"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, October 29, 2012

အမှတ်တရဦးနေ၀င်း

၁၉၉၂ ခုနှစ် မေလ (၅) ရက် "လုပ်သားပြည်သူ့နေ့စဉ်"

လေးစားပါတယ် ဂုဏ်ယူပါတယ် မအေးအေးကြည် (Orchid Hotel)

ဂျပန်ဧည့်သည်နှင့်မအေးအေးကြည်စကားအခြေအတင်


မအေးအေးကြည်ရဲ့သတင်းကို ဂျာနယ်တွေမှာစဖတ်ရက တည်းကမကျေနပ်ဘူး လက်လည်းမခံနိုင်ဘူးဗျာ အထူး သဖြင့် ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုတဲ့နေ ရာမှာပါးကိုရိုက်စော်ကားတာ ဖြစ်တဲ့အတွက်ပိုလို့ တောင်လက်မခံနိုင်ဘူးပေါ့




ကိုယ့်နိုင်ငံသားတစ်ဦးကနိုင်ငံခြားသားစော်ကားတာကိုခံရတာမို့ပိုဆိုးတာပေါ့ဗျာ ဗမာ့ယဉ်ကျေးမှုအရ လည်း တစ်စိမ်းတစ်ရံစာတစ်ဦးဦးရဲ့ ပါးတို့ခေါင်းတို့ဆိုတာရိုက်ဖို့နေနေသာသာ ကိုင်တာတောင် လက်မခံကြ ဘူးမဟုတ်လား 

Friday, October 26, 2012

မြန်မာပြည်မှာအင်ဂျင်နီယာဖြစ်ရန်မလွယ်တော့

တစ်ချိန်ကရန်ကုန်စက်မှုတက္ကသိုလ်
(၂၅-၁၀-၂၀၁၂ ထုတ် 7 Days ဂျာနယ်မှ)
ဗမာပြည်မှာအင်ဂျင်နီယာဖြစ်ရန်မလွယ်တော့လို့ဆိုလိုက်တော့ အရင်ကလွယ်ခဲ့လို့ပေါ့လို့ပြောစရာရှိလာပါ တယ် ဟုတ်ပါတယ် ၂၀၁၂ မတိုင်မီကဗမာပြည်မှာအင်ဂျင်နီယာဖြစ်ရန်လွယ်ပါတယ် အတော့ကိုလွယ်ခဲ့ပါ တယ် ဒါကိုလူတိုင်း အထူးသဖြင့်ကျောင်းသားဟောင်းကြီးတွေကပိုလို့သိကြပါတယ် ဘယ်အချိန်ကစလွယ် လာသလဲပြောရရင်တော့ ၁၉၈၈ နောက်ပိုင်းတဖြည်းဖြည်းနဲ့လွယ်လွယ်လာတယ်ပြောရမှာပါ

ီ်နှစ် ၂၀၁၂ မတော့ ရန်ကုန်နည်းပညာတက္ကသိုလ်တက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက်ကထိပ်ဆုံးမှာရှိနေပြီး မန္တလေးနည်းပညာတက္ကသိုလ်ကစတုတ္ထနေရာမှာ အထက်ပါဇယား အတိုင်းရှိနေတော့နာင်မျိုးဆက်သစ်တို့ အင်ဂျင်နီယာဖြစ်ရေးကတော့ အတော့ကိုကြိုးစားကြရတော့မှာ ဖြစ်ပါတယ်

Thursday, October 25, 2012

တရုပ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်ရဲ့ဆွေမျိုးတွေရဲ့ပိုင်ဆိုင်မှုတန်ဘိုးဟာဒေါ်လာသန်း ၂၇၀၀ လောက်တောင်ရှိသတဲ့ BBC 26-10-2012 နံနက်ပိုင်းသတင်း


တရုပ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်ရဲ့ဆွေမျိုးတွေရဲ့ပိုင်ဆိုင်မှုတန်ဘိုးဟာဒေါ်လာသန်း ၂၇၀၀ လောက်ရှိတယ်လို့တွေ့ရှိရကြာင်း
ဘီဘီစီကနယူးယောက်တိုင်းသတင်းစာကြီးကိုကိုးကားပြီး
၂၆-၁၀-၂၀၁၂ နေ့မနက်မှာထုတ်လွှင့်သွားပါတယ် 

မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာတရားဝင်တည်ရှိတယ်တဲ့ RFA 261012 နံနက်ပိုင်းသတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးဆိုတာတရားဝင်တည်ရှိတယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ဒီမိုကရက်တစ်ပါတီကပြောကြောင်း RFA က ၂၆-၁၀-၂၀၁၂ င်္နနက်ပိုင်းမှာထုတ်လွှင့်သွား

Thursday, October 18, 2012

လေးစားရပါသော ၈၈ ဗိုလ်မှူးတစ်ယောက်



၈၈ ကျောင်းသားဆိုတာ ၁၉၈၈ ကပေါ်ပေါက်ခဲ့တဲ့ကျောင်းသားဆိုတာလူတိုင်းသိကြပါတယ် ၈၈ စစ်သား ဗိုလ်ကြီး ဗိုလ်မှူး လို့တော့ဘယ်သူမှပြောကြဆိုကြတာမရှိကြပါဘူး ခုဒီမှာတော့ ၈၈ ဗိုလ်မှူးလို့ပြောပါရစေ

လေးစားရပါသောဆိုကထဲက ရှင်းပါတယ် လေးစားလို့ပေါ့ ၈၈ က ဗိုလ်မှူး ဆိုတာကတော့ ၁၉၈၈ ခုနှစ်တုန်း က ဗိုလ်မှူးတစ်ယောက်အကြောင်းပေါ့ ၁၉၈၈ ကတော့လူတိုင်းသိပြီးသားပေါ့ဗျာ စာတစ်စောင်ပေ တစ်ဖွဲ့ ရေး တယ်ဆိုကတည်းကလည်း သာမာန်ထက်ပိုပြီးလေးစားလို့ ထူးထူး ခြားခြား လေးစားစရာ ရှိလို့ ဆိုတာကတော့ပြောစရာမလိုလောက်ပါဘူး

အကြောင်းကဒီလို အချိန်တွေကတော၂၄ နှစ်ကြာခဲ့ပြီပေါ့ဗျာ သာမာန် ပြည်သူ တစ်ယောက်ဖြစ်တာက တစ်ကြောင်း စာရေးတာကလည်း ဘလော့ဆိုတာပေါ်လာမှရေးဖြစ်တာကတစ်ကြောင်း နောက်ပြီး ဒီဘလော့ ဆိုတာကို ၂၀၀၇ ခုနှစ်လောက်ကစရေးပေမဲ့ အင်တာနက်လိုင်း မကောင်းတာ အချိန်မပေးနိုင်တာစတဲ့ အကြောင်း ကြောင်းကြောင့် မရေးဖြစ်ခဲ့ရာက ခု ၂၀၁၂ ကျမှပြန်ရေး ဖြစ်တော့ ဒီအကြောင်းကို ခုမှ ဘဲရေးရတယ်ဆိုပါတော့ တကယ် ကတော့ ရေးခြင်နေတာ အများကိုသိစေခြင်တာကကြာပါပြီ ဘယ် စာစောင် ဘယ်မဂ္ဂဇင်းမှာမှလည်းစာရေးတဲ့သူမဟုတ်လို့ ဘလော့မှာရေးတယ်ဆိုပါတော့ဗျာ ဒီ မှာရေးတော့ကော အများကသိမလား ဒါလည်းမသေခြာပါဘူး ကိုယ့်ဘလော့ကဘယ်သူမှတောင်မ သိသေး ဒါပေမဲ့တစ် ချိန်ချိန်မှာ အများသိမယ်လို့ တော့မျှော်လင့်မိပါ တယ်

လက်ကမရေးဖြစ်ပေမဲ့လည်း နီးစပ်ရာသူငယ်ချင်းမိတ်ဆွေရင်းနှီး သူတွေတော်တော်များများ ကိုတော့ စကားအဖြစ်အကြိမ်ပေါင်းမြောက်များစွာ ဂုဏ်ယူပြီးတော့ပြောပြဖြစ်ခဲ့ ပါတယ်ပြောရတာကလည်း တကယ့် ကို လေးစားလွန်းလို့ပါ ပြောရရင် ဒီဗိုလ်မှူးနံမယ်ကိုလည်းမသိပါ ဘယ်တပ်ကဆိုတာလည်းမသိပါ အဲဒီ အချိန် က ဆိုတော့ တပ်မ ၂၂ ကများ လားလို့ထင်မိပါတယ် မှားရင်လည်းမှားနိုင်ပါတယ်
 
အချိန်ကတော့ ၈၈ အရေးအခင်းကာလပါဘဲ ရက်စွဲအတိအကျပြောရရင်တော့ ၁၉၈၈ ခုနှစ် သြဂုတ်လ ၀၉ ရက်နေ့ပါ နေရာကအနော်ရထာလမ်းနဲ့ ၃၃ လမ်းထောင့် အချိန်ကမနက် ၀၉း၃၀~၁၀း၀၀ နာရီလောက် မှာပါ အဲဒီနေ့ဟာ ရှစ်လေးလုံးဒုတိယနေ့ပေါ့

အဲဒီနေ့တပ်မတော်ယာဉ်တန်းတစ်ခုက ၃၂ လမ်းထိပ် အနော်ရထာလမ်းမပေါ်မှာ ၃၃လမ်းဘက်ကိုမျက်နှာ မူပြီး နေရာယူထားပါတယ် ဒီဘက် ၃၃လမ်းထိပ် အနော်ရထာလမ်းမပေါ်မှာကလူထုပေါ့ လူထုကတော့ ၃၂ လမ်းဘက်မျက်နှာမူပြီးအော်စုရုံးစုရုံးအော်ကြဟစ်ကြနဲ့ပေါ့ မျက်နှာခြင်းဆိုင်ဆိုပါတော့ဗျာ အဲသိတ်မကြာဘူး ၀ီစီမှုတ်သံ ကြားရပြီး စစ်ကားတွေက ရှေ့မီးကြီးတွေဖွင့်လိုက်ပါတယ် လူတွေလည်းပိုလှုပ်လှုပ်ရှားရှား ဖြစ်ကုန် ကြတယ်လေ ခနလေး ကြာတော့ မော်တော်ကားဟွန်းတွေတီး ဆူးလေးဘုရားလမ်းကို ဖြတ် ပြီး အော်ဟစ်ဆန္ဒပြ နေတဲ့လူအုပ်ကြီးရှိရာ ၃၃ လမ်းဘက်ကိုမောင်းလာပါလေရော လူတွေလည်း ဒီဘက် ကို လာကုန်ပြီ လာကုန်ပြီ ဆိုပြီးနီးစပ်ရာလမ်းသွယ်တွေထဲ သူ့ထက်ငါဝင်ပြေးကြတာပေါ့သေ နပ်သံလည်း ကြားလိုက်ရပါတယ်

ရုတ်ရုတ်သဲသဲတွေဖြစ်တော့ ကိုယ်တိုင်လဲပြေးဟယ်လွှားဟယ်နဲ့ ၃၃ လမ်းအပေါ်ဘလောက်အနော်ရထာ လမ်း ထိပ်ဖက်နီးတဲ့ကအိမ်တစ်အိမ်ရဲ့ လှေခါးအိမ် တစ်ခုထဲရောက်သွားတယ်ဆိုပါတော့ အပေါ်ထပ်အိမ် ရှင်ကတခါးကို ပိတ်ထားလေတော့လှေခါးအိမ် ထဲမှာဘဲလူဆယ့်လေးငါးယောက်လောက်ပိတ် မိနေတယ်လေ ဒီမှာတင်ရဲဘော် တစ်ယောက်ကပြေးလာပြီးလှေခါးထဲ ကလူတွေအား လုံးထွက်ခဲ့ ဆိုပြီးပြောတာနဲ့ လှေခါးအိမ်ထဲကထွက်လိုက်တော့ ၃၃လမ်းအပေါ်ဘလောက် အနော်ရထာလမ်းဖက်ထိပ် မတော့စစ်ကားတစ်စီး ကဖင်နောက်ဆုတ်ထိုးပြီးရပ်ထားတယ်ဗျ လမ်းပေါ်မတော့စစ်သားတွေပေါ့နောက်ပြီး ဖိနပ်တွေ အမျိုးမျိုး ကတ္တီပါဖိနပ် ရော်ဘာဖိနပ်အစုံပါဘဲ အရောင်ကတွေကလည်းအစုံ သဲကြိုးတွေ ကပြုတ်နေတာတွေကော ပြတ်နေတာတွကော အစုံပေါ့ဗျာတော်တော်များများကတော့ သူ့အစုံလိုက်မ ဟုတ်တစ်ဖက် တစ်နေရာစီ တောင်တစ်ဖက်မြောက်တစ်ဖက် ဆိုပါတော့လူတွေအတော်များများ ကတော့ လမ်းဘေးမြောင်းပေါ်မှာ မြောင်းထဲမှာ နီးစပ်ရာလှေခါးအိမ်တွေ ထဲမှာအော်နေတဲ့ အသံတွေကလည်း စုံသမှစုံ ညီလေးရေ အစ်ကိုကြီရေ မိန်းမရေ ယောကျာင်္းရေ သ္မီးရေ သားရေ ဘယ်မှာလဲ ဒီမှာ မထနဲ့အုန်း စတဲ့ အော်သံတွေ ငိုသံတွေ ညည်းသံတွေ စုံသမှစုံပေါ့ခုမှသာအေးအေးဆေးဆေး ပြန်တွေး ရေးနေတာ အဲတုန်းကတော့ ရင်တုန်ပန်းတုန်ကြောက်ဒူးတောင် တုန်ပါရဲ့

အဲဒီတုန်းကတာဝန်ယူထားတာ တပ်စုလား တပ်စိပ်လား တပ်ခွဲလားတော့မသိ ဗိုလ်ကြီးအဆင့်တော့မမြင်မိ တပ်ကြပ် ရဲဘော်တွေတော့တွေ့မိသားပါ အဲသည်လိုရုတ်ရုတ်သဲသဲဖြစ်နေချိန်မှာ ခေါင်းဆောင်ခေါင်းရွက် တာဝန်ယူနေရသူကတော့ အထက်ကပြောတဲ့ဗိုလ်မှူးပေါ့

ရဲဘော်ကလှေခါးအိမ်ကထွက်ခိုင်းလို့ လှေခါးအိမ်ကဆင်းပြီးအခြေအနေကိုကြည့်ရင်း အဲဒီနားကပိတ်ထား တဲ့ဆိုင်တစ်ဆိုင်ရဲ့ဘာဂျာတံခါးရှေ့မှာ အသာထိုင်ချလိုက်ပါတယ် ကံမကောင်းခြင်တော့ ဘာဂျာတံခါးက ဘာနဲ့ညိတယ် မသိပါဘူး ပုဆိုးကပြဲသွားပါလေရော အသံကဗျိဗျိ နဲ့တော်တော်ရှည်ရှည်ကြားလိုက်ရတော့ ပုဆိုးတော့တော်တော်ပြဲသွားပြီပေါ့ 

ထိုင်နေတဲ့အနီးအနားတ၀ိုက်မှာက စစ်သားတွေနဲ့ပြေးတဲ့လွှားတဲ့သူတွေ နီးနီးကပ်ကပ်ရှူပ်ထွေးနေတာရယ် ကိုယ့်ရှေ့မှာကလည်းဘာအကာအကွယ် မှမရှိလေတော့ တစ်ယောက် ယောက်ကများ စစ်သားတွေဝင် လုံးလို့ ပစ်လားခတ်လား ဆိုရင်အန္တရယ်ရှိ တယ်တွေးမိပြီးနေရာပြောင်းဖို့ကြည့်လိုက်တော့ ခေါက်ဆွဲသုပ် မုန့်ဟင်းခါးစတာတွေ ရောင်းတဲ့ခုံ ထောင်ထားတဲ့နောက်မှာ အမျိုးသ္မိးငယ်တစ်ယောက် ကာဘာယူပြီး ထိုင်နေတာတွေ့ တော့  နောက်ကပုဆိုး ကွဲနေတာကိုမကြည့်အားဘဲ သူ့အနားကိုအသာထသွားပြီး ထိုင်လိုက်ပါတယ် ဒီတော့အဲဒီအမျိုးသ္မီးငယ်က " အောင်မလေး တဲ့ ယောကျာင်္းတန် မဲ့ ကြီးနဲ့ ကြောက် တတ် လိုက်တာ” ဆိုပြီးပြောတာခံခဲ့ရပါတယ် အဲလိုပြောလို့  ရှက်လဲ မရှက် စိတ်လဲမဆိုးမိခဲ့ပါဘူး တကယ် လည်း ကြောက်ခဲ့တာကိုး


အဲဒီအချိန်မှာဘဲ ဗိုလ်မှူးဖြစ်သူက ထိုင်နေတဲ့ရှေ့နားလောက်ရောက်လာပြီး ဘာပြောလိုက်လဲဆိုတော့“ အခြေအနေတွေ အရမ်းရှူပ်ထွေးနေပါတယ် ပြန်ကြပါဗျာ” ဆိုပြီးအော်ပြောနေတာကိုကြားလိုက် မြင်လိုက်ရ တာပါဘဲ ဗိုလ်မှူးဖြစ်သူကိုကြည့်လိုက်တော့ တာဝန်အရဆောင်ရွက်နေရတာကတစ်ပိုင်း အများပြည်သူကို အထိအခိုက်များကုန်မှာကိုစိုးရိမ်နေတာကတစ်ပိုင်းနဲ့ တော်တော်ခက်ခက် ခဲခဲဆောင် ၇ွက်နေ တာကိုမြင်နေရပါ တယ်

အဲဒီလိုပြောပြီးတာဝန်ကိုအကောင်းဆုံးထမ်းဆောင်သွားလို့ ဗိုလ်မှူးကို အတော့ကိုလေးစာသွားပါတယ် ဒါဟာ အရေးအခင်းကာလကဖြစ်ပျက်သွားခဲ့တဲ့ သာမာန်အဖြစ်အပျက်တခုလို့ ဆိုရင်ရပေမဲ့ ပြည်သူတစ် ယောက် အနေနဲ့ ၂၄ နှစ်ကြာခဲ့ပေမဲ့လည်း ခုချိန်ထိမှတ်မိနေဆဲ သတိရနေဆဲပါ အဲဒီစကားဟာ သူပြောခဲ့တာ အတိအကျပါ ပြောခဲ့တဲ့သူတောင်မှတ်မိမယ်မထင်ပါဘူး အဲဒီစကားဟာ “ ငေါက်တာမဟုတ်ဘူး”   “ဟောက်တာ မဟုတ်ဘူး” “အမိန့်ပေးတာ” မဟုတ်ပါဘူး ဒါ့အပြင်  “အတင်းအကြပ်မလုပ်ဘူး”  “ပရမ်းပတာမလုပ်ဘူး”  ပြည်သူကို “တောင်းပန်ပြီး” တာဝန်ကို အကောင်းဆုံး ထမ်းဆောင်သွားခဲ့တာပါ 

ခုချိန်မှာနိုင်ငံတော်တာဝန်ကိုထမ်း ဆောင်နေဆဲဆိုရင်လည်း တိုင်းပြည်နဲ့ပြည်သူအတွက် အကောင်းဆုံး ထမ်း ဆောင်နေလိမ့်မယ်လို့လဲမျှော်လင့်ပါတယ် 

"လေးစားရပါသော ၈၈ ဗိုလ်မှူးတစ်ယောက်" ကို ပြည်သူတစ်ယောက်အနေနဲ့ဒီစာနဲ့ဂုဏ်ပြုလိုက်ပါတယ်

လေးစားထိုက်သူကိုလေးစား ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုကြရမယ်မဟုတ်လားဗျာ