"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Saturday, March 23, 2013

ဒေါင်းယောင်ဆောင်သောကျီး ဖြစ်မှာစိုးသော အမိမြေကိုမေ့မှာစိုးသော " နော်ဝေးသူ နန်းမွေငင်း"

ဒေါင်းယောင်ဆောင်သောကျီး ဖြစ်မှာစိုးသော အမိမြေကိုမေ့မှာစိုးသော 
   " နော်ဝေးသူ နန်းမွေငင်း"



Monday, March 11, 2013

ပွက်လောရိုက်သံ ဆူဆူညံသွားစေတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း



"ပွက်လောရိုက်သံ ဆူဆူညံသွားစေတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း"

ဒီဥပဒေမူကြမ်းကို ၂၀၁၃ ဖေဖေါ်ဝါရီ (၂၇)ရက်နေ့တွင် နေ့စဉ်ထုတ်သတင်းစာများတွင် ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဟုဆိုကာဖေါ်ပြခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းမထွက်မီ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံ တင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကို နိုင်ငံတော်သမ္မတ က ပြင်ဆင်ဖွဲ့စည်း ခဲ့ပါ တယ်။ အဆိုပါအဖွဲ့မှာ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ အဆင့်မြင့်အရာရှိများ ထပ်မံပါဝင်လို့ ၀ါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၊ မြန်မာသတင်းသမဂ္ဂနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေး၊ မြန်မာဂျာနယ်လစ်ကွန်ရက်၏ အတွင်းရေးမှူး ကိုမြင့်ကျော်၊ Messenger သတင်းဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုသူရအောင်၊ Burma VJ မှ ကိုဘိုဘိုအောင်၊ နိုင်ငံရေးအကျဉ်းဟားဟောင်း တစ်ဦးဖြစ်သည့် ကိုသားကြီး၊ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီ၊  နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်၊ နိုင် ငံရေးဆောင်းပါးများ ရေးသားနေသည့် ဒေါက်တာရန်မျိုးသိမ်း၊ မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်အစရှိသည့် ဂျာနယ်လစ်များအပါအဝင် နယ်ပါယ် အသီးသီးက ပုဂ္ဂိုလ် အများက ဝေဖန်ခဲ့ကြပါတယ်။

တစ်ခါအဆိုပါဥပဒေကို ဖေဖေါ်ဝါရီ (၂၇)ရက်နေ့  နေ့စဉ်ထုတ်သတင်းစာများ တွင် ဖေါ်ပြခဲ့ပြီး နောက်ပိုင်း တွင်လည်း သတင်းမီဒီယာကောင်စီ အပါအ၀င် စာနယ်ဇင်း အဖွဲ့အစည်းအားလုံးနှင့် ဂျာနယ်လစ်များက တညီတညွတ်တည်း ကန့်ကွက်နေတဲ့ ကြားကဘဲ၊ ငါးရက်အကြာ မှာတော့ လွှတ်တော်မှာတင်သွင်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း က (၂၀၁၃-၀၃-၀၄)ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ အသိပေး ပြောကြားခဲ့ ပြန်ပါတယ်။

ဓါတ်ပုံ-RFA မှတ်မှတ်သားသား (၁၃-၀၃-၀၉)
၂၀၁၃ မတ်လ(၀၇) ရက်နေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးမှာတော့ ပြန်ကြားရေး ၀န်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်က “အမျိုးသား အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် လွတ်လပ်စွာပြော ဆိုခွင့် ရေးသားထုတ်ဝေခွင့် တို့ကိုဟန့် တား နှောက်ယှက်ခြင်း လုံးဝမရှိစေဘဲ ပုံနှိပ်သူ ထုတ်ဝေသူများ စာနယ်ဇင်းသမားများ အားလုံး အတွက် လုံခြုံ စိတ်ချ ရမှုနှင့် လုပ်ငန်း လွယ်ကူ အဆင်ပြေစေမှုတို့ကို အဓိကထားပြီး အနာဂါတ် ကာလ စာပေအဆိပ် အတောက် ကင်းစင်စွာ ရှင်သန် ဖွံ့ဖြိုးနိုင်ရေး မျှော်မှန်းချက်ဖြင့် ရေးသားထားတဲ့ ဥပဒေကြမ်းဖြစ်တဲ့ အတွက် လက်ခံ စဉ်းစားပေးနိုင်ပါရန်” ဆိုပြီး ၎င်းရဲ့အဆိုကိုတင်သွင်းသွားခဲ့ပါတယ်။

သတင်းစာမှာဖေါ်ပြပါရှိပြီး ငါးရက်အကြာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌကလွှတ်တော်မှာ တင်သွင်းကြောင်းပြော၊ တစ်ခါ ရှစ်ရက်မြောက်နေ့မှာတော့ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်မှာလက် ခံဆွေးနွေးပေးဖို့အဆိုတင်၊ ဆိုတော့ အများပြည်သူ သိရှိလေ့လာဖို့ဆိုတာက မည်ကာမတ္တလောက် သာဖြစ်သည့်ပြင်၊ နယ်ပယ်အသီးသီးက ကန့်ကွက်နေတဲ့ကြားက ကသုတ်ကရက် တင်သွားတာဟာ ဘာကြောင့်လဲဆိုပြီး ပြည်သူတော်တော် များများ ကပြောဆိုသံ ဝေဖန်သံတွေ ညံနေပါတော့တယ်။

ဒါကြောင့် ဒီဥပဒေသမိုင်းသိရအောင် နောက်ကြောင်းရာဇ၀င်နည်းနည်းလေးပြန်ကြည့်တော့  Eleven Media Grooup (EMG) ၂၀၁၃ မတ်လ ၀၆ ရက်နေ့ အင်တာနက်သတင်းမှာ ပြည့်ပြည့် စုံစုံ တွေ့ရလို့ ကူးယူပြီး ကောက် နှုတ် ဖေါ်ပြလိုက်ပါတယ်။

၁။    ၂၀၁၁ သြဂုတ်လ(၁၁)ရက်နေ့မှာအမြူတေစာနယ်ဇင်းကောင်စီဖွဲ့စည်း၊ ပြန်ကြားရေး ၀န်ကြီးဌာနက ပြုစုရေးဆွဲ လျက် ရှိသော ပုံနှိပ် မီဒီယာ ဥပဒေ(မူကြမ်း)ကို လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းပြီးနောက် ယင်းဥပဒေနှင့်အညီ ဖွဲ့စည်းသည့် မြန် မာနိုင်ငံ စာနယ်ဇင်းကောင်စီအား တာဝန်လွှဲပြောင်းပြီးသည်အထိ တာဝန်ထမ်းဆောင်ရမည်ဟု ကြေညာ။
၂။  အစိုးရမှ ဦးဆောင်ပြီး စာနယ်ဇင်း အမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်နှင့် ပတ်သက်ပြီး စာနယ်ဇင်း မီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့ အသီးသီးက လက်မခံနိုင်ကြောင်း ၀ိုင်းဝန်းကန့်ကွက်။
၃။  တစ်ချိန်တည်းမှာပင် ဂျာနယ်လစ်များ၏ သဘောဆန္ဒကို လျစ်လျူရှုပြီး ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲနေ သော ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို ဂျာနယ်လစ်များမှ လက်မခံဘဲ ၀ိုင်းဝန်းကန့်ကွက်။
၎။   ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ယူ ခဲ့သော ဦးအောင်ကြည်က ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ ပြန်ကြားရေး ၀န်ကြီးဌာနရုံးသို့ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ပြန်လည်ဖွဲ့စည်းရေးနှင့် ပုံနှိပ်မီဒီယာ ဥပဒေမူကြမ်း ရေးဆွဲရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့။
၅။  ပုံနှိပ်မီဒီယာ ဥပဒေကြမ်းကို စာနယ်ဇင်းကောင်စီ(ယာယီ)က ဦးဆောင်ရေးဆွဲပြီး “သုည” မူကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနသို့ ပေးအပ်မည်ဖြစ်ကာ ပြန်ကြားရေး ၀န်ကြီးဌာနက ဥပဒေ ပထမမူကြမ်းကို ရေးဆွဲပြီးနောက် ဥပဒေနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို မီဒီယာနယ်ပယ်မှသူများ၊ ပညာရှင်များဖြင့် ကျယ်ပြန့်စွာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်းပထမ မူကြမ်းကို ပြင်ဆင်သင့်သည် များအား ပြင်ဆင်ဖြည့်စွက်ပြီးနောက် ဒုတိယမူကြမ်းသို့ ရောက်ရှိမှ သမ္မတထံ တင်ပြမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်သော ဂျာနယ်လစ်များက ပြောကြားခဲ့။
၆။      ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အမြုတေစာနယ်ဇင်းကောင်စီကို ဖျက်သိမ်းပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ကို ပြန်လည်ဖွဲ့စည်းခဲ့။ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ သက်တမ်းမှာ မီဒီယာ ဥပဒေ (မူကြမ်း) ကို လွှတ်တော်မှ အတည်ပြု ပြီးနောက် ပေါ်ထွက်လာသော ဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံ တာဝန် လွှဲပြောင်း ပေးချိန်အထိဟု သတ်မှတ်ခဲ့။
၇။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော မီဒီယာကျင့်ဝတ်၊ ပုံနှိပ်နှင့် သတင်းမီဒီယာ ဥပဒေကြမ်းအပေါ် ဂျာနယ်လစ်များ၏ အကြံဥာဏ် တောင်းခံသည့် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံ ဘဏ်များအသင်း အဆောက်အအုံ၌ ပြုလုပ်ခဲ့။

ဒီရာဇ၀င်ကိုကြည့်တော့ ၀န်ကြီးအသစ်နဲ့ ပြောဆိုဆွေးနွေးထားတဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီရဲ့ (ယာယီ) “သုည” မူကြမ်းတွေ၊ ပြန်ကြားရေး ၀န်ကြီးဌာနက ဥပဒေ ပထမမူကြမ်းတွေ၊ ဥပဒေနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွေ လည်းမကြားရ၊  ပြင်ဆင်ဖြည့်စွက်တာတွေလည်းမတွေ့ရ၊ ဒုတိယမူကြမ်းလည်း မထွက်ပါဘဲ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန် အစည်းအဝေးကို ဗြုန်းစားရောက်သွားတာကို တွေရပါတယ်။

ဆရာမောင်ဝံသ-ဓါတ်ပုံ Google Image
ဒီဥပဒေမူကြမ်းသတင်းစာမှာဖေါ်ပြပြီး မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီက စာထုတ်ပြန်ပြီး ကန့်ကွက်ခဲ့တာနဲ့ပါတ်သက်ပြီး စာနယ်ဇင်းကောင်စီက သတင်းစာဆရာမောင်ဝံသကို RFA က (၂၀၁၃-၀၃-၀၁)နေ့ မှာ မေးမြန်းရာမှာ ဆရာမောင်ဝံသက “စာနယ်ဇင်းကောင်စီက ရေးဆွဲတဲ့ဥပဒေကြမ်းနဲ့ ခုထုတ်ပြန်တဲ့ ဒီ ပုံနှိပ်ထုတ်ဝေသူဥပဒေမူကြမ်းနဲ့က အချက်အလက်က ဟို အတော်လေးကို ၀ိရောဓိဖြစ်နေတာတွေ ဆန့်ကျင်နေတာတွေ သွားတွေ့ရတယ် ဒီနှစ်ခုက ကျွန်တော်တို့လည်း နားမ လည်နိုင်အောင် ဖြစ်နေတယ် ဒါဘယ်လိုမှ ပုံနှိပ်ထုတ်ဝေ သူတွေဖက်က သူတို့အနေနဲ့လည်း လက်ခံနိုင်မဲ့အချက်တွေ မဟုတ်ဘူး ကျွန်တော်တို့သတင်းသမားတွေဘက်က မီဒီယာ သမားတွေဘက်ကလည်း လက်မခံနိုင်တဲ့ အချက်တွေ အများဆုံး ပါနေတယ်” အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ဒါကိုကြေညာချက် ထုတ်တာပါ ဆိုပြီးဖြေကြားသွားပါတယ်။

သူရဦးအေးမြင့်-ဓါတ်ပုံ ဧရာဝတီ(၁၃-၀၃-၀၉)
တစ်ခါ (၂၀၁၃-၀၃-၀၉)နေ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက် ဆံရေးကော်မတီ နှင့် သတင်းမီဒီယာ များတွေ့ဆုံ ပွဲတွင် ဥက္ကဌသူရဦးအေးမြင့်က “နိုင်ငံတော် သမ္မ တ ရုံးက မြန်မာစာနယ်ဇင်းကောင်စီ (ယာယီ)ကို ဖွဲ့ စည်းပြီး မီဒီယာ ဥပဒေ ကြမ်း ရေးဆွဲခိုင်း ထားချိန်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော် သို့တင်ပြလာသည့်အတွက် အထူး အံ့သြမိကြောင်းပြောကြားသွာတယ်” လို့ ဧရာဝတီ သတင်းကဆိုပါတယ်။

သာမာန်ပြည်သူတစ်ယောက်အနေနဲ ပြောရရင် ရှာဖွေဖတ်ရှု မှတ်သားရသလောက် မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီရဲ့ (ယာယီ) “သုည” မူကြမ်းတင်/မတင်၊ ပြန်ကြားရေးဝန်ကြီးဌာနက ဥပဒေပထမ မူကြမ်း ထွက်/မထွက် မသိပါ၊ သိတာကတော့ (၂၇-၀၂-၂၀၁၃) သတင်းစာပါမူကြမ်း ထွက်တာဘဲ သိပါတယ်။

ပြည်သူတွေအများစုအနေနဲ့က မူကြမ်းထဲက ကောင်းတာ ဆိုးတာတွေကို တိတိပပ၊ ဂဃနဏ၊ မသိနိုင် ကြပါဘူး၊ ဒီဥပဒေနဲ့ ပါတ်သက်ဆက်နွယ်နေသူတွေ ဥပဒေပညာရှင်တွေ အုပ်ချုပ်သူတွေကသာ ဘယ်သူ အတွက်တော့ ဖြင့်ကောင်းတယ် ဘယ်သူအတွက်တော့ မကောင်းဘူးဆိုတာ သိကြမှာပါ။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ ဆွေးနွေးတယ်၊ပြောတယ်၊ အဲဒီဆွေးနွေးတာတွေပြော တာတွေ ဘာမှဖြစ်လာတာ၊ မူကြမ်းဆွဲတဲ့သူတွေကလည်းဆွဲနေရင်းကမပြီးသေးတာ၊ မူကြမ်းဆွဲပြီးသွား လို့လွှတ်တော်ကို တင်တဲ့သူကတင်နေတာ၊  ပည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ဖို့ဆိုပြီး သတင်းစာ မှာဖေါ်ပြပြီးအချိန်ကိုတော့ (၅)ရက်ဘဲပေးတာ၊ တစ်ဖက်မှာတော့ ဥပဒေမူကြမ်းရေးခိုင်းထားပြီး၊ တစ်ဖက် ကနေပြီးတော့  သမ္မတကြီးဥရောပငါးနိုင်ငံခရီး ပြန်မရောက် မီတစ်ရက်အလိုမှာ လွှတ်တော်ကို ကတိုက် ကရိုက်တင်လိုက်တာဖြစ်လို့ ဒါတွေဟာဖြင့် တစ်ခုခုလွှဲနေပြီ ပုံမှန်မဟုတ်တော့ဘူး ဆိုတာကိုတော့ ပြည်သူတွေ ကောင်းကောင်းသိကြပါတယ်၊ သိယုံမက လက်လည်းမခံနိုင်ကြပါဘူး၊ ဒီတော့ပြည်သူအများ စုကြီးက ဘယ်သူ တွေကို ဘာကြောင့် ဘယ်လို ယုံကြပါတော့မလဲဗျာ၊  

လက်ရှိအာဏာရပါတီဘဲဖြစ်ဖြစ်၊ အတိုက်အခံပါတီဘဲဖြစ်ပါစေ ရေရှည်တည်တန့်ခိုင်မြဲဖို့ ပြည်သူတွေရဲ့ယုံ ကြည်မှု ကိုးစားမှုတွေရဖို့် အမြဲလိုအပ်နေမှာဖြစ်လေတော့ ပြောတဲ့စကား ပေးတဲ့ကတိ တွေတည်ဖို့ သိတ် ကို အရေးကြီးလှပါတယ်။

အတွင်းအနှစ်သာရသာမက လုပ်နည်းကိုင်နည်းတွေကပါ အများပြည်သူ လက်ခံနိုင်စရာတွေမရှိလေတော့ “ပွက်လောရိုက်သံ ဆူဆူညံသွားစေတဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်း” လို့သာဆိုပါရစေ ဗျာ။

Sunday, March 10, 2013

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အရန်မှာကို မပါသေးတဲ့ ကယား



"NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အရန်မှာကို မပါသေးတဲ့ ကယား"


ဓါတ်ပုံ-VOA
၂၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်ပြုလုပ်သည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဗဟိုနိုင်ငံလုံးဆိုင်ရာညီလာခံကနေ သဘာ ပတိအဖွဲ့ဝင် (၇)ဦး၊ ပါတီဗဟို အလုပ်အ မှုဆောင် (၁၅)ဦး၊ နှင့် အရန် (၅)ဦး၊ တို့ကိုရွေးချယ်ခဲ့ပြီး ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်း စုကြည်ကို ရွေးချယ်ခန့်အပ်ခဲ့ကြ ပါတယ်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေထဲမှာတော့ ရန်ကုန် နဲ့ မန္တလေးတိုင်းဒေ သကြီးက(၃) ဦးစီ မွန်နဲ့ရှမ်းပြည်နယ် က(၂)ဦးစီနဲ့ ပဲခူး၊ တနင်္သာရီ၊ ချင်း၊ ကယား ကလွဲပြီး ကျန် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက တစ်ဦးစီနဲ့စုစုပေါင်း (၁၅)ဦး ပါဝင်တာကိုတွေ့ရပြီး အရန်အဖွဲ့ဝင်တွေအဖြစ်နဲ့ကတော့ ရန်ကုန်၊ တနင်္သာရီ၊ ပဲခူး တိုင်းဒေသကြီး ချင်းနဲ့ရှမ်းပြည်နယ် တွေက တစ်ဦးကျစီ(၅)ဦးပါဝင်ကြပါတယ်။

ဓါတ်ပုံ-VOA
ထူးခြားတာကတော့ ဗဟိုကော်မီတီဝင်(၁၀၀) မှာ ကယားပြည် နယ်က(၁)ဦး အရွေး ချယ်ခံရသော်လည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (၁၅)ဦးမှာရော၊ အရန်(၅)ဦးမှာပါ၊ တိုင်းဒေသကြီး(၇)ခုလုံးနဲ့ ပြည်နယ်(၆)ခုတို့ အသီးသီးက ပါဝင်ကြတာ ကိုတွေ့ရသော် လည်း  ကယားပြည်နယ်ကတော့ဖြင့် အရွေးချယ်ခံရခြင်း မရှိသေးတာကို တွေ့ရပါ တယ်။ ဒီညီလာခံစကျင်းပတဲ့နေ့မှာဘဲ ကယားက NLD ပါတီဝင် တော်တော်များများ လည်းနှုတ်ထွက်သွားကြတယ်ကြားတော့ ဒါနဲ့များဆပ်စပ်နေမလားလို့ တွေးမိပါတယ်။


ဓါတ်ပုံ-EMG
ပါတီဗဟိုအလုပ်အမှုဆောင်ဥက္ကဌသစ်ကတော့ “ဗဟိုအလုပ်အမှုဆောင်ရွေးချယ်မှုအပေါ် အဖွဲ့ချုပ်နှင့်အတိတ် ပစ္စုပ္ပန် အနာဂါတ် ဆက်သွယ်မှုရှိခြင်း၊ တစိုက်မတ်မတ် လုပ်ဆောင် လာသူများကိုအချိန်ပေးလိုခြင်း၊ နှင့် အရည်အချင်းနှင့် ပြည့်စုံခြင်း စသည့်အချက်များကို မူတည်ကာရွေးချယ်ခြင်း ဖြစ်ကြောင်း” ၎င်းရဲ့မိန့်ခွန်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဘာဘဲဖြစ်ဖြစ် နောက်ကာလများမှာတော့ ကယားကပုဂ္ဂိုလ်တွေလည်း ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့မှာပါဝင် လာကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။



ဓါတ်ပုံ-EMG
မည်သို့ပင်ဖြစ်စေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုနိုင်ငံလုံးဆိုင်ရာညီလာခံ ကတော့ အောင်အောင် မြင်မြင် ကျင်းပပြီးမြောက်ခဲ့ပါပြီ။ ပါတီရဲ့ဥက္ကဌသစ်ကလည်း ဗဟို ဦးစီးစနစ်ကျင်သုံးခဲ့ရတာကိုဝန်ခံပြောဆိုသွားသလို ပါတီဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကလည်း(၂၀၁၃-၀၃-၁၀) နေ့ကစပြီး ဗဟိုဦးစီးစနစ်မရှိတော့ဘူးလို့ပြော ကြားသွားခဲ့ပါတယ်။



ရွေးချယ်ခံကြရတဲ့ သဘာပတိအဖွဲ့ဝင်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တွေကတော့

သဘာပတိအဖွဲ့ (၇) ဦး
  ၁. ဦးတင်ဦး                   (နာယက)
  ၂. ဦးဝင်းတင်၊                (အဖွဲ့ဝင်)
  ၃. ဦးသန်းထွန်း၊             (အဖွဲ့ဝင်)
  ၄. ဦးလှဖေ၊                   (အဖွဲ့ဝင်)
  ၅. ဦးကျော်ခိုင် (ရခိုင်)၊     (အဖွဲ့ဝင်)
  ၆. နိုင်သောင်းညွန့် (မွန်)   (အဖွဲ့ဝင်) နှင့်
  ၇. ဦးသိန်းတန်(မန္တလေး) တို့ ပါဝင်ခဲ့သည်။

“ဗဟိုအလုပ်အမှုဆောင်ဖွဲ့”



၁. ဒေါ်အောင်ဆန်းစုကြည်            (ဥက္ကဋ္ဌ)             ရန်ကုန်တိုင်းဒေသကြီ:

ယခင် ဗဟိုအလုပ် အမှုဆောင်များဖြစ်သော
  ၂. ဦးဥာဏ်ဝင်း၊                         (အဖွဲ့ဝင်)           မွန်ပြည်နယ်
  ၃. ဦးဟံသာမြင့်၊                        (အဖွဲ့ဝင်)           စစ်ကိုင်းတိုင်းဒေသကြီး
  ၄. ဦးအုန်းကြိုင်၊                         (အဖွဲ့ဝင်)           မန္တလေးတိုင်းဒေသကြီ:
  ၅. ဦးဝင်းမြင့်၊                            (အဖွဲ့ဝင်)           ဧရာဝတီတိုင်းဒေသကြီး
  ၆. ဦးထွန်းထွန်းဟိန်၊                   (အဖွဲ့ဝင်)           ရှမ်းပြည်နယ်
၇. ဒေါက်တာဒေါ်မေ၀င်းမြင့်         (အဖွဲ့ဝင်)           ရန်ကုန်တိုင်းဒေသကြီ: 

အခြား အဖွဲ့ဝင်များ
  ၈. ဒေါက်တာဇော်မြင့်မောင်၊          (အဖွဲ့ဝင်)           မန္တလေးတိုင်းဒေသကြီ:
  ၉. ဒေါက်တာ အောင်မိုးညို၊           (အဖွဲ့ဝင်)           မကွေးတိုင်းဒေသကြီး
၁၀. ဒေါက်တာမျိုးအောင်၊               (အဖွဲ့ဝင်)           ရန်ကုန်တိုင်းဒေသကြီ:
၁၁. ဒေါ်ခင်ဌေးကြွယ်                    (အဖွဲ့ဝင်)           မွန်ပြည်နယ်
၁၂. ဦးဝင်းထိန်၊                            (အဖွဲ့ဝင်)           မန္တလေးတိုင်းဒေသကြီ:
၁၃. ဒေါ်နန်းခင်ထွေးမြင့်၊                (အဖွဲ့ဝင်)           ကရင်ပြည်နယ်
၁၄. ဦးကျော်ခင်၊                           (အဖွဲ့ဝင်)           ရှမ်းပြည်နယ်
၁၅. ဦးညီပု                                 (အဖွဲ့ဝင်)           ရခိုင်ပြည်နယ် တို့ ပါဝင်ပါတယ်။

“အရန်အဖွဲ့ဝင် (၅)ဦး”
  ၁. ဦးမန်းဂျော်နီ၊                         (အရန်အဖွဲ့ဝင်)     ဧရာဝတီတိုင်းဒေသကြီး
 ၂. ဒေါ်ဖြူဖြူသင်း                         (အရန်အဖွဲ့ဝင်)     ရန်ကုန်တိုင်းဒေသကြီ:
  ၃. ဒေါက်တာသိန်းလွင်၊                (အရန်အဖွဲ့ဝင်)     ပဲခူးတိုင်းဒေသကြီး
  ၄. ဦးအောင်စိုး၊                           (အရန်အဖွဲ့ဝင်)     တနင်္သာရီတိုင်းဒေသကြီး
  ၅. ဦးဇိုဘွဲ                                  (အရန်အဖွဲ့ဝင်)     ချင်းပြည်နယ်                 တို့ဖြစ်ကြပါတယ်။







Saturday, March 9, 2013

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြည်နယ် / တိုင်းအလိုက် ရွေးချယ်ခံရသော ဗဟိုကော်မတီဝင် (၁၀၀)



"အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြည်နယ် / တိုင်းအလိုက် ရွေးချယ်ခံရသော ဗဟိုကော်မတီဝင် (၁၀၀) "

၂၀၁၃ ခုနှစ် ၊ မတ်လ ( ၈) ရက် တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်  တော် ၀င်နှင်းဆီတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပခဲ့ရာ ယနေ့ ညနေ 5:15 မီနစ်တွင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းမှ ပြည်နယ် / တိုင်းအလိုက် ရွေးချယ်ခံရသော ဗဟိုကော်မတီဝင် များစာရင်း ကို ကြေငြာခဲ့ပါသည် ။
ရွေးချယ်ခံ ရသော ဗဟိုကော်မတီဝင် (၁၀၀) ဦးစာရင်း

ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်
၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်

ပဲခူးတိုင်းဒေသကြီး
၁။ ဦးမြင့်ဦး
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးစံဦး
၎။ ဒေါက်တာကျော်ကျော်
၅။ ဦးမင်းဦး
၆။ ဒေါက်တာခင်မောင်ဝင်း
၇။ ဦးအောင်သန်း
၈။ ဦးကျော်မင်း
၉။ ဦးအောင်မြင့်

စစ်ကိုင်းတိုင်းဒေသကြီး
၁။ ဦးဟံသာမြင့်
၂။ ဦးဝင်းမြင့်အောင်
၃။ ဒေါက်တာဝင်းအောင်
၎။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၅။ ဦးကျော်သောင်း
၆။ ဒေါက်တာမြင့်နိုင်
၇။ ဒေါ်ခင်စန်းလှိုင်
၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၉။ ဒေါ်ခင်မွှေးလွင်
၁၀။ ဦးခင်မောင်သိန်း
၁၁။ ဦးမြင့်ကြည်
၁၂။ ဦးဘမင်း

မန္တလေးတိုင်းဒေသကြီ:
၁။ ဦးအုန်းကြိုင်
၂။ ဒေါက်တာဇော်မြင့်မောင်
၃။ ဦးမင်းသူ
၎။ ဦးဝင်းထိန်
၅။ ဦးမောင်မောင်သန်း
၆။ ဦးကျော်စိုးလင်း
၇။ ဦးနိုင်ငံလင်း
၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၉။ ဦးဖြိုးဇေယျာသော်
၁၀။ ဒေါ်ခင်သန္တာ
၁၁။ ဒေါ်စန္ဒာမင်း
၁၂။ ဦးပေါခင်

မကွေးတိုင်းဒေသကြီး
၁။ ဒေါက်တာအောင်မိုးညို
၂။ ဦးတာ
၃။ ဒေါ်ခင်စောဌေး
၎။ ဦးအောင်ကြည်ညွှန့်
၅။ ဦးသိန်းဇော်
၆။ ဦးကံဦး
၇။ ဒေါက်တာကျော်ငွေ
၈။ ဦးချစ်ထွေး
၉။ ဦးပိုက်ကို

တနင်္သာရီတိုင်းဒေသကြီး
၁။ ဦးခင်ဇော်
၂။ ဦးအောင်စိုး
၃။ ဦးစိုးရီ

ဧရာဝတီတိုင်းဒေသကြီး
၁။ ဦးဝင်းမြင့်
၂။ ဦးမန်းဂျော်နီ
၃။ ဒေါက်တာမျိုးညွန့်
၎။ ဦးသိန်းဆွေ
၅။ ဒေါက်တာလှမြတ်သွေး
၆။ ဦးမန်းညွှန့်သိန်း
၇။ ဦးကြည်ဝင်း
၈။ ဦးကျော်ဟိုး
၉။ ဦးသောင်းအေး
၁၀။ စခင်ဇော်လင်း

ရခိုင်ပြည်နယ်
၁။ ဦးညီပု
၂။ ဦးမောင်ကြွင်းအောင်
၃။ ဦးမင်းအောင်
၎။ ဦးသိန်းမောင်

ကချင်ပြည်နယ်
၁။ ဦးအောင်သိန်း
၂။ ဦးကျော်ငြိမ်း
၃။ ဦးယောဆီ
၎။ ဦးလင်းလင်းဦး
၅။ ဦးအင်ဆုံးခါးနော်ဆန်

ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့်
၂။ ဦးစောတင်ဝင်း
၃။ ဦးသန်းနိုင်

ရှမ်းပြည်နယ်
၁။ ဦးထွန်းထွန်းဟိန်း
၂။ ဒေါက်တာသန်းငွေ
၃။ ဦးထွန်းရွှေ
၎။ ဦးခင်မောင်စီ
၅။ ဦးစိုင်းစွံဆိုင်း
၆။ ဦးစိုင်းဝင်းမြင့်
၇။ ဦးကျော်ခင်
၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

ချင်းပြည်နယ်
၁။ ဦးဇိုဘွဲ
၂။ ဦးလိန်းနိုင်း
၃။ ဦးဘွဲ့ခိန်း

မွန်ပြည်နယ်
၁။ ဦးညဏ်ဝင်း
၂။ ဒေါ်ခင်ဌေးကြွယ်
၃။ ဒေါက်တာအေးဇံ
၎။ ဒေါ်နွယ်နွယ်အောင်

ကယားပြည်နယ်
၁။ ဒေါက်တာခင်စည်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၁။ ဦးကယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၁။ ဦးညီညီ (ခ) ညီလေးချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၁။ ဦးမိုင်းရဲကျော်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁။ ဦးစိုင်းမြင့်ဆွေ

by nlc congress