"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, August 17, 2012

မြန်မာပြည်ကပညာတတ်များ


မြန်မာပြည်က ပညာတတ်တွေဆိုလိုက်တာနဲ့ ဘွဲ့ရပြီးသူတွေ အားလုံးပါတယ်လို့ လူတော်တော်များများကပြောကြ လက် လည်း လက်ခံကြလိမ့်မယ်လို့ ဆိုရပါမယ်

ဒီကနေ့မြန်မာနိုင်ငံရဲ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများအရ သက်ဆိုင်ရာအတတ်ပညာ ကျွမ်းကျင်တတ်မြောက်သူ အချို့ဟာ နိုင် ငံတော် ရဲ့ ရှေ့တန်းရောက်လာတာကို တွေ့နေရပြီဖြစ်ပါတယ်

မကြာသေးတော့တဲ့ ကာလမှာ အတတ်ပညာတစ်ခုကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်သူတွေ သက်ဆိုင်ရာပညာရပ်နဲ့ ပါတ်သက်ပြီး အဆင့်မြင့်ပညာ ဆည်းပူးထားသူတွေကို ထိုက်ထိုက်တန်တန် နေရာပးလာရတော့မှာဖြစ်ပါတယ်

ဒီတော့ သက်ဆိုင်ရာဘွဲ့အသီးသီးကို ဆိုင်ရာဆိုင်ရာတက္ကသိုလ်တွေကနေ ရလာတဲ့သူတွေမှာ အတတ်ပညာရပ်ပိုင်း ဆိုင်ရာတွေ ကိုတော့ဖြင့် တတ်ပြီးသာပါလို့ယူဆပြီး အဲဒီပညာတတ်လို့ဆိုရတဲ့ သူတွေမှာ အတတ်ပညာနဲ့မဆိုင်တဲ့ အခြား ရှိသင့်ရှိထိုက်တဲ့ အတွေးအခေါ်  ဗဟုသုတ ဆင်ခြင်ဥာဏ် အမူအကျင့် စွမ်းရည်တွေ ရှိနေကြပါရဲ့လား

ပါတ်ဝန်းကျင်မှာရှိကြတဲ့ ဘွဲ့ရထားပြီးတဲ့သူတွေ မကြာခဏပြောလို့ကြားနေရတာလေးတွေကို ဖေါက်သည်ချချင် ပါတယ် အားလုံးကပြောတယ်လို့တော့မဆိုလိုပါ

“ဗမာတွေကစည်းကမ်းကိုမရှိဘူး”                                           သူကတော့မီးပွိုင့်မှာ တန်းမစီဘဲသူများကားတွေကြားဖြတ်သူ
"ကိုယ်အတွက်လုပ်နေတဲူ့ချည်းဘဲ”                                          သူကတော့အခွင့်ရရင်စာရင်းလိမ်ပြတတ်သူ
“ချမ်းသာမှာပေါ့ ခိုးနေတာကိုး”                                               သူကတော့ခိုးခွင့်မရသေးလို့စောင့်နေတဲ့သူ
"ဘာမှမဟုတ်တဲ့ကောင်တွေကဆရာကြီးတက်လုပ်နေတယ်"          သူကတော့ဘာမှမဟုတ်သေးတဲ့သူ

နောက်ပြီး အတတ်ပညာဘွဲ့တခုခုရပြီး အလုပ်ခွင်ဝင်နေတဲ့ ငယ်ရွယ်သူအချို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး ဖြေကြ တာလေးတွေကိုနားထောင်ကြည့်ပါအုန်း

ပထမတစ်ယောက်

မေး။      ပြီးခဲတဲ့ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်ခဲ့လဲ
ဖြေ။       ပါတီတခုနာမည်ပြောပါတယ်
မေး။      ဘာလို့အဲဒီပါတီကိုမဲထည့်ခဲ့တာလဲ
ဖြေ။      " သူများတွေထည့်တာနဲ့ထည့်လိုက်တာပါ " 

ဒုတိယတစ်ယောက် 

မေး။      ပြီးခဲတဲ့ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်ခဲ့လဲ
ဖြေ။       ပါတီတခုနာမည်ပြောပါတယ်
မေး။      ဘာလို့အဲဒီပါတီကိုမဲထည့်တာလဲ

ဖြေ။       " ဘာရယ်မဟုတ်ပါဘူး ဒီလိုဘဲထဲ့လိုက်တာပါ "

တတိယတစ်ယောက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတတ်မြောက်ထားပြီး ပြည်တွင်းပြည်ပအတွေ့ အကြုံရှိသူ

မေး။      ပြီးခဲတဲ့ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲထည့်ခဲ့လဲ
ဖြေ။       စပ်ဖြီးဖြီးလုပ်နေပြီးမှ ဘယ်ပါတီရှိရအုန်းမလဲကွာလို့ဖြေပါတယ် (ပါတီကြီးတစ်ခုကိုဆိုလိုရင်းပါ)
မေး။      ဘာလို့အဲဒီပါတီကိုမဲထည့်ခဲ့တာလဲ
ဖြေ။       မထည့်လို့မဖြစ်ဘူးကွ သူတို့ကမှတ်ထားမှာ
မေး။      ဘယ်လိုမှတ်ထားမှာလည်း
ဖြေ။       " အဲဒါတော့မသိဘူးကွာ တခုခုနဲ့ပေါ့ကွ "

နောက်ရွေးကောက်ပွဲဆိုင်ရာဥပဒေ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ လွှတ်တော်ဘယ်နှစ်ရပ်ရှိသလဲ ဘာတွေလည်း ပြည်ထောင်စုလွှတ်တော်ဆိုတာဘာလဲ အမတ်ဦးရေ စုစုပေါင်းဘယ်နှစ်ယောက်ရှိသလဲ ဘယ်လိုကိုယ်စားပြုသလဲ စတာတွေ မေးကြည့်ပြန်တော့လည်း မသိတဲ့ သူက အားလုံးနီးပါးပါဘဲ သိဖို့မလိုဘူးလားမေးတော့ သိဖို့လိုပါတယ်လို့ တညီတညွတ် တည်းဖြေပါတယ် ဒါဆိုဘာလို့သိအောင်မလုပ်ကြတာလဲမေးတော့ “ ဒီလိုပါဘဲလို့ ” ဖြေပါတယ်

ပြည်သူတွေထဲကပြည်သူတစ်ယောက်အနေနဲ့ ပါတ်ဝန်းကျင်ကို လေ့လာကြည့်ခြင်းသာဖြစ်ပါတယ် နိုင်ငံရေးကိုတစိုက် မတ်မတ် လုပ်နေသူများ ပြည်သူ့လွှတ်တော်အမတ်များ အာဏာပိုင်အဖွဲ့အစည်းများကလူများ တစ်ယောက်မှမပါပါ သာမာန် ပြည်သူ ပြည်သားများ ပညာသင်ပြီးဘွဲရ အလုပ်ဝင်လုပ်နေကြတဲ့ ဘွဲ့ရပညာတတ်များဆိုတဲ့သူတွေချည်းပါဘဲ

ဒီတော့နောင် တိုင်းပြည်ကိုမောင်းနှင်တဲ့နေရာမှာ တစ်ခန်းတစ်နေရာကပါဝင်လာကြမဲ့သူတွေ အခုကောအဲဒီပညာတတ်များ ဆိုတာတွေ တိုင်ပြည်မောင်းနှင်နေတဲ့နေရာမှာ မပါကြလို့လားမေးစရာရှိပါတယ် အခုလဲပါပါတယ် အရင်ကလဲပါပါတယ် ဒါဆိုဘာကြောင့်များရေးကြီးခွင်ကျယ်ပြောနေရတာလဲဆိုရရင် ခုချိန်နိုင်ငံတော်ရဲ့ တိုးတက်ပြောင်လဲလာတဲ့ အခြေအနေ တွေနဲ့ လိုက်လျှောညီထွေဖြစ်တဲ့ ကိုက်ညီမဲ့ သူတွေ အမှန်တကယ်နဲ့အမြန်ကိုလိုနေလို့ပါလို့ဆိုရမှပါ

ပြောရမယ်ဆိုရင် နိုင်ငံရေးလုပ်နေသူများ လွှတ်တော်အမတ်များ အာဏာပိုင်အဖွဲ့အစည်းများမှာ တာဝန်ထမ်းဆောင်နေသူများ အားလုံးရော နိုင်ငံတော်သမိုင်း နိုင်ငံတော်ပြောင်းလဲလာမှုအဆင့်ဆင့် နိုင်ငံတော်၏ဖွဲစည်းအုပ်ချုပ်ပုံအခြေခံဥပဒေများ လက်ရှိနိုင်ငံတော်၏လားရာနဲ့ လိုက်နာသင့်သောကျင့်ဝတ်များ စသည်တို့ကိုသိကြပါရဲ့လား သိခဲ့ရင်လည်းသိထားတဲ့ အတိုင်း ပြောဆိုနိုင် ဖြေကြားနိုင်တဲ့ စွမ်းရည်တွေကောရှိကြရဲ့လား ဆိုတာကို ဒီနေ့ကြားသိနေရသော အင်တာဗျူး အမေးအဖြေများ ကတဆင့် သံသယဖြစ်စရာတွေမြင်တွေ့နေရပါတယ်

မြန်မာပြည်ကပညာတတ်များအနေနဲ့ သင်ထားတဲ့ပညာကို တတ်ပြီးသားပါလို့ယူဆထားရင်တောင် "အပေါ်ကဖြေသလို မျိုးဖြေနေတဲ့"   ပညာတတ်တွေနဲ့ နိုင်င်္ငတော် ရှေ့ခရီးကတော့ အတော့ကိုရင်လေးစရာဘဲလို့တွေးပူနေမိပါတယ်။



No comments: