"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, August 17, 2012

လူလေးကြီးရင်ဘာလုပ်မလဲ

ဟင်းစားရှာနေသောကလေးငယ်
မိဘတွေက သားသ္မီးတွေကိုမေးလေ့ မေးထရှိတဲ့မေးခွန်းပါဘဲ ဒီအလေ့ကလည်း လူလတ်တန်းစားတွေနဲ့အထက် မှာဘဲမေးတတ် ကြတယ်ထင်တာဘဲ လူလတ်တန်းစားအောက်နားကပ်နေတဲ့အလွှာ လည်းပါလောက်ပါတယ်
အောက်ခြေလူတန်းစားတွေမှာတော့ လူလေးကြီးလာရင်ဘာလုပ်မလဲ ဆိုတာ အထူးမေးနေစရာ မလိုပါဘူး မိဘရိုးရာကြုံရာ ကျဘမ်း ဒေသအလိုက်ပေါ့လေ မြစ်ဝကျွန်းပေါ်ဘက်ကျတော့ ဖားရှာ ငါးရှာ လှေလိုက် တချို့ဒေသကျတော့ ပျိုးနှုတ် ကောက်စိုက် ယာအကူ သူရင်းငှားလိုက် ဒါတွေအမွေ ခံပြီးဆက်လုပ်လိုက်ကြယုံဘဲလေ မိဘကမေးလို့ ကလေးလုပ်သူက ဗီဒီယိုတွေ ရုပ်ရှင်တွေ မှာပါတဲ့ အတိုင်း သားသား မီးမီး ကြီးလာရင် ဆရာဝန်ကြီးလုပ်မှာ အင်ဂျင်နီယာကြီးလုပ်မှာ ကွန်ပြူတာ ပညာရှင်ကြီး လုပ်မှာ လို့များပြောလို့ကတော့ ဟဲ့သောက်ကောင်လေး မဟုတ်တာတွေ ရှောက်ပြော မနေနဲ့ စားဖို့တောင် အနိုင်နိုင် နေစရာက အတည် တကျမရှိရတဲ့အထဲ စိတ်ကူးကယာဉ်ခြင်းသေး နင်လား ဆရာဝန်ကြီး အင်ဂျင်နီယာကြီး ကွန်ပြူတာ ပညာရှင်ကြီးဖြစ်မှာ သွားချောင်းထဲဆင်းပြီး ဟင်းစားသွားရှာ ပါမလာလို့ကတော့ နင်သေပြီ မှတ် ဆိုတဲ့အသံကြားရတတ်တယ်လေ

ဘယ်မိဘကမှတော့ ကိုယ့်သားသမီး ရည်မှန်းချက်ကြီးကြီးမားမား ထားတာ မြင့်မြင့်မားမား ဖြစ်ခြင်တာကို မကြိုက်တဲ့ မိဘ ရယ်လို့တော့ရှိမယ်မထင်ပါဘူး ကြိုက်ကြမှာပါဘဲ ဒါပေမဲ့ ကလေးတစ်ယောက် ဆယ်တန်းအောင်လို့ တက္ကသိုလ်မှ မပို့နိုင်တဲ့ မိဘအတွက် တက္ကသိုလ်တက်ခြင်ပါတယ်ပြောလာတဲ့ ကလေးကို၊ ကျောင်းတောင်မထားနိုင်တဲ့မိဘ အတွက်  ကျောင်းနေ ခြင်ပါ တယ် ပူစာနေတဲ့ ကလေးကို မိဘတွေဘယ်လိုဖြေကြမလဲ၊ ကရုဏာဒေါသောနဲ့ဆူမလား ရိုက်မလား  အပေါ်မှာပြောသလိုဘဲပြော လိုက်မလား….ဒါတွေထားတော့

ပြောခြင်တာကတော့ ရောက်ဘူးတဲ့ဒေသက ကလေးတွေကိုမေးတဲ့အခါ ဘာဖြေတယ်ဆိုတာပြောပြခြင်တာပါ ၂၀၀၉ နှစ်မတိုင်မီ       လောက် က မြစ်ဝကျွန်းပေါ်ဘက် ကျောင်းတစ်ကျောင်းရောက်တော့ ထုံးစံအတိုင်း ကလေးတွေနဲစကား ပြော သူတို့နဲ့ကစားရင်း သူတို့ကြီးလာရင်ဘာလုပ်ခြင်လဲဆိုတာကို သိခြင်လို့မေးကြည့်ပါတယ်

မေး       ။ သားသားကြီးရင်ဘာလုပ်မလဲ
ဖြေ        ။ စစ်သားကြီးလုပ်ခြင်တယ်
မေး       ။ ဘာဖြစ်လို့စစ်သားကြိးလုပ်ခြင်တာလဲသားရဲ့
ဖြေ        ။ လူတွေကိုပါးရိုက်လို့ရလို့တဲ့ (အမှန်ကတော့ လူဆိုးတွေကို ရိုက်လို့ရလို့ရတာကိုပြောလိုပုံရပါတယ်)

အဲဒီအချိန်လောက်ကဘဲ အထက်ဒေသတခုရောက်တော့ ရွာတစ်ရွာမှာ ဒီလိုဘဲမေးဖြစ်ပါတယ်

မေး       ။ သားသားကြီးရင်ဘာလုပ်မလဲ
ဖြေ        ။ ရန်ကုန်သွားပြီးလ္ဘက်ရည်ဆိုင်မှာစားပွဲထိုးလုပ်ခြင်တယ်
မေး       ။ ဘာဖြစ်လို့ ရန်ကုန်သွားပြီး စားပွဲထိုးလုပ်ခြင်တာလဲသားရဲ့
ဖြေ        ။ အိမ်ကိုပိုက်ဆံပေးလို့ရလို့

ဒီအဖြေတွေကိုကြည့်ရင် သက်ဆိုင်ရာဒေသရဲ့ အခြေအနေတစ်ခုကို ဆရာကျော်ဝင်းစကားနဲ့ပြောရရင် တစ်စုံတစ်ရာဆ၀ါး  လို့ရပါတယ် ဒီအမေးတွေဟာ လေ့လာဆန်းစစ်ချက်မဟုတ်ပါ သို့သော်လည်း ရန်ကုန်လ္ဘက်ရည်ဆိုင် တော်တော် များများမှာ အညာက ကလေးတွေအများအပြား အလုပ်လုပ်နေတာ မြစ်ဝကျွန်းပေါ်ဒေသအချို့မှာ စစ်သားကြီးတွေဟာ ကလေးတွေ အားကျစရာဖြစ်နေတာတွေ ကတော့ ငြင်းမရတဲ့အချက်တွေဆိုတာ လူတိုင်းသိကြမှာပါ

ဆိုခြင်တာကတော့ တစ်စုံတစ်ရာအတွက် လေ့လာဆန်းစစ်ခြင်တဲ့သူတွေဟာ များသောအားဖြင့်လူကြီးတွေကိုသာ မေးလေ့ရှိကြပြီး ကလေးတွေကိုမေးလေ့မရှိကြပါ လူကြီးတွေဟာအရောင်တွေရှိနေတတ်ပြီး ရိုးခြင်သော်လည်းမရိုးသာနိုင်ကြသူတွေရှိပါတယ် ဒါကြောင့်လူကြီးတွေကိုသာမက ကလေးတွေရဲ့စကား ကိုပါအလေးအနက်ထားမေးစေခြင်တာပါ ကလေးတွေဟာ ရိုးသားဖြူစင်တယ် အရောင်မရှိဘူး သူတို့လေးတွေ ရဲ့စကားတွေဟာ အဖိုးတန်ပါတယ် ဒေသကိုကိုယ်စားပြုနေပါတယ် လူ့အလွှာကို ကိုယ်စားပြုနေပါတယ်။

No comments: