"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

လူမှုရေး



13-08-31 IRRAWADDY "ဒုစရိုက်လုပ်ငန်းတွေ လွတ်လပ်ရေး ရနေတဲ့မြို့" ကျော်ခ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နေပြည်တော် ဇဗ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ၁၉၄၉ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းခဲ့တဲ့ ပြည့်တန်ဆာ နှိပ်ကွပ်ရေး အက်ဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲသွားဖို့ ရှိ၊ မရှိ လွှတ်တော်မှာ အဆိုတင်တုန်းက ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ကျော်ကျော်ထွန်းက ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးဆိုတဲ့ ဆင်ခြေတွေပေးပြီး ဒီဥပဒေကို ပြင်ဆင်ဖို့ ငြင်းဆန်ခဲ့....."

13-07-12 MAUKKHA "ဘယ်နိုင်ငံမှာ မွေးတဲ့ကလေး ကံအကောင်းဆုံး ဖြစ်မလဲ" ဈေးကွက်ဂျာနယ်
၁၉၈၈ ခုနှစ်၌ မည်သည့်နိုင်ငံတွင် မွေးဖွားလျှင် ကလေး၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်မည်ကို စစ်တမ်း ကောက်ခဲ့စဉ်က အမေရိကန်သည် အကောင်းဆုံးနိုင်ငံများ စာရင်း၏ ထိပ်ဆုံးတွင်...
၂ဝ၁၃ ခုနှစ်အတွင်း စစ်တမ်း ထုတ်ကြည့်ရာတွင်တော့ ဆွစ်ဇာလန်နိုင်ငံတွင် မွေးဖွားသော ကလေးသည် ကံအကောင်းဆုံးဖြစ်မည်ဟု..."

13-06-09 EMG "ရောင်စုံ ဘောလုံးကလေးများ" ခင်မမမျိုး
ရောင်စုံဘောလုံး ကလေးများ သင်ခန်းစာကြောင့် အခုဆိုရင် သားလေးကတော့ အရုပ်အရောင်ပေါင်း များစွာနဲ့ ပေါင်းစပ်ပြီး ကစားတတ် သွားခဲ့ပါပြီ။ ကျွန်မကတော့ ပေါင်းစည်းခြင်းရဲ့ အလှတရားကို မြင်တတ်သွားတဲ့ သားလေးအတွက် ကြည်နူးမိရင်း....."

13-04-25 IRRAWADDY "ဖက်ဆစ်ဖက်ရှင် မြန်မာပြည်မှာ ခေတ်စားနေသည်"
အာဏာရှင်အုပ်ချုပ်ရေး၏ နယ်နမိတ်အစပ်၌သာ ရှိနေသေးသည်ဟု ယူဆရမည့် အခြေအနေတွင် ဖက်ဆစ်ဝါဒကဲ့သို့ အရာရာကို ဆန့်ကျင်လိုသော စိတ်ကူးများက လူငယ်များအပေါ် လွှမ်းမိုးလာနေသည်ကို တွေ့ရခြင်းမှာ....."

13-04-12 DVB "အတာသင်္ကြန် နှစ်သစ်ကူးဆုတောင်း"
ဒယ်အိုးဆရာတော်၊ ဟံသာဝတီဦးဝင်းတင်၊ ဦးထွန်းလွင်(မိုးလေ၀သ)၊ ဦးမင်းကိုနိုင်၊ ဦးဇင်ဝိုင်း(ရုပ်ရှင်)၊ ဦးကိုနီ(တရားလွှတ်တော်ရှေ့နေ)၊ ဦးသိန်းညွန့်(အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ)"

13-04-08 IRRAWADDY "ဘယ်လို သင်္ကြန်လဲ" ဆူးငှက်
"နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး အသက်သွေးပေါင်း များစွာ စတေးခံ၊ မိသားစုဘ၀ပေါင်းများစွာ အဆုံးရှုံးခံ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုပေါင်း သောင်းသိန်းချီ ရင်းနှီးမြှုပ်နှံပြီး ခက်ခက်ခဲခဲရလာတဲ့ လမ်းကြောင်းသစ်ပေါ် အနှောက်အယှက်ပေါင်း များစွာနဲ့ လျှောက်လှမ်းကာစ …၊ သင်္ကြန်ဆိုတဲ့ ၃၊ ၄ ရက်အတွင်း ပဋိပက္ခတွေ ဖိတ်ခေါ် တင်သွင်းစေပြီး တသက်လုံး မွေးလာတဲ့ကြက် တမနက်နဲ့ ရိုက်သတ်စေဦးမှာလား…။ လားပေါင်းများစွာ ပဟေဠိမေးခွန်းတွေနဲ့....."

13-04-10 EMG "သင်္ကြန်၏ ယဉ်ကျေးမှု အနှစ်သာရ" လှမြင့်(ရန်ကုန်တက္ကသိုလ်)
""နှစ်သစ်ကူးတဲ့ တန်ခူးခါမှာ ဒါနက တစ်ဝေေ၀၊ ရေတွေက တရွှဲရွှဲ၊ ပျော်ပွဲက တ၀င့်ဝင့်၊ ကဲလို့သာ ချင့်ရော့၊ အရွယ်သင့်၊ အရွယ်ငယ်မြန်မာတွေ ထယ်လိုက်ကြ၊ သင်္ကြန်ပွဲတော်တွင် သရုပ်ပျက် ယဉ်ကျေးမှုဖြင့် အပျော်လွန်ခဲ့လျှင် ဆိုးကျိုးများနှင့် အန္တရာယ်ကို ရင်ဆိုင်ရတတ်ကြောင်းကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက"ခါသင်္ကြန်နွေကပဲ ရယ်လို့၊ ရေပွဲမှာ အပျော်တွေ စည်မှဖြင့်၊ ကတော်ဒေ၀ီ အရှက်ကွဲအောင်ပ၊ မျက်နှာမည်း၊ မျက်နှာဖြူ၊ ပက်သူတွေကလဲ ပေါပေသမို့...သဘောမဆုံသနဲ့၊ မခံပါချင်လျှင်လဲ မကစားကြပါလေနှင့် ချောဂုဏ်နဲ့နွဲ့ရှာတဲ့၊ စောလုံရဲ့ ပုဂံရာဇ၀င်တရား" ဆိုပြီး ကိုလိုနီခေတ်၏ သရုပ်ပျက် ယဉ်ကျေးမှု ပုံရိပ်ဖြင့် ဤသို့ သတိပေး ဖွဲ့ဆိုလမ်းညွှန်ခဲ့သည်......"

13-02-28 The VOICE WEEKLY "ဆေးလိပ်မတို နေမညိုပါဘဲနဲ့" မောင်သာချို
"ဖခင်ကြီး ကျန်းမာရေးမကောင်းသည့် သတင်းကို ကြားရာက ငွေလည်းမပို့နိုင်၊ လူလည်း မသွားနိုင်လို့၊ အိမ်ထောင်ရေးပြိုကွဲ၍၊ အရက်ဖိုးမပေး၍၊ ဉာဏ်ထိုင်းပြီး စာကျက်၍မရ၍၊ သူငယ်ချင်းများနှင့် ၀ါဆိုပန်းခူးထွက်ရန် ချိန်းထားပြီးကာမှ အိမ်ကမသွားနှင့်ဟုဆိုသဖြင့်၊ လောင်းကစားနွံထဲ၌ ကျွံကျကာအကြွေးပြဿနာကို ဘယ်လိုမှ မရှင်းနိုင်တော့သည့်အတွက်၊ ထီအမျိုးမျိုးထိုးရာက မည်သို့ရှင်းရမှန်းမသိ၍၊ သားအိမ်ကင်ဆာဝေဒနာကို ရင်မဆိုင်လိုတော့၍၊ ဆီးချိုရောဂါကြောင့် ခြေထောက်ကို တစ်စတစ်စ ဖြတ်ပစ်လာရာက..."

13-02-21 The VOICE WEEKLY "အနာဂါတ်ကမျောက်ရှုံးအောင်မဆော့တော့ဘူး" မောင်သာချို
"ကလေးလက်ထဲမှာက Remote Control မျိုးစုံ။ ပြည်တွင်းပြည်ပ၊ လိုင်းပေါင်းစုံကို တစ်ခုပြီးတစ် ခု ပြောင်းကြည့်နေလိုက်၊ အောက်စက်ထဲသို့ အခွေထည့်ကာ ကြည့်နေလိုက်နှင့်..."

13-02-21 The VOICE WEEKLY "မည်သို့ပင်ဆိုစေ" ဟန်ထက်
"သို့သော် ၁၉၈၃ ခုနှစ် နောက်ပိုင်းတွင် စာရေးဆရာမ ဂျူး၏ ပထမဦးဆုံး လုံးချင်းဖြစ်သည့် အမှတ် တရ ဝတ္ထုနှင့် အတူ မြန်မာ့လူမှု နယ်ပယ်တွင် စကားလုံး အသစ်တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ကြားလာ ရခဲ့သည်။ ယင်းမှာ လက်မထပ်ဘဲ အတူနေခြင်း။ Living Together..."

13-02-21 The VOICE WEEKLY "ကထိန် Gangnam Style " မိုးညွန့်လုလင်
"ကထိန် လှည့်လည်လာသော ကားတန်းကြီးကို မြန်မာထဘီနှင့် ရင်ဖုံးနှင့် အကျအန အနောက် နိုင်ငံသူက လမ်းဘေးမှ ဝမ်းပန်းတသာ အားရပါးရ ဓာတ်ပုံရိုက် နေသည်။ ဗုဒ္ဓေါ၊ ဘုရားရေ။ Opa Gangnam Style သီချင်းနဲ့ ကထိန်ခင်း လာတာပါလား..."

No comments: