"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, August 17, 2012

B.O.G ဒေါ့ ခွေးလား G.O.G ဒေါ့ ခွေးလား D.O.G ဒေါ့ ခွေးလား


ခွေးကို အင်္ဂလိပ်လို Dog ဒေါ့လို့ ပေါင်းတာကိုမူလတန်းတက်နေတဲ့ ကလးတောင်သိပါတယ်ကွာလို့ ပြောကြမဲ့ သူတွေ အများကြီး ရှိမယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး အဲလိုပြောကြသလို မူလတန်းက ကလေးတိုင်း မှန်မှန်ကန်ကန် ပေါင်းနိုင်  ရွတ်နိုင် ဆိုနိုင် ကြရင်တော့ ဒီစာရေးဖြစ်လိမ့်မည်မဟုတ်ပါဘူး

အဖွဲ့အစည်းတချို့နဲ့ အလုပ်လုပ်ရင်း မြန်မာပြည်ဒေသတချို့ကို အခါအားလျှော်စွာရောက်လေ့ရှိပါတယ် ရောက်တိုင်း လည်း ကလေးတွေကိုစိတ်ဝင်စားတာရယ်နောက်ပြီး မတူညီတဲ့ဒေသတွေမှာရှိတဲ့ ကလေးတွေနဲ့စကားပြောရတာ စိတ်ဝင်စားစရာတွေ ကြားရတတ်တာရယ်ကြောင့် ကလေးတွေနဲ့စကားပြောဖြစ်ပါတယ် စကားပြောဖြစ်တိုင်းမှာ ကလေး တွေ ဆီကကြားရ သိရတာတွေ တချို့ဟာ အလွန်စိတ်ဝင်းစားစရာတွေ ဖြစ်နေတတ်တာပါဘဲ

 မြစ်ဝကျွန်းပေါ်ဒေသရဲ့ မူလတန်းကျောင်းတချို့ ကိုရောက်တော့ ရောက်တဲ့ကျောင်းတစ်ကျောင်းဆိုရင် နာဂစ်ဒဏ် ခံထားရ လေတော့ ကြယ်မြင်လမြင် လေ၀င်နေ၀င် ဆိုပါတော့ ရွာရဲ့လူဦးရေနဲ့စာရင် မူလတန်းကျောင်းသား အရည်အတွက် ကြည့်ရ တာကတော့ အားရစရာပါ၊ ခက်တာက ဆရာကျောင်းသား အချိုးကတော့ ဆရာတွေနည်းနေတယ်ထင်တာပါဘဲ ဆရာ တွေကလည်း ကိုယ်စွမ်း ဥာဏ်စွမ်းရှိသ၍ သင်နေကြတာကိုလည်းတွေ့ရပါတယ်

ခန့်မှန်းကျောင်းသားဦးရေ ၇၀ ကျော်လောက်ကို ဆရာမကတစ်ယောက်ထဲနဲ့သင်နေရတာလေ အတန်းတစ်တန်းရဲ့ အင်္ဂလိပ်စာ အချိန်ဆိုပါတော့ ဆရာမကတော့ အတန်း ရှေ့ကနေ Dog "ဒေါ့" ခွေးလို့ ဆိုပြပြီး ကျောင်းသားတွေမှတ်မိအောင် တစ်ခါဆိုရင် (၅) ခါ ဒါမှမဟုတ် (၁၀) ခါ စသဖြင့် အခါခါလိုက်ဆိုခိုင်း ပါတယ် ကျောင်းသားတွေကလည်း အားကျိုးမာန်တက် လိုက်ဆိုကြ ပါတယ် ကျောင်းမှာက အတန်းတွေအားလုံးမှာ အကာအရံ ကမရှိကြဘူးလေ ဟိုဘက်အတန်း ကစာသင် တာ ကျောင်းသားတွေ လိုက်ဆိုတဲ့အသံတွေကို ဒီဘက်အတန်းကကြား ဒီဘက်ကအသံ ဟိုဘက်ကကြား နေရလေတော့ ဆရာမမလဲ ကိုယ့်ကျောင်း သားတွေ ဘာတွေဘယ်လို လိုက်ဆိုနေတယ် ဆိုတာကို ပီပီပြင်ပြင် ကြားဖို့ကလည်း မလွယ်ရေးချကမလွယ်လေ နောက်တန်းက ကလေးတွေဘာတွေဘယ်လိုဆိုနေတာ သိဖို့ကတော့ ပိုဆိုးတာပေါ့ အတန်းနောက်ခပ်လှမ်းလှမ်းနားက ရပ်နားထောင်နေ ရာက သေသေခြာခြာ အနားသွားနားထောင်ကြည့်တော့ ကလေးတွေလိုက်ဆိုနေတာ တခုခုတော့လွဲနေပြီဆိုတာ သိလိုက်ရတယ်

ဒါနဲ့ထမင်းစားလွှတ်ပြီးပြန်ရောက်လာတဲ့ ကလေးတွေနဲ့စကားပြောကြည့်ရင်း ခွေးကိုဘယ်လိုခေါ်တယ် မေးကြည့် တော့မှ လားလား တချို့ကလေးတွေက D.o.g ဒေါ့ ခွေး၊ တချို့က​ G.o.g  ဒေါ့ခွေး၊ တချို့က B.o.g ဒေါ့ခွေး၊ တချို့က G.o.d ဒေါ့ခွေး စသဖြင့်ု ခပ်ဝါးဝါးဖြစ်နေကြတော့တာပါဘဲ D.o.g ဒေါ့ခွေးလို့ ဆရာမ သင်တာကိုပထမတော့ D.o.g ဒေါ့ ခွေး ဆိုပြီးလိုက်ဆိုပုံရပါတယ် နောက်အဖန်တလဲလဲ လိုက်ဆိုရင်းဆိုရင်းက ခုလို အမျိုးမျိုးကို ဖြစ်ကုန်ကြတော့တယ် ထင်တာဘဲ ဆရာမကိုယ်တိုင်ရော နားထောင်နေသူ မိမိကိုယ်တိုင်ပါ အပေါ်ယံအား ဖြင့်တော့ D.o.g ခွေးလို့ ကြားနေရသလိုပါဘဲ  ဒါပေမဲ့ ကလေးတွေ တစ်ယောက်ခြင်းစီ တကယ်ဆိုနေတာကတော့  အမျိုးမျိုးတွေရယ်ပါ 

ကျွန်တော်တို့ D.o.g ဒေါ့ ခွေးဆိုတာကို အမျိုးမျိုးလိုက်ဆိုနေရတဲ့ကလေးတွေ မှန်မှန်ကန်ကန်ဆိုတတ်လာအောင် နားလည် လာအောင်  အတော့ကိုလုပ်ကြ ရအုန်းမယ်ဗျာ…..

ကလေးတွေတွင်သာမက ဘွဲ့ရလူကြီးတွေ မှာရော ဘယ်လောက်တောင် ယောင်ဝါးဝါးတွေရှိနေကြပြီလဲဗျာ…..

No comments: