"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Sunday, August 20, 2017

"အရိပ်"

"အရိပ်"


ဓါတ်ပုံ-အင်တာနက်

နေရပ်ဟောင်းကိုခြေအချ
အတိတ်ကအသံ စည်းချက်မှန်စွာ
ပွင့်အန်ဝေဆင်း ငါ့ရင်တွင်းသို့
ထုတ်ချင်းဝင်ဖေါက် မွှေနှောက်ပြန့်ဝင်
အရိပ်ထင်၏။

နေရာဟောင်းပုံရိပ်
အတိတ်ကိုပြန်ဆွ
မူးရလောက်အောင်မွှေ
ဝေဒနာတွေပေး
နှလုံးသွေးဆူ၏။

မွေးရပ်မြေနေရာဟောင်း
ဘယ်အကြောင်း ဘယ်အချိန်ဘဲလာ
ဒီအသံ ဒီအရိပ်တွေက
ဒဏ်ရာဟောင်းကိုပေး
 နှလုံးသွေးဆူ ရင်ကိုပူလည်း
လာမြဲ လာဆဲ လာခြင်ဆဲ။

၂၀၁၇ ခုနှစ်
နေရစ်တော့နေရာဟောင်း
နှောင်းခဲ့ပေါ့ သံအိုတေး
ရှေ့ရေးကိုမျှော်
ပျော်ရာမှာမနေ
တော်ရာမှာလေ
နေနိုင်ရင်နေ 
မနေနိုင်ရင်လည်းနေ
"မေ" ရေ ဒီတနှစ်တော့ပြီးပြန်ပေါ့လေ။








No comments: