"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Thursday, January 24, 2013

“အောင်ခြင်းရှစ်ပါး” ပန်းချီကားတွေနဲ့ပါတ်သက်ပြီး သီတဂူဆရာတော်မိန့်ကြားချက်


အောင်ခြင်းရှစ်ပါးဆိုတဲ့ ပန်းချီကားတိုင်းကို သွားကြည့်
ဘာရှစ်ပါးလဲ “အောင်ခြင်းရှစ်ပါးပါဘုရား”
 မာရ်နတ်က မြတ်စွာဘုရားကို လာတိုက်တယ်

ဘယ်သူအောင်လဲ  “မြတ်စွာဘုရားပါဘုရား”
ဒါပေမဲ့ပန်ချီကားတွေကြည့်လိုက်ရင်
 အောင်မြင်တဲ့ကားကို တစ်ကားမှမရှိဘူး ဗမာပြည်မှာ 
"တိုက်နေတဲ့ကားချည်းဘဲတွေ့တယ်"
စိဉ္စမာနကိုအောင်မြင်တော်မူတယ်

"စိဉ္စမာန ဒူးတုပ်လက်အုပ်ချီနေရင် တော်တော်ကောင်းမှာ"
အောင်လို့ရှိရင်ပေါ့လေ  နော်
ဟိုမှာကတော့ တကယ်ကတော့ အောင်မြင်တဲ့ကိစ္စမှာ

"စိဉ္စမာနက မြေကိုအမျိုခံလိုက်ရတာ"
" မြေမျိုတဲ့ကားလဲမပါဘူး"

"ဒူးတုပ်လက်အုပ်ချီနေတဲ့ မိန်းမပုံလည်းဘဲမရေးဘူး"

 "အား…ဗိုက်ကြီးသယ်ကြီး လက်ညှိုးထိုးစွပ်စွဲနေတဲ့ပုံကြီးဘဲရေးရေးထားတယ်"
အဲဒီထဲကိုကဘုန်းကြီးကစိတ်ပျက်တာ
အော် တို့သာသနာတော့ တော်တော်တော့ စွပ်စွဲခံနေရအုန်းမှာဘဲထင်တယ်
ဒီအတိုင်းကို အောင်ခြင်းရှစ်ပါးအကုန်လုံးဟာ အောင်ပြီးတဲ့ပုံကိုမရှိဘူး
တိုက်ခိုက်နေတဲ့ပုံတွေချည်းဘဲ

သီတဂူဆရာတော် အရှင် ဉာဏိဿရ
၂၀၀၈ ခုနှစ် ဇူလိုင်လ(၂၀)ရက်
 ၄၂ လမ်းလူငယ်ဘုံဆွမ်းလောင်းအသင်း မန္တလေး ဓမ္မသဘင်မှကောက်နှုတ်ချက်

No comments: