"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Saturday, August 27, 2016

" ဘိုကိုဟာရမ် " အချစ်ဦး မေ့မရဘူးကွယ် ကျွန်မရှင့်ကိုလွမ်းတယ် "

" ဘိုကိုဟာရမ်" အချစ်ဦး
မေ့မရဘူးကွယ်  ကျွန်မရှင့်ကိုလွမ်းတယ် 

ဓါတ်ပုံ-အင်တာနက်

ဘိုကိုဟာရမ် စစ်သွေးကြွ
အနောက်ကပညာရေးကိုဆန့်ကျင်
အမျိုးသ္မီးမှန်ရင် ပညာသင်ရန်မလို
ကြင်ယာကိုသာအလုပ်အကျွေးပြုရမတဲ့။

ဘိုကိုဟာရမ်စစ်သွေးကြွ
ကျွန်မတို့ ကျောင်းသူတစ်သိုက်ကို
အဓမ္မသိမ်းပိုက်သွားခဲ့
မိုက်လှတဲ့သူတွေ
ကမ္ဘာမကြေနိုင်ဘူး။

 ရက်တွေလကြာ
နှစ် နှစ်တာဆိုတဲ့ ကာလမှာတော့
မေတ္တာတွေဝေလို့
နှလုံးသားအရည်ပျော်ခဲ့ 
သူနဲ့ကျွန်မရင်သွေး
ချစ်စရာသ္မီးလေးရခဲ့ပါပြီ။

ကံကြမ္မာမျက်နှာသာပေးလို့
အဝေးကအိမ်ကိုပြန်
ဘ၀နေရာမှန်ပြန်စပေမဲ့
မေ့မရတဲ့ဒါဏ်ရာ
ရင်မှာကျန်ခဲ့ပြီ။

လေးလအရွယ်သ္မီး
ညည်းအဖေ ဘိုကိုဟာရမ်
ရာဇ၀င်တွင်ကျန်မဲ့လူဆိုး
နိုင်ငံတကာလက်ညှိုးထိုးနေလည်း
အမေ့အသဲမှာစွဲထင်
ကိုယ့်သခင်လင်သားမို့
မေ့မထားနိုင်ဘူးကွယ်။

အများလက်မခံ
တပူပူ တညံညံ
ဘယ်လိုအသံတွေ ရှိနေပါစေ
သ္မီးရဲ့အဖေ 
ဘိုကိုဟာရမ် အချစ်ဦး
မေ့မရဘူးကွယ် ကျွန်မရှင့်ကိုလွမ်းတယ်။

Amina Ali









Sunday, August 21, 2016

" ကျွန်တော် အိုမရမ် (OMRAM) ဘယ်တော့သေမှာလဲ "

" ကျွန်တော် အိုမရမ် (OMRAM) ဘယ်တော့သေမှာလဲ "

ဓါတ်ပုံး အင်တာနက်

ကျွန်တော့်နာမယ် အိုမရမ် နေတာကတော့ ကမ္ဘာကအာရုံစိုက်တာခံနေရတဲ့ Allepo မြို့ပေါ့ဗျာ Allepo မြို့ဆိုတာကတော့ ဆီးရီးယားရဲ့ အကြီဆုံးးမြို့လို့ပြောလို့ရပါတယ်။ ဒီမြို့မှာရှိတဲ့လူဦးရေကတော့ ဆီးရီးယား တစ် နိုင်ငံလုံးမှာရှိတဲ့လူဦးရေရဲ့ ၂၃% တောင်ရှိတယ်ဗျ။

ကျွန်တော်တို့နိုင်ငံရဲ့အိမ်နီးခြင်းတွေကတော့ သိကြတဲ့အတိုင်း အရှေ့ဘက်မှာက အီဂျစ် မြောက်ဘက်မှာကတော့တူရကီ အနောက်မှာက လက်ဘနွန်နဲ့ တောင်ဘက်မှာကျတော့ ဂျေ်ဒန်တို့အစ္စရေးတို့ရှိတယ်ဗျာ အားလုံးကတော့သိကြတဲ့အတိုင်း ပဋိပက္ခအများဆုံးဖြစ်နေတဲ့နိုင်ငံတွေပေါ့ အခြင်းခြင်းဖြစ်ရင်ဖြစ်   မဟုတ်ရင်ပါတ်ဝန်းကျင်နဲ့ ဖြစ်နေကြတာချည်းပါဘဲ။

ကျွန်တော့မှာမွေးခြင်း ၃ ယောက်ရှိတယ်ဗျ  ၁ နှစ် ၆ နှစ် နဲ့ ၁၁ နှစ်အ၇ွယ်တွေပါ ကျွန်တော်ကတော့ ၅ နှစ် ပြီးတော့မှ ကျွန်တော့ ဖေဖေ နဲ့မေမေပေါဗျာ။ ကျွန်တော့ကို ၂၀၁၁ မှာမွေးတယ်ဆိုတော့ တချို့ကကျွန်တော့ကို ဂြိုလ်ကောင်လေးလို့တောင်ပြောမယ်ထင်တယ်ဗျာ အဲဒီနှစ်ထဲမှာဘဲ ကွှန်တော်တို့ဆီးရီးယားမှာမငြိမ်မသက်တွေဆန္ဒပြတာတွေစဖြစ်တယ် ပြောရရင်တော့ ကျွန်တော်ဘာမှနဲ့မဆိုင်ပါဘူးဗျာသူဖါသာ ဖြစ်ဖြင်လို့ ဖြစ်တာနေမှာပါ။

လူကြီးတွေကတော့ ၂၀၁၀ ဒီဇင်ဘာ ၁၇  တူနီးရှားက မိုဟာမက်ဘွာဇီဇီဆိုတဲ့သူဟာ ဆင်းရဲလွန်းလို့ လမ်း ဘေးသစ်သီးရောင်းစားတာကို လာဘ်လည်းယူသေး မကြာခဏအနှောက်အယှက်ပေး ပစ္စည်းတွေသိမ်းကြတဲ့ တူနီးရှား မြူနီစီပါယ်ကိုမကြေနပ်လို့ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြတာကနေ ကျွန်တော်တို့အာရပ်ကမ္ဘာတစ်ခုလုံးကူးစက်ရာက ၂၀၁၁ ဇန္န၀ါရိလလောက်မှာဆီးရီယားပါ ပါလာတာလို့ပြောကြပါတယ်။ ဒါကြောင့်လည်း ၂၀၁၁ မှာမွေးတဲ့ကျွန်တော့ကို ဂြိုလ်ကောင်လေးလို့များပြောကြမလားဆိုပြီးတွေးမိတာပါ။

အဲဒီအာရပ်ကမ္ဘာအရေးကို Arab Spring လို့ဆိုပြီးမီဒီယာတွေမှာရေးကြတယ်ဗျ အဲဒီ Arab Spring ဆိုတာကြီးကို စပြီးသုံးတာကတော့ Foreign Policy Magazine က Marc Lynch ဆိုဘဲဟုတ်မဟုတ် တော့သိပါဘူးဗျာ။ Spring ဆိုတာ ဒီArab Spring မတိုင်ခင်ကတည်းက တစ်ခြား springတွေရှိသေးတယ်ဆိုဘဲ ၁၉၆၈ မှာ ချက်နိုင်ငံက Prague Spring တဲ့ တရုပ်ပြည်ကနိုင်ငံရေးဖြေလျှော့ပေးတဲ့ Beijing Spring တဲ့ ယူဂိုဆလားဗီးယာ:က ခရိုအေးရှားခွဲထွက်တော့ Croatian Spring တဲ့ ထားတော့။ 

ဆီးရီးယား ပဋိပက္ခကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပါဘဲ  လက်ရှိသမ္မတ ဘာရှား အယ်လ် အာဆာဒ်  ပြုတ်ကျရေးပေါ့  ပြောရရင် ဘာရှား အယ်လ် အာဆာဒ် ဆီးရီယားသမ္မတဖြစ်လာတာဟာ စိုင်ကော်လို့ခြုံပေါ် ရောက်တယ်ပြောရမလား ဘုန်းကံပါလို့ လို့ပြောရမလား ဘာပြောရမှန်းတောင်မသိပါဘူးဗျာ သူ့အရင် ဆီးရီးယားသမ္မတဖြစ်တဲ့ သူ့အဖေ  ဘရှယ်အယ်လ်အာဆဒ် မသေမီက ပထမက သူ့အစ်ကိုကို သမ္မတပေးဖို့လျာထားခဲ့ပေမဲ့ မမျှော်လင့်ဘဲမော်တော်ယာဉ်တိုက်မှုမှာ အစ်ကိုဖြစ်သူဆုံးပါးသွားတာကြောင့် သူအဖေဆုံးတော့ သူ သမ္မတဖြစ်လာခဲ့တာပါ။ သေခြာတာတစ်ခုကတော့ သမ္မတရွေးကောက်ပွဲမှာပြိုင်ဖက်မရှိဘဲ ထောက်ခံ ကန့်ကွက်ဆိုတာဘဲလုပ်ပြီးမဲပေးခိုင်းတာကြောင့် မဲ၉၀% ကော်ျနဲ့သမ္မတဖြစ်လာတယ်လို့လူကြီးတွေကပြော နေကြလေရဲ့။

အာရပ်နွေဦးကနေဆီးရီးယားပါကူးလာတော့ ကျွန်တော်တို့သမ္မတကြီးက သူ့ကိုဆင်းပေးဖို့တောင်းဆိုကြတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲခြင်တဲ့သူတွေကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်တော့တာပေါဗျာ ဒါနဲ့ပဲကျွန်တော်တို့ ဆီးဆီးရီးယားမှာ စစ်ပွဲတွေဖြစ်လာတော့တာပါဘဲ လူတွေထောင်ပါင်းများစွာသေကြေပျက်စီးကြရတာပါ ၂၀၁၁ ခုနှစ်အတွင်းမှာဘဲ လူပေါင်း ၅၀၀၀ ကော်ျလောက်သေတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်တဲ့။


ဒီတော့ကာ ၂၀၁၁ မှာမွေးလာတဲ့နေ့ကနေ ဒီကနေ့အထိ သေနပ်သံ ဗုံးသံမကြားရတဲ့နေ့မရှိလောက်အောင်ပါဘဲ ကျည်ဆံတွေ ဗုံးတွေကြားမှာ ၅ နှစ်တိုင်အောင်အသက်ရှင်နေတာကိုဘဲ ကျေးဇူးတင်နေရမှာပါ။


ပြီးခဲ့တဲ့အပါတ် ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့မတော့ အုန်းဆိုတဲ့အသံကြီးနဲ့အတူ ကျွန်တော်တို့နေတဲ့ တိုက်တန်းလျှားလည်း တဝေါဝေါ ပြိုကျ ဖုန်မှုန့်တွေကတထောင်းထောင်း လူအော်သံတွေပွက်ပွက်ညံပြီး ကမ္ဘာပျက်သွားပါတော့တယ် ကျွန်တော်လည်း ဘာဖြစ်မှန်းကိုမသိလိုက်တဲ့အပြင် ဘာဆိုဘာမှမမြင်ရတော့ပါဘူး မီးခိုးတွေ ဖုန်တွေနဲ့မှောင်နေတဲ့ အပျက်အစီးပုံကြားမှာတစ်ယောက်တည်း ကျွန်တော်ဘာလုပ်ရမှာလဲ ဘယ်ကိုသွားရမလဲ ကျွန်တော့အတွေးထဲမှာ ဘာမှမရှိ ဘာမှမသိ ဟာလာ ဟင်းလင်း ဖြစ်နေပါတယ်။


၄၅ မိနစ်လောက်ကြာတော့မှ မီးရောင်လက်လက်တွေရပြီးနောက် လူတစ်ယောက်က ကျွန်တော့ကိုအဆောက်အဦးအပြိုအပျက်ကြားကနေ ဆွဲထုတ်သွားပြီး အင်္ကျီအ၀ါဝတ်ထားတဲ့လူကြီးကိုလက်ဆင့်ကမ်းပေးလိုက်ပါတယ် အဲဒီလူကြီးကကျွန်တော့ကိုပွေ့ချီသွားပြီး  ကားတစ်စီးပေါ်က ခုံအ၀ါလေးပေါ်တင်ထားပေးပါတယ် ကျွန်တော့ကိုပွေချီသွားတုန်း မြင်လိုက်ရတာကတော့ ကျွန်တော်တို့နေတဲ့ တိုက်တန်းလျှားဟာ အပုံလိုက် ပြိုပြီး အမှိုက်ပုံကြီးလိုဖြစ်နေတော့တာပါ ဒီတော့မှဘဲ ကျွန်တော်တို့နေတဲ့နေရာ ဗုံးထိတာကိုးဆိုပြီးသိလိုက်ရပါတယ်   တစ်ခြာ;အဆောက်အဦတွေ ဗုံးထိထားတာမြင်ဘူးနေတာကိုး။


ကျွန်တော်ကားပေါ်မှာခုံမှာထိုင်နေတော့ လူတွေက ကျွန်တော့ကို ဓါတ်ပုံတွေ တဖြတ်ဖြတ်နဲ့ရိုက်ကြပါတယ် ဘာကြောင်ဒီလောက်တောင်ဓါတ်ပုံတွေရိုက်မှန်းစဉ်းစားလို့ကိုမရပါဘူး အဲဒီအချိန်မှာကျွန်တော့ဘယ်ဘက်မျက်စေ့နဲ့မျက်ခွံအပေါ်ဘက်မှာ စေးကပ်ကပ် စပ်ဖျဉ်းဖျဉ်း ရှိတာမို့ လက်နဲ့ပွတ်ကြည့်တော့ သွေးတွေပေနေ တာတွေ့ရလို့ ထိုင်တဲ့ခုံနဲ့ဘဲသုတ်ပစ်လိုက်ပါတယ်။


ကျွန်တော်စဉ်းစားပါတယ် ဘာလို့များဒီလိုတွေဖြစ်နေကြတာလဲပေါ့ လူကြီးတွေပြောနေကြတာတော့နှစ်ဖက် တိုက်နေကြတာက ကျွန်တော်တို့လူမျိုး အခြင်းခြင်းတွေပါ ဘာလို့သေနပ်တွေပစ် ဗုံးတွေကြဲပြီး အသေသတ် နေကြတာလဲဆိုတာ စဉ်းစားလို့ကိုမရပါဘူးဗျာ လူကြီးတွေပြောသံကြားတာကတော့ အခြင်းခြင်းမတည့်ကြလို့ လို့ပြောတာဘဲ   ဒီလောက်အထိ စစ်အရှိန်ကြီးလာပြီး မပြီးနိုင်တာကတော့ တစ်ခြားနိုင်ငံက လူတွေ ပါနေ ကြလို့တဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေကို ထောက်ခံတဲ့အမေရိကန် နဲ့ အစိုးရကိုထောက်ခံတဲ့ရှရှား အပြင် အိမ်နီးခြင်းနိုင်ငံအချို့ပါကြတယ်လို့ပြောတာဘဲ   အမေရိကန်နဲ့ရုရှားဆိုရင် ဟိုးအဝေးကြီးမှာနေတဲ့သူတွေတဲ့ သူတို့တွေဘာကိုလိုခြင်လို့များ ကျွန်တော်တို့ဆီကိုလာပြီးပါတ်သက်နေတာလည်း ဆိုတာ မကြာမကြာတွေးမိပါတယ်။ ကျွန်တော်သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာဘာမှရှိတာ မမြင်ပါဘူးဗျာ အားလုံးအပြို အပျက် တွေချည်းပါဘဲ လူတွေဆိုလည်း ဟိုပြေးဒီပုန်း စားစရာကလည်းမရှိ  ဒါနဲများ ဒီကိုလာပါတ်သက်နေကြတာ အံ့သြစရပါတိုက်ခြင်ရင်သူတို့ခြင်းတခြားနေရာသွားတိုက်ကြပေါ့ ကျွန်တော်တို့ အစိုးရကလည်းမကောင်းဘူးတဲ့ ခုသမ္မတရဲ့အဖေလက်ထက်ကတည်းကဘဲ အာဏာရှင်ဆန်ဆန် ပြည်သူတွေကိုအ တော်လေနှိပ်ကွပ်တယ်ဆိုဘဲ။ 



ခုံအ၀ါလေးမှာထိုင်နေရင်းကမှ မိသားစုကိုသွားသတိရတယ် သူတို့ဘယ်မှာလဲပေါ့ ကွန်တော့အမေအဖေနဲ့ညီအကိုတွေဆီ သွားခြင်တယ် ဘယ်လိုလုပ်ရမှန်း မသိဘူး ကျွန်တော်စကားလည်း မပြောခြင်ဘူး ငိုတော့ငိုခြင်တယ် ငိုလို့လည်းမရဘူး လူတွေကလည်း ဓါတ်ပုံတွေဘဲ ရိုက်နေတာဘဲ  ကျွန်တော့အဖေ အမေတွေဆီတော့ခေါ်မသွားကြဘူး အလုပ်မဟုတ်တာလုပ်နေကြတယ် ဓါတ်ပုံကဘယ်တော့ရိုက်ရိုက် ရတာဘဲဗျာ။


ဆီးရီးယားက အိုမရမ်ဆိုတဲ့ကောင်းလေးကို အရင်ကဆိုဘယ်သူကသိမှာလည်းဗျာ ကျွန်တော့မိသားစု နဲ့သူငယ်ချင်းတချို့လောက်ဘဲ သိတာပါ ခုတော့ဓါတ်ပုံဆရာတွေရဲ့ကျေးဇူးကြောင့်ပြောရမယ်ထင်ရဲ့ ကျွန်တော့ရဲ့ဖုန်အလိမ်းလိမ်း သွေးအလူးလူးနဲ့ပုံတွေတကမ္ဘာလုံးပြန်ပြီး အားလုံးသိသွာကြပြီး ဆယ်လီဘရတီကိုဖြစ်လို့ ကံတရားဆိုတာဆန်းသားဘဲ ကံဆိုးခြင်တော့ ကျွန်တော်တို့နေတဲ့တိုက်တန်းလျှားဗုံးထိတယ် ကံကောင်းခြင်တော့ အသက်ကမသေဘူးဗျ ကံဆိုးခြင်တော့ မိဘတွေနဲ့ကွဲရတယ် ကံကောင်းခြင်တော့မိသားစုအားလုံးအသက်ရှင်တယ်ဆိုလို့ ကျွန်တော်ဝမ်းသာပေမဲ့ သေသွားတဲ့သူတွေအတွက်ကတော့စိတ်မကောင်းပါဘူးဗျာ ကျွန်တော်တို့မြို့မှာ ဒီလိုဘဲ ဘာအပြစ်မှမရှိပါဘဲ နေ့မြင်ညပျောက်နဲ့ဆုံးပါသွားရတဲ့သူတွေ မနည်း တော့ပါဘူးဗျာ။


ကံကောင်းခြင်တော့မိသားစုအားလုံးအသက်ရှင်တယ်ဆိုလို့ ကျွန်တော်ဝမ်းသာရတာ ၃ ရက်တောင်မခံပါဘူး ကျွန်တော့အစ်ကိုသေပြီတဲ့ ကျွန်တော်ငိုခြင်တယ်ဗျာ အော်ပြီးငိုပစ်လိုက်ခြင်ပါတယ် ကျွန်တော့အစ်ကို သေရတာဘယ်သူ့ကြောင့်လဲ ပြောရရင်တော့ ကျွန်တော်တို့မြို့ အဲလက်ပိုဆိုတဲ့ဒေသက အစိုးရကိုအတိုက်အခံလုပ်နေတဲ့ အင်းအားစုတွေ ထိန်းသိမ်းထားတဲ့ နယ်မြေဆိုတော့ အစိုးရကဘဲ ဗုံးကြဲတာဖြစ်မှာပါ သူတို့ကဒီတော်လှန် ရေးအင်းအားစုကိုအမြစ်ပြတ်ရှင်းခြင်နေတာလေ ဒီတော့ကျွန်တော့အစ်ကိုသေရတာ ဆီးရီးယားစစ်တပ်ကြောင့်ပေါ့ ဘာမှအပြစ်မရှိတဲ့ ကျွန်တော့အစ်ကိုလိုလူတွေ ဘယ်လောက်များသေကုန်ကြပြီလဲ ကျွန်တော် ရောကျွန်တော့အစ်ကိုလို ဘယ်တော့သေမှာလဲ။

" ကျွန်တော် အိုမရမ် (OMRAM) ဘယ်တော့သေမှာလဲ "


















Tuesday, August 16, 2016

၂၁ ရာစုပင်လုံ သို့

"၂၁ ရာစုပင်လုံ သို့ "




ပင်လုံစိတ်ဓါတ်ဆိုတာ
အာဏာကိုမျှ 
အရင်းအမြစ်တွေ ဝေကြဖို့လား

တို့ပြည်သူဆိုတာ
အာဏာလည်း မမက်
အရင်းအမြစ်တွေကိုလည်း မဖက်တွယ်
"၇" ပြည်နယ်လည်း စိတ်မ၀င်စား
လူမျိုးအခြေခံဆိုတာလည်း နားမလည်
ပထ၀ီအခြေခံတာလည်း မသိဘူး

တို့သိခြင်တာက
ရတဲ့လုပ်ခနဲ့ ၀၀စားလို့ရမလား
သန်သန့် ၀တ်လို့ရမလား
သားသ္မီးတွေ ကျောင်းထားလို့ရမလား
ကျောချစရာ နေရာရမလား
မကျန်းမာရင် ဆေးကုနိုင်မလား

ဒါ့ပြင်
မိုးတွင်းဆို ရေမလျှံဖို့
နွေမှာဆို ရေမရှားဖို့
တို့မောင်နှစ်မ ဒေသတွေမှာ ငြိမ်းချမ်းဖို့

ဒိထက်ပို ဘာကိုမှ မလိုခြင်ဘူး
ချမ်းသာဖို့လည်းစိတ်ကူး မယဉ်ဘူး
ဆင်းရဲလို့လည်း မငြီးငြူ ခြင်ဘူး

တို့ခြင်းက ချစ်ပြီးသား
ညီပြီးသား
"ဖြူ"လို့မချစ်ဘူးဆိုတာ မရှိသလို
"မဲ" လို့လည်း မမုန်းဘူး
"ညို" လို့လည်း ပိုမချစ်ဘူး

တို့တွေကြားမှာ
"နည်း" ရ  မှာကို မပူသလို
"များ" ရမဲ့သူတွေကို ကြည်ဖြူပြီးသား

ဒီတော့
"မင်း" တို့ခြင်း
အုပ်ချုပ်တဲ့မင်း
အုပ်ချုပ်မဲ့မင်း
အချင်းချင်း ချစ်ဖို့ ညီဖို့
ဘဲလိုတယ်

ပင်လုံစိတ်ဓါတ် ဘာကိုပြမှာလဲ
အာဏာကိုမျှ 
အရင်းအမြစ်တွေ ဝေကြဖို့လား။














"ေမ" "မေ"

"ေမ"


အနေဝေးလို့ သွေးအေးပြီထင့်
အနာဂါတ်ကိုမျှော် မပျော်တော့ဘူး "မေ"

အနေဝေးလို့ စိမ်းလေပြီထင့်
အတိတ်ကိုတမ်းတ လွမ်းရမှာလား "မေ"

အနာဂါတ်ကိုမျှော် ပျော်မရလို့
အတိတ်ကိုတမ်းတ လွမ်းမပြခြင်ဘူး

အတိတ်ဒါဏ်ရာ ပစ္စုပ္ပန်မှာကုန်စေ
အနာဂါတ်ကံကြမ္မာ ပစ္စုပ္ပန်မှာမွေးဖွါးစေ

ပျော်ရာမှာနေတဲ့သူနေ
တော်ရာမှာနေတဲ့သူနေ

အနေဝေးနေ ဝေးနေပါစေ "မေ" 

Aug 16, 2016