"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Saturday, August 27, 2016

" ဘိုကိုဟာရမ် " အချစ်ဦး မေ့မရဘူးကွယ် ကျွန်မရှင့်ကိုလွမ်းတယ် "

" ဘိုကိုဟာရမ်" အချစ်ဦး
မေ့မရဘူးကွယ်  ကျွန်မရှင့်ကိုလွမ်းတယ် 

ဓါတ်ပုံ-အင်တာနက်

ဘိုကိုဟာရမ် စစ်သွေးကြွ
အနောက်ကပညာရေးကိုဆန့်ကျင်
အမျိုးသ္မီးမှန်ရင် ပညာသင်ရန်မလို
ကြင်ယာကိုသာအလုပ်အကျွေးပြုရမတဲ့။

ဘိုကိုဟာရမ်စစ်သွေးကြွ
ကျွန်မတို့ ကျောင်းသူတစ်သိုက်ကို
အဓမ္မသိမ်းပိုက်သွားခဲ့
မိုက်လှတဲ့သူတွေ
ကမ္ဘာမကြေနိုင်ဘူး။

 ရက်တွေလကြာ
နှစ် နှစ်တာဆိုတဲ့ ကာလမှာတော့
မေတ္တာတွေဝေလို့
နှလုံးသားအရည်ပျော်ခဲ့ 
သူနဲ့ကျွန်မရင်သွေး
ချစ်စရာသ္မီးလေးရခဲ့ပါပြီ။

ကံကြမ္မာမျက်နှာသာပေးလို့
အဝေးကအိမ်ကိုပြန်
ဘ၀နေရာမှန်ပြန်စပေမဲ့
မေ့မရတဲ့ဒါဏ်ရာ
ရင်မှာကျန်ခဲ့ပြီ။

လေးလအရွယ်သ္မီး
ညည်းအဖေ ဘိုကိုဟာရမ်
ရာဇ၀င်တွင်ကျန်မဲ့လူဆိုး
နိုင်ငံတကာလက်ညှိုးထိုးနေလည်း
အမေ့အသဲမှာစွဲထင်
ကိုယ့်သခင်လင်သားမို့
မေ့မထားနိုင်ဘူးကွယ်။

အများလက်မခံ
တပူပူ တညံညံ
ဘယ်လိုအသံတွေ ရှိနေပါစေ
သ္မီးရဲ့အဖေ 
ဘိုကိုဟာရမ် အချစ်ဦး
မေ့မရဘူးကွယ် ကျွန်မရှင့်ကိုလွမ်းတယ်။

Amina Ali









No comments: