"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Saturday, February 17, 2018

"လူ့မင်းသား"

"လူ့မင်းသား"



ပူလောင် ခြောက်ကပ်
အိုက်စပ်စပ်နွေ
ရေငတ်ပြေဖို့
သွားကြစို့ဘီယာဆိုင်။

မိုးထစ်ချုန်းသဲ
တကိုယ်လုံးရွဲစို
နွေးဖို့လိုလို့
သောက်ကြစို့ ယမကာရည်။

နှင်းမှုံဖွေးဖွေး
ချမ်းအေးတုန်ရီ
ရာသီကပြင်းလွန် လွန်းလို့
သောက်ကြစို့ သူရာရည်။

နွေ မိုး ဆောင်း ရာသီတွေပြောင်း
အကြောင်းတွေပြ
ရေဆာပြေသောက် အာသာပြေသောက်
အလှသောက် အ၀သောက်
အေးလို့သောက် နွေးဖို့သောက်
ကြုံလို့သောက် မကြုံရင်ခေါ်သောက်
မှောက်ရင်မှောက် လန်ရင်လန်
အန်ခြင်အန်ပစေ
ငါလေသောက်စား လူ့မင်းသားဟေ့။

လေးဆယ်ကျော် လူ့ဘ၀စ
ဗိုက်ကပူ နို့ပါစူပြီ
အဆီတွေစု အဖုတွေဖြစ်
အဆစ်တွေနာ သွေးကျောမာကျဉ်း
မင်းလားဟဲ့လူ့မင်းသား။

ခြောက်ဆယ်ကော်ျမတော့
သွေးကတိုး ဆီးချိုပါစ
နှလုံးကမကောင်း ကျောက်ကပ်ကမစွံ
အရေပြားကလျှော့ရဲ သွားတွေကကျဲ
မျက်စေ့လည်းမှုံ အရာရာချွတ်ခြုံကျ
ဒုက္ခတွေဝေ သေခြင်းကလက်ရပ်ခေါ်နေ။

ဒီအချိန်ဒီအရွယ်ရောက်လို့မှ
တရားမသိ ဘုရားမရှိလို့ကတော့
မင်းလားမင်းသား
ကားယားယားနဲ့
အပါယ်လားတော့မည်
သတိထားတော့
သောက်သောက်စားစား လူ့မင်းသားရေ။













No comments: