"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Wednesday, July 4, 2018

"အပျော်"

"အပျော်"
CREDIT TO Thomas Hertwig
နေပူနေ
ရေပြင်ကိုဖြတ်
ရိုးပြတ်ကိုကျော်
ရွာကိုသွား ရွာစာစား
တအားပျော်ခဲ့ဘူးပါသည်။

မိုးရွာစေ
ဒီမှာနေ ဟိုကိုလည်
ဒီဟာဝယ် ဟိုဟာစား
မြို့ပြညများစွာ
လူးလာလျှောက်သွား
တအားပျော်ခဲ့ဘူးပါသည်။

မြူတွေဝေ
 ဆောင်းလေဖြန်းပက်
မနက်ခင်းအာရုဏ်
ရွှေတိဂုံသွား
ဘုရားပန်းလှူမီးပူဇော်
တအားပျော်ခဲ့ဘူးပါသည်။


ရာသီတွေပြောင်း
နှစ်တွေဟောင်းကျော်
ဒီအပျော်တွေ

ပြန်ရှာစေမတွေ့
မမေ့မလျှော့ရှိနေ

ပြန်ရဖို့တော့မရှိတော့ပါမေ။


No comments: