့်မှာ မော်တော် ပီကယ်နဲ့ စပါယ်ယာတို့လက်ဆွဲနှုတ်မဆက်ကြဘူး ကွမ်းတံတွေးတွေ့ကယာမထွေးဘူး ဘတ်စ်ကားပေါ်ဆေးလိပ်မသောက်ဘူး ဆိုရင် နိုင်ငံကြီးသား ပီသတယ်ပြောရမှာပေါ့ တခြားအချက်တွေလည်းကျန်အုန်းမှာပေါ့ 

ဒါဆိုရင် ခုလိုနိုင်ငံတော်မှာ အပြောင်းအလဲကြီးတွေလုပ်နေချိန်မှာ နိုင်ငံကြီးသားပီသနေလိုက်ကြတာကွာဆိုပြီး ဘယ်သူကများ မကျေမချမ်း ဖြစ်ပြီးပြောနေကြတာပါလိမ့် ဆိုတာသိခြင်ကြမှာပါ

ပြောရရင်တော့ ၂၇-၁၂-၂၀၁၁ နေ့မှာ ၂၁၀ ဘတ်စ်ကားနဲ့ အလုံဘက်အသွား ဘတ်စကားစီးသူတိုင်းသိကြမှာပါလေ ဘတ်စကားခရီးစဉ်တူတဲ့ လမ်းကြောင်းပေါ်ဆွဲနေတဲ့ကားနှစ်စီးရှေ့နောက်ဖြစ်နေပြီဆိုတာနဲ့ နောက်ကားက ရှေ့ကားကိုအ တင်း လိုက်တွန်း အတင်းမှီအောင်လိုက် ရှေ့ကားကိုမှီဖို့ လူရဖို့ဆိုရင် မီးဝါလဲအတင်းဖြတ် ရှေ့ကားပြေးပြီဆိုမှ လူရမဲ့မှတ် တိုင်မှာ ဆိုရင်တော့ နောက်ကားမလာမခြင်း အိပ်စောင့် ထိုင်စောင့် နောက်ကားလိုက်လာပြီဆိုရင် အတင်းမောင်း မှတ်တိုင်ရောက်ရင် လူတွေကို အတင်းဆွဲချ တွန်းချ  မိးပွိုင့်မှာဆို ကွေ့လိုင်းကလဲအတင်းဝင် အတင်းကျော်တက် ကားပေါ်ကလူ တွေကတော့ စကော ထဲကဇီးဖြူသီးတွေလို တ၀ုန်းဝုန်း တရုန်းရုန်း အလဲလဲ အပြိုပြို 

အဲဒီကား ဘုန်းကြီးလမ်းမီးပွိုင့်မီးနီလည်းမိနေရော စပါယ်ယာလုပ်သူက ဘုန်းကြီးလမ်းဆင်းမဲ့သူတွေ မီးပွိုင်မှာ ဆင်းလို့ရတယ်ဆိုပြီး အော်တယ်လေ အော်ရတာကလဲ ဘုန်းကြီးလမ်းပြီးရင်မော်တင်မှတ်တိုင်လေ မော်တင်မှတ်တိုင်မှာက အဲဒီအချိန်ဆိုရင် ဆိပ်ကြီးခနောင်တိုဘက်ကထင်ပါရဲ့ အလုပ်သမားလေးတွေ တအုပ်တမကြီး တစ်ခါတက်ရင် ၄၀ ၅၀ လောက်တက်မှာလေ သူတို့လေးတွေက အလုံ ချမာဘီမှတ်တိုင်မှာဆင်းကြတာ ထီခေါက်တဲ့အလုပ် တနေ့ ၁၀၀၀ နဲ့ လုပ်ကြတယ်ပြောတယ် အဲဒီကလေးတွေ မှီအောင်ကားစပါယ်ယာက ဘုန်းကြီးလမ်းမီးပွိုင့် မီးနီတုန်း တစ်ခါထဲခရီးသည်ကိုချ ဘုန်းကြီးလမ်းမှတ် တိုင်မှာ မရပ်တော့ဘဲ ရှေ့ကားကိုအတင်းလိုက်တွန်းရင်း မော်တင်မှတ်တိုင်မှာ ခရီးသည်လုခြင်တာကိုး 

ဒီမှာတင် ခရီးသည်လည်းတစ်ယောက်မှ မီးပွိုင့်မှာလည်းမဆင်းလေတော့ ကားစပါယ်ယာက ငါတို့ကားပေါ်စီးလာကြတဲ့သူ တွေက ဗမာတွေမဟုတ်ကြဘူးတဲ့ နိုင်ငံခြားသားတွေချည်းဘဲတဲ့ စည်းကမ်းရှိကြတယ်တဲ့ မှတ်တိုင်မဟုတ်ရင်ဘယ်သူမှ မဆင်းကြ ဘူးတဲ့ တော်တော် " နိုင်ငံကြီးသားပီသနေလိုက်ကြတာကွာ" ဆိုပြီးတစ်ဗြစ်တောက်တောက် မကျေမချမ်း ပြောနေပါလေရဲ့ဗျာ

နောက် မော်တင်မှတ်တိုင်လည်းရောက်ရော ရှေ့ကားကလည်း ဒီကားရောက်လာတော့ပြေးတာပေါ့ ကံအားလျှော်စွာဘဲ ထီခေါက် တဲ့ကလေးတွေကရောက်လာတယ်လေ ဒီမှာတင် ဘသားချောစပါယ်ယာတို့ သဘောကောင်းလိုက်ပုံကတော့ ကလေးတွေကို ကျန်သေးလား လူကုန်ပြီလား တတွတ်တွတ်မေးပြီး လူကုန်ရသည်အထိ ကျန်တဲ့ခရီးသည်တွေကိုလားလား မှအားမနာ စိန်ပြေ နပြေကိုစောင့်တင်နေတော့တာပါဘဲ

ဒီလိုဘာကြောင့်ဖြစ်နေတာလဲကိုတွေးကြည့်မိပါတယ် သေခြာတာကတော့ ဒီစပါယ်ယာတွေရဲ့စည်းကမ်း မလိုက်နာတတ် တာ လောဘတွေရယ်ကြောင့် ချည်းကြောင့်မဟုတ်ဘူးဆိုတာပါဘဲ 

ဒါဆိုရင် တခြားဘာတွေရှိသေးလဲ  ဖြစ်နိုင်ဘွယ်ရာကတော့ ယခုဘတ်စ်ကားပြေးဆွဲနေတဲ့စနစ်က အခရာ ဘဲလို့ထင်မိပါတယ် မိမိဟာလက်ရှိ ဘတ်စ်ကားဆွဲနေသည့်စနစ်ကို ဂဂနနမသိဘူးဆိုတာကိုတော့ဝန်ခံပါရစေ သိရသလောက် ယခုပြေးဆွဲနေသော စနစ်သည် ကန်ထရိုက်စနစ် ပုတ်ပြတ်စနစ်ဟုအကြမ်းဖျဉ်း သိထားပါသည် ဒီတော့ ယာဉ်မောင်း စပါယ်ယာ တို့ဟာ မော်တော်ယာဉ်ကို တစ်နေ့ဘယ်လောက်ဆိုသည့် နှုန်းနဲ့ပိုင်ရှင်ကို ပေးရပါတယ် ကားဆွဲ၍ရသည့်ငွေမှ ယာဉ်ပိုင်ရှင် ကိုပေးပြီး ကျန်တဲ့ငွေကမှ ခွဲဝေယူရသည်ဖြစ်ရာ များများဝင်မှများများကျန်မှာဆိုတော့ သူတို့တွေလည်း ကျန်အောင် ကားခြင်းပြိုင် ယာဉ်မောင်းခြင်းပြိုင် စပါယ်ယာခြင်းပြိုင် ပြီးခရီးသည်များများ ရအောင်လုပ်ကြရတော့ မှတ်တိုင် မှာမဆင်းတဲ့သူတွေကို “ နိုင်ငံကြီးသားပီသနေလိုက်ကြတာကွာ ” ဆိုပြီးမကျေမချမ်းပြောတာတွေ ဖြစ်လာတော့တာပါဘဲ

နိုင်ငံတော်အုပ်ချုပ်ပုံစနစ်တွေပြောင်းနေတဲ့အချိန်မှာ အဖွဲ့အစည်းအသီးသီးရဲ့ အဆင့်ဆင့်မှာရှိနေတဲ့ စနစ်တွေရော လူတွေ ပါ  နိုင်ငံတော်ရဲ့ပြောင်းလဲလာတဲ့စနစ်နဲ့အတူ လိုက်လျှောညီထွေအောင် ပြောင်းလဲဖို့လို အပ်နေပါပြီ

ရန်ကုန်မြို့ကိုစင်္ကာပူလိုဖြစ်အောင် လုပ်မယ်လည်းဆိုထားလေတော့  စင်ကာပူကဘတ်စ်ကားတွေလို လူအဆင်း အတက်ပြီးတာနဲ့ ကားထွက် ကားထိုင်ခုံတွေကလည်း ထိုင်နေရင်တင်ပါးတစ်ခြမ်း ခြေထောက်တစ်ချောင်းထွက်နေတာတိုမရှိ့ ကားထွက်တဲ့အခါ ကားရပ်တဲ့အခါ ကားဘရိတ်အုပ်တဲ့အခါ လူတွေရှေ့ဟပ်ထိုးယိမ်း နောက်ပက်လက်လှန်လဲ ဆိုတာတွေ မဖြစ်ဘဲ သက်သက် သာသာလေးနဲ့ ဘတ်စ်ကားစီးရမဲ့နေ့တွေဘဲမျော်နေမိပါတယ်။

No comments: