"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Saturday, August 18, 2012

မြန်မာနဲ့အိမ်နီးခြင်းနိုင်ငံကလူတွေဘာကွာသလဲ



Radio Free Asia ကမေးမြန်းခန်းတစ်ခုမှာ မေးသွားတဲ့မေးခွန်းတစ်ခုပါ

ဖြေတဲ့သူက “မြန်မာနိုင်ငံကသူတွေကလုပ်ရမယ့်အလုပ်တွေကိုခက်အောင်လုပ်ပြီး” ပါတ်ဝန်းကျင်နိုင်ငံက လူတွေကတော့ လွယ်အောင်စဉ်းစားပြီး လုပ်ကြတယ်လို့ဖြေပါတယ် ဒီမေးခွန်းမျိုးက ကျွန်တော်တို့ဝန်းကျင်မှာ ကြားနေကျ အမျိုးမျိုးလည်း ဖြေနေကြတာတွေရှိနေရပါတယ်   

မှတ်မိသေးတဲ့စင်ကာပူမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတွေပြောလေ့ရှိတာလေးကိုလည်း မျှဝေပေးခြင်ပါတယ် ဘာပြောလဲ ဆိုတော့ “စင်္ကာပူမှာလူတစ်ယောက်ကိုတစ်ယောက်ကကျော်တက်သွားရင်” ကျော်တက်သွားတဲ့သူက စင်္ကာပူလူမျိုးဖြစ်ပြီး   ကျော် တက် ခံရသူကတော့ မြန်မာဖြစ်ပါသတဲ့

နောက်ရှိပါသေးတယ် စင်္ကာပူမှာအလုပ်လုပ် မိသားစုပါခေါ် အဲဒီမှာအခြေကျပြီး စင်္ကပူနိုင်ငံသားခံယူထားတဲ့ အမျိုးသမီး တစ်ယောက်ကတော့ “ကျွန်မကတော့ ဗမာအသိုင်အ၀ိုင်းနဲ့ တတ်နိုင်သမျှ ကင်းကင်းနေတယ်တဲ့”  သူ့အကြောင်းပြချက်ကတော့ အပြိုင်အဆိုင်များလို့ ကွယ်ရာမှာအတင်းပြောလို့ စသည်ဖြင့်ပေါ့ 

နောက်တစ်ခုက “စင်ကာပူ ဗမာတွေစုပေါင်းနေတဲ့အခန်းတွေက ညစ်ပါတ်တယ် ကြမ်းပိုးတွေတောင်ရှိသတဲ့” ကြားဘူးတဲ့ ဗမာ ဗမာခြင်းပြောတာတွေပါ ထပ်ပြောရရင် အများကြီး ရှိပါသေးတယ် ထားပါတော့ 

ပြည်ပမှာဗမာတွေတော်တဲ့အကြောင်းတွေ ပြောတာတွေလည်းရှိပါတယ်
(စင်္ကာပူမှာအတွေ့အကြုံရှိဘဲရှိလို့စင်္ကာပူအကြောင်းဘဲပြောနိုင်တာကိုတော့စာဖတ်သူနားလည်ပေးစေခြင်ပါတယ်) 

စင်္ကာပူကုမ္ပဏီတခုကသူတို့နိုင်ငံသား တစ်ယောက်က သူ့ကုမ္ပဏီကဗမာတစ်ယောက်ဆိုရင် ကုမ္ပဏီရဲ့ပစ္စည်း ထုတ်လုပ်ရေး အပိုင်း ပစ္စည်းအလေအလွင့်  အနည်းဆုံးဖြစ်အောင်လုပ်နိုင်လို့  ကုမ္ပဏီက လစာရောရာထူးပါ  တိုးပေးလိုက်ကြောင်း နောက်ကုမ္ပဏီ တစ်ခုကကျတော့ သူတို့ကုမ္ပဏီက ဗမာအင်ဂျင်နီယာတစ်ယောက်ဆိုရင် တော်လို့ ကုမ္ပဏီကကျောင်း စရိတ် တစ်ဝက်ခံပြီး စင်ကာပူကနေ အနောက်နိုင်ငံတစ်ခုကို Master ဘွဲ့ယူဖို့လွှတ်ထားကြောင်း စတဲ့ဗမာတွေတော်တာတွေလည်း ပြောကြ တာတွေရှိနေတာပါဘဲ

တော်တဲ့သူနဲ့မတော်တဲ့သူမှာ မတော်တာကပိုများတာတော့ လူမျိုးတိုင်းမှာဖြစ်မှာပါ တော်တဲ့သူများရင်တော့ ပိုကောင်းမှာပေါ့ အကောင်းဆုံးကတော့  ကိုယ့်နိုင်ငံမှာ အလယ်အလတ်သမားတွေများရင် ပိုကောင်းမယ်ထင်တာပါဘဲ 

နောက်ပြီး စင်ကာပူမှာ စင်ကာပူနိုင်ငံသား တချို့ကိုယ်တိုင်ပြောတာကိုလည်း ပြန်ပြောပြခြင်ပါတယ် သူတို့နိုင်ငံ သားတွေဟာ နိုင်ငံတွင်းမှာ ဘယ်လောက်စည်းကမ်းရှိတယ်ဆိုဆိုတဲ့ မလေးရှားဘက်ရောက်တယ်ဆိုတာနဲ့ အမှိုက်ကိုတွေ့ လေရာ ပစ်တော့ တယ်ပြောတာပါဘဲ အားလုံးတော့ဟုတ်မယ်မဟုတ်ပါဘူး 

စင်ကာပူမှာက ဗမာတွေသာမက တခြားဖွံဖြိုးဆဲနိုင်ငံတွေက သူတွေပါအလုပ်လုပ်နေကြတာပါ အဲဒီနိုင်ငံတွေဆိုလည်း စင်ကာပူလိုသန့်ရှင်းသပ်ရပ်ပြီး စည်းကမ်းကြီးတဲ့ နိုင်ငံတွေမဟုတ်ကြပါဘူး ဒါပေမဲ့ဒီလိုနိုင်ငံပေါင်းစုံ လူမျိုးပေါင်းစုံ လာလုပ်ကြတဲ့ စင်ကာပူမှာ ဘယ်နိုင်ငံက ဘယ်လူမျိုးတွေကို သူတို့နိုင်ငံက စံသတ်မှတ်ချက်တွေအရ နေတတ်အောင် လေ့ကျင့်ပညာပေး ရတယ်လည်းမကြားရပါဘဲနဲ့ လူမျိုးပေါင်းစုံ အသုံးပြုနေတဲ့ ရထားတွေ ကားတွေပေါ်မှာ အမှိုက်ဆိုလို့ ဘာတစ်ခုမှ မတွေ့ရခြင်းပါဘဲ

ဆိုခြင်တာကတော့ ဗမာတွေ ဟာတခြားနိုင်ငံကလူတွေထက် တော်တယ် ညံ့တယ်ဆိုတာထက် ဗမာပြည်မှာလည်း သင့် တော်ကောင်းမွန်တဲ့ အခြေအနေတစ်ခု (ဥပမာပြောရရင် စင်္ကာပူနီုင်ငံလို) ကိုဖန်တီးပေးနိုင်ပြီဆိုရင် ဗမာတွေလည်း ပိုစည်းကမ်းရှိ ပိုလုပ် တတ်ကိုင်တတ် ပိုပြီးလည်းသန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ် လာပြီး အိမ်နီးခြင်းနိုင်ငံက လူတွေနဲ့ဘာမှကွာမယ် မဟုတ်ဘူး ဆိုတာကို ပြောခြင်တာပါ

အဲဒီလို သင့်တော်ကောင်းမွန်တဲ့အခြေအနေရှိတဲ့နေ့ မြန်မြန်ရောက်ပါစေလို့သာ အမြဲဆုတောင်းနေမိပါတယ်။

No comments: