"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Wednesday, August 23, 2017

ဒုက္ခသည်စခန်းက တောက်ခေါက်သံ

"ဒုက္ခသည်စခန်းက တောက်ခေါက်သံ"


ဓါတ်ပုံ-youtube


"မြို့ပေါ်က ကလေး"

"ကိုယ်စားမဲ့ထမင်း ကိုယ်တိုင်ခူးခပ်မစားဘူးတဲ့"

"ကိုယ်စားတဲ့ထမင်း ကိုယ့်လက်နဲ့ကို မစားဘူးတဲ့"

"ထမင်းပွဲမှာ ဟင်းမပါရင် ထမင်းမစားတတ်ဘူးတဲ့"

"ကိုယ်စားတဲ့ ထမင်းပန်းကန် ကိုယ့်ဖါသာကို မဆေးဘူးတဲ့"


"ဆေးပြီးတဲ့ပန်းကန် ဘယ်မှာသိမ်းရမှန်းမသိဘူးတဲ့"




"ဒုက္ခသည်စခန်းက ကလေး"

"ကိုယ်စားမဲ့ထမင်း ကိုယ်တိုင်ခူးခပ်စားတယ်"
မဟုတ်ရင်တော့ စားရဖို့မစဉ်းစားနဲ့
"

"ကိုယ်စားတဲ့ထမင်း ကိုယ့်လက်နဲ့ကို စားတယ်"
မဟုတ်ရင်တော့ ဗိုက်ထဲ ထမင်းရောက်ဖို့မစဉ်းစားနဲ့



"ဟင်းမပါလည်း ထမင်းဗလာချည်း စားနိုင်တယ်"
မဟုတ်လို့ကတော့ ငတ်သေဖို့ရာဘဲရှိတယ်



"ကိုယ်စားတဲ့ ထမင်းပန်းကန် ကိုယ့်ဖါသာကို ဆေးတယ်"
မဟုတ်လို့ကတော့ နောက်တခါ ထမင်းစားရဖို့မစဉ်းစားနဲ



"ဆေးပြီးပန်းကန် ဘယ်မှာထားရမယ်ကောင်းကောင်းသိတယ်"
မဟုတ်လို့ကတော့ နောက်တခါ ပန်းကန်နဲ့စားဖို့ မစဉ်းစားနဲ့




တစ်နဲ့နှစ်ပေါင်းရင် သုံးရတယ်ဆိုတာသိရုံလောက်နဲ့ကတော့ 

အိုးထဲမှာထမင်းရှိတာတောင် 
စားမဲ့ပန်းကန်ထဲရောက်အောင်ပို့နိုင်မယ်မထင်ပါဘူး

ပန်းကန်ထဲထမင်းရှိတာတောင်
ကိုယ့်ဗိုက်ထဲရောက် အောင်ထည့်နိုင်မယ်မထင်ပါဘူး 

အရာရာလူကြီးတွေ 
"ကူမှထနိုင်"  "ကျွေးမှစားရ"  "ပြေးဆိုမှပြေးတတ်" ယုံနဲ့ 
အသက်ရှင်ဖို့ မရပ်တည်နိုင်ပါဘူး

ဒါတောင် မြို့က ကလေးက 
ဒုက္ခသည်စခန်းက ကလေးထက်ပိုတော်သတဲ့လား

"တောက်"



Sunday, August 20, 2017

"အရိပ်"

"အရိပ်"


ဓါတ်ပုံ-အင်တာနက်

နေရပ်ဟောင်းကိုခြေအချ
အတိတ်ကအသံ စည်းချက်မှန်စွာ
ပွင့်အန်ဝေဆင်း ငါ့ရင်တွင်းသို့
ထုတ်ချင်းဝင်ဖေါက် မွှေနှောက်ပြန့်ဝင်
အရိပ်ထင်၏။

နေရာဟောင်းပုံရိပ်
အတိတ်ကိုပြန်ဆွ
မူးရလောက်အောင်မွှေ
ဝေဒနာတွေပေး
နှလုံးသွေးဆူ၏။

မွေးရပ်မြေနေရာဟောင်း
ဘယ်အကြောင်း ဘယ်အချိန်ဘဲလာ
ဒီအသံ ဒီအရိပ်တွေက
ဒဏ်ရာဟောင်းကိုပေး
 နှလုံးသွေးဆူ ရင်ကိုပူလည်း
လာမြဲ လာဆဲ လာခြင်ဆဲ။

၂၀၁၇ ခုနှစ်
နေရစ်တော့နေရာဟောင်း
နှောင်းခဲ့ပေါ့ သံအိုတေး
ရှေ့ရေးကိုမျှော်
ပျော်ရာမှာမနေ
တော်ရာမှာလေ
နေနိုင်ရင်နေ 
မနေနိုင်ရင်လည်းနေ
"မေ" ရေ ဒီတနှစ်တော့ပြီးပြန်ပေါ့လေ။