"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Thursday, November 13, 2014

"ဗုဒ္ဓဘာသာဖြစ်လို့ဆင်းရဲမွဲတေမှု အောက်ကျနောက်ကျမှုဖြစ်နေရတာလား ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်ကြံရင်ရောတိုးတက်ကြီပွါးမလား"

ပါမောက္ခဆရာတော်ဘုရာကြီး ဒေါက်တာနန္ဒမာလာဘိဝံသ

ဆင်းရဲမွဲတေမှု အောက်ကျနောက်ကျဖြစ်မှုဟာ ဗုဒ္ဓတရားတော်နဲ့ဘာမှမဆိုင်ဘူးဆိုတာကို နားလည် ဖို့လိုအပ်တာပေါ့နော်။

ဘုန်းကြီး လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကဆိုပါစို့ ကိုရီးယားနိုင်ငံက ချန်မြန်ဟီး (JUNG HYUN HEE) ဆိုတဲ့ ဘိက္ခူနီ မတစ်ယောက် ပညာဘူမိနိဒ္ဒေသ ပရမတ္တမဉ္ဖူသ ဆိုတဲ့ကျမ်းနဲ့ အိန္ဒိယနိုင်ငံ ပူနေးတက္ကသိုလ်မှာ thesis လုပ်တယ် သူ အဲဒီမှာသူ့ thesis ရှေ့မတိုးနိုင်လို့ ဘယ်ကသတင်းရလာတယ်မသိဘူး ဘုန်ကြီးတို့ဆီရောက် လာတယ်ပေါ့ ရောက်လာတော့ ဘုန်ကြိးဆီမှာ () နှစ်ခွဲလောက် ဘုန်းကြီးက အစအဆုံးဘဲ သင်ပေးလိုက်ရ ပါတယ် သင်ပေးလိုက်ရတယ်ဆိုတာ အဲဒီစာအုပ်ကို အစအဆုံးရှင်းပေးရတယ်ပေါ့ ပညာဘူမိနိဒ္ဒေသ ဆိုတဲ့ ပရမတ္တမဉ္ဖူသကျမ်း မြန်မာပြည်မှာတော့ ၀ိသုဒ္ဓိမဂ္ဂမဟာဋီကာလို့ခေါ်တယ် အဲဒီမဟာဋီကာရဲ့ပညာ ဘူမိအခန်း ကိုသင်ပေးတယ် အဲဒီတုန်းက သူပြောသွားတဲ့ စကားလေးတစ်ခုရှိတယ် ကိုရီးယားနိုင်ငံ မှာ ဗုဒ္ဓဘာသာ လူငယ်တွေကတဲ့ သူတို့နိုင်ငံဗုဒ္ဓဘာသာဖြစ်နေလို့ ဟို "ဗုဒ္ဓဘာသာဖြစ်လို့ရှိရင် မတိုးတက်ဘူးလို့ယုံကြည်နေတယ်" လို့သူပြောတယ် လူငယ်အများစုစိတ်ထဲမှာ ဗုဒ္ဓဘာသာဖြစ် လို့မတိုးတက်ဘူးလို့ ဒီလိုယုံကြည်နေတယ် အဲတော့ အဲဒီယူဆချက်တွေဟာတော့ တကယ်ကတော့ တလွဲသွားပြီးတော့ ပစ်မှတ်ထားနေကြတာလို့ဘဲ ဒီလိုဘဲယူဆတယ် ဘာဖြစ်လို့သူတို့ကဗုဒ္ဓဘာသာ ဖြစ်ရင်မတိုးတက်နိုင်ဘူးလို့လဲဆိုတော့ သူတို့ကြည့်တာက ငါးပါးသီလလေ သူများအသက်မသတ် ရဘူး သူများဥစ္စာမခိုးရဘူး သူတစ်ပါးသားမယားမစော်ကားရဘူး အရက်သေစာ လိမ်မပြောရဘူး အရက်သေစာမသောက်စားရဘူးဆိုတဲ့ ဒီငါးပါးသီလက မလုပ်ရဘူး မလုပ်ရဘူး ဆိုတာတွေ လောက်ဘဲသိပြီးတဲ့အခါကျတော့ ဒီတားမြစ်ချက်တွေကြောင့် ဗုဒ္ဓဘာသာဟာ ကြီးပွါးတိုး တက်မှုကို နှောင့်နှေးစေတယ်လို့ ဒီလိုယူဆတယ် သူတို့က အဲဒီလိုယူဆပြီးပြောတဲ့စကားတွေပေါ့ နော် အဲဒါ အဲဒါမျိုးလို ဒီ ဒါက ဒီအကြောင်းတစ်ခုက မြတ်စွာဘုရားဟောတဲ့တရားထဲမှာလည်းရှိပါတယ် ဒါက အဖြေမှန်လည်း မဟုတ်ဘူး အကြောင်းလည်းမဟုတ်ဘူး ဒီမှာ၊

ဗုဒ္ဓဘာသာများစုရှိသောမြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိအခြားနိုင်ငံများနှင့်စာလျှင် ဖွံ့ဖြိုးမှု နောက်ကျနေပါသေးသည် မြန်မာပြည်သူတို့သည် ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်ကြံကြမည် ဆိုလျှင် ချမ်းသာကြွယ်ဝ သောနိုင်ငံ ဖြစ်လာနိုင်ပါသလား

ဗုဒ္ဓဓမ္မလို့ဆိုတဲ့နေရာမှာ အဲ့ဒါကို နှစ်ပိုင်းခွဲဖို့လိုအပ်တယ် လောကီကိစ္စ လောကုတ္တရာကိစ္စ အဲဒီနှစ်ခုကို ဒီ ကိုယ်ကနိဗ္ဗာန်ရခြင်လို့တရားကျင့်တာလား (သို့မဟုတ်) စီးပွါးရှာတာလား စီးပွါးရှာ တာလားဆိုလို့ရှိရင် မြတ်စွာဘုရားဟောထားတဲ့ လောကမှာ စီးပွါးဖြစ်နိုင်တဲ့နည်းလမ်းတွေ မြတ်စွာ ဘုရားဟောထားတာရှိတယ်လေ အဲတော့မြန်မာလူမျိုးတွေမတိုးတက်တာဟာ လုပ်ငန်းမကျွမ်းကျင် လို့လား ဒါဒီဟာဘဲရှာရမယ်နော် မကြိုးစားကြလို့လား မကြိုးစားတာ၊

"ဥဋ္ဌာနသမ္ပဒါ"               "ကြိုးပန်းအားထုတ်မှု" ဆိုတာရှိရမယ် ကြိုးပန်းအားထုတ်တဲ့ 
                                 အခါမှာ "လုပ်ငန်းကျွမ်းကျင်မှု" လိုအပ်တယ် နောက် 
                                 "ဇွဲကောင်းဖို့လိုအပ်တယ် "နည်းပညာ" လိုအပ်တယ် 
                                 ဒါက သမ္ပဒါတစ်ခုထည်း မှာဖွဲ့စည်းထားတဲ့ အချက်သုံးချက်
                                 နောက်ပြီးလို့ရှိရင်

"အာရက္ခသမ္ပဒါ"             "အလေအလွင့်" မရှိအောင်ထိန်းသိမ်းတတ်ဖို့
                                 နောက်တတိယက

"သမဇီဝိတာ"                "၀င်ငွေထွက်ငွေ" မျှတအောင်သုံးစွဲတတ်ဖို့နဲ့

"ကလျှာဏမိတ္တတာ"       "မိတ်ကောင်းဆွေကောင်း" တွေရှိဖို့လို့ဆိုတာ

ဒီအချက်လေးချက်နဲ့ပြည့်လို့ရှိရင် မြတ်စွာဘုရားက ဒီအချက်လေးချက်နဲ့ပြည့်စုံလို့ရှိရင် မျက်မှောက် ဘ၀မှာ ချမ်းသာကြွယ်ဝနိုင်ပါတယ် ဒီလိုဟောထားတာ၊

The way to prosperity of human being in this life ဒီဟာ prosperity ရဲ့နည်းလမ်းတွေဘဲပေါ့ ကြီးပွါးတိုးတက်မှုအတွက်ဒါဟာတကယ့်ကိုနည်းလမ်းပေါ့။

အဲတော့ ကိုယ့်ဟာကို checkလုပ်ရမှာက ဗုဒ္ဓဘာသာဖြစ်လို့ မဟုတ်ဘူး ဒီအချက်တွေနဲ့မညီလို့ မကြီးပွါးတာ ပြောရမှာကတော့နော် ဒီအချက်တွေနဲ့ ညီမညီဘဲကိုယ့်ဟာကိုယ်စစ်ဆေးကြည့်ရမှာ ဒီအချက်တွေနဲ့ညီသ လား မညီဘူးလား မညီရင်ညီအောင် လုပ်ဖို့လိုအပ်တယ်ပေါ့။

ဘုန်းကြီးတို့တစ်တွေ သိမယ်ဆိုကြည့်လိုက်မယ်ဆိုရင် မြန်မာလူမျိုးအများစုကို ကြည့်လိုက် မယ်ဆိုရင် "အာရက္ခသမ္ပဒါ" အားနည်းတာရှိတယ် "အာရက္ခသမ္ပဒါ" အလေအလွင့်မရှိအောင် ထိမ်းသိမ်းတတ် မှုက မရှိဘူး ကနေ့အထိမရှိသေးဘူး ဘာဖြစ်လို့တုန်းဆို ဘုန်းကြီးဆွမ်းကပ်တာ တစ်ခုထည်း ဘဲကြည့် စားနိုင်မစားနိုင်မသိဘူး ဆွမ်းအပြည့်ထည့်တယ် အဲဒီမှာသွန်ပစ်ရတာ မနည်းဘူး နော် ဘာဖြစ်လို့တုန်းဆိုရင် သူကများများလှူမှများများရတယ်ဆိုတဲ့ လောဘကလေးကရှိ နေတယ်။

ဘုန်ကြီးတို့ကိုရီးယားသွားတယ် ကိုရီးယားသွားတဲ့အခါမှာ ဒီ ပန်းသီးလေးကို တစ်စိတ်ဘဲကပ်တယ် တစ်လုံး လုံးမကပ်ဘူး သီဟိုဌ်မှာဆိုလို့ရှိရင်လည်း ငှက်ပျောသီးတစ်ချိုး လောက်ဘဲကပ်တယ် ပန်းသီးကတစ် ချမ်းလေး မုန့်လေးကတစ်ယှက်လောက် တစ်ဦးဆိုတစ်ဦးစာဘဲကပ်တယ် နော် ကော်ဖီဆိုရင်ပုဂံအပြည့်ဘယ် တော့မှမထည့်ဘူး တစ်ဝက်ဘဲထည့်တယ် အလေအလွှင့်မရှိစေ ရဘူး အဲတော့ မြန်မာလူမျိုးတွေကြီးပွါးတိုး တက်မှုနောက်ကျနေတာဟာ အဲဒီ "အာရက္ခသမ္ပဒါ"မရှိ လို့ ကဲ "ဥဋ္ဌာနသမ္ပဒါ" ကတော့ရှိလား မရှိလားမသိဘူး ညနေကျလို့ ရှိရင်တော့ကော်ဖီဆိုင်မှာတော့ လူတွေ ပြည့် နေတာဘဲ။

အဲတော့ကြည့်လေ ဒီ "အာရက္ခသမ္ပဒါ" ဆိုတာာအင်မတန်မှအရေးကြီးတာ ဘုန်းကြီးတို့ ကျောင်း တွေမှာနေ့ တိုင်းနေ့တိုင်း ဆွမ်းကျန်ဟင်းကျန် သွန်ပစ်တာအများကြီးဘဲနော် ဘုန်းကြီးတို့ကျောင်းမှာ စစ်ကိုင်းမှာဆိုရင် ခဏခဏပြောရတယ် ဒီငရုတ်သီးကျော်ပါလာလို့ရှိရင် ငရုတ်သီးကျော်ကို ပုဂံကြီးနဲ့အပြည့်ထည့်တယ် စားတာကတစ်ပါးထည်း စားတာကတစ်ပါးထည်း နော် ဒီငရုတ်သီးကျော် ဆိုတာ တစ်ဇွန်းစာလေးလောက်ဘဲ စားနိုင်တဲ့ဟာကို အပြည့်ထည့်တယ်လေ ဒါကကိုယ့်နေရာ ဖြစ်နေတာကိုပြောပြတာ တစ်ခြားနေရာတွေလည်း ဒီအတိုင်းဘဲ အလေအလွင့်တွေအများကြီး ဖြစ်တယ် "အာရက္ခသမ္ပဒါ" မရှိဘူးလို့ပြောခြင်တယ် ဘုန်းကြီးက ဒါက မြန်မာလူမျိုးတွေက ဒီကြီးပွါးတိုးတက်မှုနောက်ကျနေတာ ဘယ်သူမှအပြစ်တင်နေစရာ မလိုဘူးနော် လူ မျိုးနဲ့ချီပြီးတော့ "အာရက္ခသမ္ပဒါ"မရှိဘူး maintenance မလုပ်ဘူး ဗမာတွေက လှူပြီးပြီးရင်ပစ်ထားခဲ့တာနော် ပြီးပြီလားပြီးရင် ပစ်ထားဆိုတဲ့လူမျိုးဘဲ အဲဒါ။

နောက်တစ်ခါ "သမ္မဇီဝိတာ" ရောရှိလား မရှိဘူး ၀င်ငွေလေးကတစ်လကိုတစ်သိန်း သုံးတာက ငါးသိန်း လောက်သုံးတယ် ကြွေးကလေးသိန်းယူတယ် အဲဒါတွေကအများကြီးဘဲ အဲတော့ (ချမ်းသာကြွယ်ဝဖို့) ဒီမြတ်စွာဘုရားရဲ့ တရားတော်ကိုလိုက်နာကျင့်ကြံရမယ်ဆိုတာ ချမ်းသာကြွယ် ၀ ဖို့ဟောတဲ့တရားကို လိုက်နာရမှာနော် အနိစ္စ ဒုက္ခကတော့ နိဗ္ဗာန်ရောက်ဖို့ဘဲရှိမှာဘဲ ၀ိပ္ပဿနာကျင့် စဥကတော့ နိဗ္ဗာန်ရောက်ဖို့ဘဲသွားတာလေ စီးပွါးလုပ်တဲ့ဘက် ကိုဖို့သွားတာမဟုတ်ဘူး။

အဲတော့မြတ်စွာဘုရားအဆုံးအမကို ဒီဗုဒ္ဓဘာသာမဟုတ်ပေမဲ့လို့ မြတ်စွာဘုရားဟောထားတဲ့ လမ်းကြောင်း အတိုင်းလိုက်တဲ့ နိုင်ငံတွေကကြီးပွါးတာ။

ဘုန်ကြီးတို့အမေရိကားမှာတစ်နှစ်နေခဲ့တယ် ဘယ်အဖြူကမှလာပြီးတော့ ကျွေးတာ မွေးတာ မရှိ ဘူး နော် သူတို့က ပြီးတော့ စစ်ကိုင်းလာတယ် သင်တန်းတက်ကြတယ် ဘုန်ကြီးတို့ဗမာမျက်စိနဲ့ ကြည့်မယ် ဆိုရင် ဒီလူတွေ တော်တော်နှမြောတဲ့လူတွေလို့ထင်တာ နော်ဗမာတွေက ဒီမယ်လှူတယ် တန်းတယ်ဆိုရင် ဘုန်းကြီးတွေကို သိန်းချီပြီးတော့လှူတယ် စင်္ကာပူ မလေးရှား သွားကြည့် အဲဒီလူတွေလှူလို့ရှိရင် စင်္ကာပူဒေါ်လာဆိုရင် နှစ်ဒေါ်လာ လှူတာရှိတယ်နော် ငါးဒေါ်လာ သုံးဒေါ်လာ ဆယ်ဒေါ်လာ ဒီလောက်ဘဲလှူတာနော် အများကြီးမလှူဘူး သဘောပြောပြတာပြော တာနော် သဘောပြောပြတာ ဟိုဆိုလိုတာက မဖြုန်းတဲ့သဘောကိုပြောပြတာ နော်။

အသုံးနဲ့အဖြုန်းကို မြန်မာလူမျိုးတွေနားလည်သဘောပေါက်တဲ့နေ့ဟာ "ကြီးပွါးတဲ့နေ့ဖြစ်မှာပါ" "ကြီးပွါးတဲ့နေ့ဖြစ်မှာပါ"


မြတ်စွာဘုရားတရားတော်အတိုင်း လိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ ဗျ ဂ္ဃပဇ္ဇသုတ်(သို့) ဒီဃဇာ ဏုသုတ် အတိုင်းလိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်။

ဘုန်ကြီးတို့ဟောပြောဘူးထားတဲ့ ဒီ "မြတ်ဗုဒ္ဓဒေသနာနဲ့ယနေ့ကမ္ဘာ" ဆိုတာ မြတ်စွာဘုရားဟော ထားတဲ့ တရားတော်တွေဟာ ဒီကနေ့ထိအောင်ခောတ်မီနေတုန်းဘဲ ခောတ်မီရေးနဲ့ပါတ်သက် ပီးတော့လဲ မြတ်စွာ ဘုရားဟောခဲ့တာဘဲနော် မြတ်စွာဘုရားရဲ့ ဒီစီးပွါးရေးပေါ်လစီလို့ပြောရမှာပေါ့ အီကော်နော်မီလို့ပြောရမှာဘဲ မြတ်စွာဘုရားက ဒီ "ကိုယ့်ရှိတဲ့ပစ္စည်းကိုလေးပုံပုံ တစ်ပုံဘဲစား တစ်ပုံကို emergency ထား နှစ်ပုံကို အတိုးအပွါးနဲ့ဖြစ်အောင်ကြိုးစား" လို့ ဒီလိုဟောထားတာ ဘဲလေ အဲဒီအတိုင်းလုပ်သလားမလုပ်ဘူးလားဘဲ ဟိုနိုင်ငံ ခြားမှာကြီးပွါးတိုးတက်တဲ့သူတွေဟာ တော်တော်စနစ်ရှိတာ တော်တော်စနစ်ရှိတာ အင်မတန်မှစနစ်ရှိတာ အ သေးအဖွဲလေးတွေကအစ ဒိပြင်လူတွေမကြည့်နဲ့လေ ကိုယ့်နိုင်ငံလာပြီးတော့အလုပ်လုပ်နေတဲ့ အရင်တုန်းကအိန္ဒိယ (လူမျိုး) တွေကြည့်ပေါ့ မြန်မာတွေလဲပြောနေကြတာ ဘာတဲ့ ဘယ်သူလိုရှာရမယ် "တရုပ်လိုရှာ ကုလားလို သုံး ဗမာလိုမဖြုန်းနဲ့"


ကဲအဲဒါပါဘဲလို့သာမှတ်ပါတော့ ဗမာပြည်ကြီး အောက်ကျနောက်ကျဖြစ်နေတာ ဘယ်သူ့မှ blame မလုပ်ပါနဲ့နော်ဘယ်သူ့မှ blame မလုပ်ပါနဲ့ အဲဒီဟာတွေကိုဖျောက်မယ်ဆို လို့ရင်တော့ဖြစ်ပါတယ် အဲဒီလမ်းစဉ်ကို ပြင်ဖို့ဘဲလိုတယ် ပြင်ရမှာဘယ်သူတွေပြင်ရမှာတုန်း လူတိုင်းလူတိုင်း individual အိမ်တိုင်း အိမ်တိုင်းကပြင်ရ မှာဖြစ်ပါတယ်နော် အိမ်တိုင်းအိမ်တိုင်းကပြင်ရမှာ အဲတော့ဒီမြန်မာ ပြည်သူတို့သည် ဗုဒ္ဓဓမ္မကိုလိုက်နာကျင့်ကြံ ကြမည်ဆိုလျှင်ဆိုတာ ချမ်းသာကြွယ်ဝဖို့အတွက် ဟိုကံကိုတစ်ခုထည်းအားကိုးနေလို့မရပါဘူးနော် ချမ်းသာ ကြွယ်ဝတာတွေက ကံဆိုတာက အချိန် ကျမှအကျိုးပေးလို့ရတာပါ ကံဆိုတာက ကိုယ့်ဟာကိုကောင်း အောင် လုပ်ပြီးတော့ အများကိုအကျိုး ရှိတဲ့အလုပ်လုပ်တာ ကောင်းမြတ်တဲ့စိတ်တွေထားပြီးလုပ်တာ ဒါကတစ်လမ်း ဘဲ အဲတော့ စီးပွါးရေး တိုးတက်အောင်လုပ်တာကတစ်လမ်းဘဲ အဲဒါကြောင့်မို့လို့ ဒီပစ်မှတ်တော့ "တရားခံရှာတာ" မလွဲကြ ပါစေနဲ့ပေါ့နော် အမြင်မှန်ကြပါစေ။


ဆရာတော်ဘုရားရဲ့မွေးနေ့မင်္ဂလာမှာ အဘိဓမ္မာနဲ့ပါတ်သက်တဲ့မေးခွန်းများဖြေကြားခြင်းမှ ကောက်နှုတ်ဖေါ်ပြ ပါသည်။ https://www.youtube.com/watch?v=3XFLlrQgXLI 34:50 to 45:58