"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, January 28, 2013

မြန်မာနိုင်ငံအလုပ်လက်မဲ့နှုန်းက ၄၀% လား ၄% နှုန်းလား “ရှက်တယ်လွှတ်တော်ရယ်”



ဗွီအိုအေ ၂၀၁၃ ဇန်န၀ါရီ(၂၈)ရက်ညနေပိုင်အစီအစဉ်နားထောင်တော့ …

“ပြည်သူ့လွှတ်တော်စီမံကိန်းနဲ့ဘဏ္ဍာရေးဖွံ့ဖြိုးမှုကော်မီတီရဲ့အစီအစဉ်အရပြီးခဲ့တဲ့သီတင်းပါတ်ကထုတ်ပြန် လိုက်တဲ့လူမှုဘ၀အခြေအနေစစ်တမ်းမှာ "မြန်မာနိုင်ငံအတွင်းအလုပ်လက်မဲ့ဦးရေ၄၀%" နီးပါရှိတယ်လို့ 
 ဖေါ်ပြထားပါတယ်” လို့ထုတ်လွှင့်သွားတာကိုကြားလိုက်ရတော့...

“များလှချည်လားပေါ့ ၄၀% ဆိုလမ်းပေါ်မှာလူတွေလျှံကျလာလောက်တယ်ပေါ့” ဆိုပြီစိတ်ဝင်စားလို့ဆက် နားထောင်တော့...

“အလုပ်သမားဋ္ဌာနရဲ့စာရင်းဇယားအရတော့ အလုပ်လက်မဲ့ဦးရေ ၄% ကျော်ကျော်ဘဲ" ရှိတယ်လို့သိရပါ တယ်” ဆိုပြီးဗွီအိုအေကဆက်ပြောတယ်ဗျ..

ဒါနဲ့ပိုလို့စိတ်ဝင်စားပြီးဆက်နားထောင်တော့ ဗွီအိုအေက...

“မြန်မာနိုင်ငံအတွင်းအလုပ်လက်မဲ့အခြေအနေ အလုပ်အကိုင်ရှာဖွေရေး စွမ်းရည်မြင့်မားရေး စတာတွေနဲ့ ပါတ် သက်ပြီးတော့ အလုပ်သမားဋ္ဌာနညွှန်ကြားရေးမှုးချုပ် ဦးမျိုးအောင်ကို ဒေါ်ခင်စိုးဝင်းကဆက် သွယ်မေးမြန်းထား ပါတယ်ရှင်” ဆိုပြီးဆက်လွှင့်သွားပါတယ်...

ဒေါ်ခင်စိုးဝင်းကအလုပ်သမားဋ္ဌာနညွှန်ကြားရေးမှုးချုပ်ကို “ပြည်သူ့လွှတ်တော်စီမံကိန်းနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုး မှု ကော်မီတီကနေပြီးတော့သူတို့ဆာဗေးလုပ်ပါတယ်တဲ့ ဆာဗေးစစ်တမ်းကောက်တဲ့အခါမှာ မြန်မာနိုင်ငံ မှာ အလုပ်လက်မဲ့ဦးရေဟာ ၄၀%နှုန်းနီးပါရှိတယ်လို့ပြောပါတယ်ဆရာ အဲဒါဆရာတို့အလုပ်သမားဋ္ဌာန အနေနဲ့ ကောဘယ်လိုများယူဆပါသလဲဆရာ” ဆိုပြီးမေးတော့...

ညွှန်ကြားရေးမှုးချုပ်က “ဟို ၄၀%ဆိုတာ ကျွန်တော်ထင်တယ် မြန်မာနိုင်ငံရဲ့လူဦးရေပေါ်မှာမူတည်ပြီးတော့ များ ပြော တာလားတော့မသိဘူးပေါ့နော် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကျတော့အလုပ်လက်မဲ့ ဆိုတာတော့ ကျွန်တော်တို့လေ အလုပ်လုပ်နိုင်တဲ့ workforce ပေါ့နော် ဆိုတော့ကျွန်တော်တို့ကအဲလိုမျိုးဆို ရင်တော့ အဲ လောက်တော့မရှိနိုင်ဘူးလို့ ကျွန်တော်တို့ထင်တယ်လေ” ဆိုပြီးဖြေပါတယ်..

နောက်ဆက်ပြီး “ကျွန်တော်တို့ကတော့ အလုပ်လုပ်နိုင်တဲ့ age ပေါ့နော် သူရဲ့အသက်အရွယ် အပိုင်းအခြား ပေါ်မှာတွက်မှသာလျှင်ပိုပြီးတော့မှန်မယ်လို့ကျွန်တော်ထင်တယ်”

“၁၉၉၀ ပြည့်နှစ် မှာ Labour force survey ကောက်ထားပြီးသားစာရင်းပေါ် မှာနှစ်စဉ်တွက် ချက်လာ တဲ့နှုန်း ကတော့  ၄.၀၁% ဘဲရှိပါတယ်” လို့လည်းပြောသွားပါတယ်

ဒီတော့သာမာန်ပြည်သူတစ်ယောက်အနေနဲ့ အလုပ်သမားဋ္ဌာနညွှန်ကြားရေးမှုးချုပ်ပြောတဲ့ တွက်ပုံတွက် နည်းက သဘာဝကျတယ်ဆိုပြီးထင်တယ်ဗျာ ဒါနဲ့သေခြာအောင် အင်တာနက် မှာတောင် ကြည့်မြောက် ကြည့် လုပ်တော့လည်း ILO ရဲ့အလုပ်လက်မဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မြန်မာနိုင်ငံအလုပ်လက်မဲ့နှုန်းနဲ့ ပါတ်သက်ပြီးတွက်ချက်ထားတာတွေ့တော့ အလုပ်သမားဦးစီး၏ဋ္ဌာနကဖြေတာတွေနဲ့တူပြီး သူတို့ပြောတဲ့ ၄.၀၁% ဆိုတာတွေကလည်း အခြားသောအဖွဲ့အစည်းတွေက တွက်ချက်တာတွေနဲ့သိတ်မကွာလှတာ ကိုတွေ့ ရပါတယ် အများဆုံးကတော့ ၉% လောက်ဘဲရှိတာကိုတွေ့ရပါတယ်...

ဒီတော့ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ကော်မီတီတစ်ခုအစီအစဉ်အရ ထုတ်ပြန်လိုက်တဲ့စစ်တမ်း ပါအချက်အလက်က ဘာကြောင့်မှားနေရတာလဲပေါ့ ပြည်သူတစ်ယောက်အနေနဲ့ကတော့ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ဆောင်ရွက်နေတဲ့ပြည်သူ့လွှတ်တော်ရဲ့ကော်မီတီတစ်ခုက ထုတ်ပြန်တဲ့စစ်တမ်းမှာ မှားတာ၊ မှားတာကလည်း (၁၀)ဆ လောက်ကြီးများတောင်၊ နောက်ဗွီအိုအေကလည်း တစ်ကမ္ဘာလုံးလွှင့် ဂျာနယ်တစ်ချို့ရဲ့အင်တာနက် စာမျက်နှာမှာလည်း ပါကုန်တော့ ပြည်သူတစ်ယောက်အနေနဲ့  "မျက်နှာပူတယ် ရှင်းရှင်းပြောရရင်ရှက်တယ်" ပေါ့ဗျာ ဘယ်သူ့ကိုရှက်တာလဲမေးရင်တော့ မသိပါဘူးလို့ဘဲ ရိုးသားစွာ ၀န်ခံပါရစေ မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ရှက်တာလို့ဘဲဖြေခြင်ပါတယ်...

ဒီတော့အဲဒီအမှားဟာ ကွန်ပြူတာစာစီအမှားလား တွက်တာမှားတာလား အခြားအခြေခံအကြောင်းကို တွက်လို့လား ဘာကိုပြခြင်လို့လဲ ဆိုပြီးတွေးမိပါတယ် အလုပ်သမားဦးစီးဋ္ဌာနနဲ့မညှိနိုင်းခဲ့လို့လား ဒီကော် မီတီမှာ အလုပ် သမားဦးစီးဋ္ဌာနကောမပါ သင့်ဘူးလား ဆိုတာတွေတွေးမိပါတယ်...

နောက်ပြီးအတွေ့အကြုံရှိတဲ့သူဆိုရင် ရာခိုင်နှုန်းကိုမြင်တာနဲ့ ဒါတော့မဖြစ်လောက်ဘူး တစ်ခုခုတော့လွှဲနေ တယ် ဆိုတာကိုချက်ခြင်းသိမယ်ထင်ပါတယ်...

ပြည်သူ့လွှတ်တော်မှာ အမေးနဲ့အဖြေမကိုက်တာတွေ အိပ်ငိုက်နေတယ်ဆိုတာတွေ မလိုအပ်ဘဲအရှည်ကြီး ရှင်းပြနေတာတွေရှိနေတယ်ဆိုတာတွေ ကြားနေရတာတွေကိုတော့ မရှက်တော့ပါဘူး ဒီကိစ္စကတော့ ပိုရှက်စရာလို့ထင်လို့ 

“မြန်မာနိုင်ငံအလုပ်လက်မဲ့နှုန်းက ၄၀% လား ၄% နှုန်းလား”  "ရှက်တယ်လွှတ်တော်ရယ်" လို့ဘဲပြောပါရ   စေဗျာ။

Thursday, January 24, 2013

“အောင်ခြင်းရှစ်ပါး” ပန်းချီကားတွေနဲ့ပါတ်သက်ပြီး သီတဂူဆရာတော်မိန့်ကြားချက်


အောင်ခြင်းရှစ်ပါးဆိုတဲ့ ပန်းချီကားတိုင်းကို သွားကြည့်
ဘာရှစ်ပါးလဲ “အောင်ခြင်းရှစ်ပါးပါဘုရား”
 မာရ်နတ်က မြတ်စွာဘုရားကို လာတိုက်တယ်

ဘယ်သူအောင်လဲ  “မြတ်စွာဘုရားပါဘုရား”
ဒါပေမဲ့ပန်ချီကားတွေကြည့်လိုက်ရင်
 အောင်မြင်တဲ့ကားကို တစ်ကားမှမရှိဘူး ဗမာပြည်မှာ 
"တိုက်နေတဲ့ကားချည်းဘဲတွေ့တယ်"
စိဉ္စမာနကိုအောင်မြင်တော်မူတယ်

"စိဉ္စမာန ဒူးတုပ်လက်အုပ်ချီနေရင် တော်တော်ကောင်းမှာ"
အောင်လို့ရှိရင်ပေါ့လေ  နော်
ဟိုမှာကတော့ တကယ်ကတော့ အောင်မြင်တဲ့ကိစ္စမှာ

"စိဉ္စမာနက မြေကိုအမျိုခံလိုက်ရတာ"
" မြေမျိုတဲ့ကားလဲမပါဘူး"

"ဒူးတုပ်လက်အုပ်ချီနေတဲ့ မိန်းမပုံလည်းဘဲမရေးဘူး"

 "အား…ဗိုက်ကြီးသယ်ကြီး လက်ညှိုးထိုးစွပ်စွဲနေတဲ့ပုံကြီးဘဲရေးရေးထားတယ်"
အဲဒီထဲကိုကဘုန်းကြီးကစိတ်ပျက်တာ
အော် တို့သာသနာတော့ တော်တော်တော့ စွပ်စွဲခံနေရအုန်းမှာဘဲထင်တယ်
ဒီအတိုင်းကို အောင်ခြင်းရှစ်ပါးအကုန်လုံးဟာ အောင်ပြီးတဲ့ပုံကိုမရှိဘူး
တိုက်ခိုက်နေတဲ့ပုံတွေချည်းဘဲ

သီတဂူဆရာတော် အရှင် ဉာဏိဿရ
၂၀၀၈ ခုနှစ် ဇူလိုင်လ(၂၀)ရက်
 ၄၂ လမ်းလူငယ်ဘုံဆွမ်းလောင်းအသင်း မန္တလေး ဓမ္မသဘင်မှကောက်နှုတ်ချက်

Monday, January 21, 2013

အူကြောင်ကြောင်ဗမာတွေ



ပြည်ပခရီးခပ်များများသွားတယ် တချို့နေရာမှာနည်းနည်းပါးပါး အူကြောင်ကြောင်ဗမာတွေငါတွေ့တယ် ဘာပြောတယ်အောက်မေ့လဲ 

“တပြည့်တော်တို့ကဗမာဆိုတဲ့နာမည်တောင်မခံတော့ဘူးဘုရားတဲ့” 
“ဗမာလူမျိုး နံမယ်တောင် မပြောတော့ဘူးတဲ့” 

အဲလိုလူမျိုးတွေရှိတယ် အော်(ခုနက) စနစ်ကြောင့်ဘဲဆိုပြီးတော့ဖြေလိုက်ရတာ   
 အဲဒီလူကိုတော့ ကြည့်ပြီးတော့ ငါကတော်တော်ကိုစိတ်ပျက်တယ် ဗမာဆိုတဲ့နာမည်ကိုသူကမခံတော့ဘူး ပြောကို မပြောခြင်တော့ဘူး ဘာဖြစ်လို့လည်း 

“အောက်တန်းကျလွန်းလို့တဲ့” 

ဒီလိုအောက်တန်းကျရင် အထက်တန်းကျအောင်ပြန်လုပ်ပါလားကွ ငါတော့အဲဒီစိတ်ဘဲရှိတယ်နော်

သီတဂူဆရာတော် အရှင် ဉာဏိဿရ
၂၀၁၃ ခုနှစ် ဇန္န၀ါရီ(၀၅)ရက်)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (လင်းလိုက်ကုမ္ပဏီ) ဓမ္မသဘင်မှကောက်နှုတ်ချက်

Friday, January 11, 2013

မြတ်ဗုဒ္ဓရဲ့ဒဿန နဲ့ အနောက်တိုင်းကဒဿနပညာရှင်များရဲ့ဒဿနဘယ်လိုကွာသလဲ



မြတ်စွာဘုရားရဲ့နောက်နှစ် ၂၀၀ကျော်လောက် နောက်ကျပြီးတော့မွေးလာတဲ့ ပလေတိုး တို့ စရေးသွားတဲ့ စာတွေကို အဲဒါသင်ကြတာ ဒါဒဿနိက ဗေဒလို့ဆိုပြီး တော့ University မှာဘာသာရပ် တစ်ခုပါ

သေခြာဖတ်ကြည့်တော့ “တွေးတွေးပြီးတော့ရေးတာ ကျင့်ပြီးသိပြီးရေးတာမဟုတ်ဘူး” အဲဒါကြောင့် ပလေးတိုး အရစ္စတိုတယ် ဆိုတဲ့ဒဿနိကဗေဒ ဆရာကြိးတွေရဲ့ရင်ထဲမှာ “ကိလေသာအကုန်ရှိတယ်” ကိလေသာသူတို့ တစ်လုံးမှမပါယ်ရသေးဘူး မြတ်ဗုဒ္ဓခုပြောနေတဲ့ဒဿနက နော် သူကိုယ်တိုင်ကျင့်ပြီးပြီ  သူကိုယ်တိုင် လည်းဘဲသူ့သဏ္ဍန်ရှိတဲ့ “ကိလေသာအားလုံးကိုဖယ်ပြီးပြီ” “ဖြူစင်တဲ့နှလုံးသားက ထွက်လာတဲ့ဒဿနက ကိလေသာတွေနဲ့ညစ်ထေးနေတဲ့ဒဿန” ထက်ပိုပြီးတော့တန်ဘိုးကြီးမှာ အဲဒါကိုနားလည်ဘို့လိုတယ်

သီတဂူဆရာတော် အရှင် ဉာဏိဿရ

၁၃၆၉ခုနှစ် နတ်တော်လပြည်ကျော်(၁၁)ရက် (၂၀၀၈ ခုနှစ် ဇန္န၀ါရီ(၀၃)ရက်)

မန္တလေးမြိုမောရဂီဝါရပ် မောရိယဆေးတိုက် ဓမ္မသဘင်မှကောက်နှုတ်ချက်