"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, November 7, 2016

"ကလေးတွေကိုလေးစားကြပါ"

"ကလေးတွေကိုလေးစားကြပါ"



တလောက ဓါတ်ပုံတစ်ပုံ Facebook မှာတွေ့လိုက်ပါတယ် ဓါတ်ပုံထဲကလူကြီးတွေဟာ သူငယ်ချင်းတွေလား ဆွေမျိုးတွေလား လုပ်ဖေါ်ကိုင် ဖက် တွေလားတော့ မသိပါဘူး ဓါတ်ပုံကတစ်ပုံတည်းတင်ထားတာပါ အဲဒီပုံထဲမှာ လူကြီးတွေကပြုံးနေပြီး ကလေးတွေကတော့ ကင်မရာကို ကျောပေးထားပြီး လူကြီးတွေမျက်နှာပေါ်အောင် တစ်ဖက်ကို ကိုယ်ကိုယို့ပေးထားရတာ တွေ့ရပါတယ်။ ကြည့်ရတာကတော့ ကလေးတွေက ဒီပွဲမှာပါတဲ့လူကြီးတစ်ယောက်ယောက်ရဲ့ကလေး ဒါမှမဟုတ် တူတွေ တူမ တွေ ဖြစ်ပုံရပါတယ်။

ဓါတ်ပုံဆရာ (သို့) ဓါတ်ပုံအရိုက်ခံရတဲ့လူကြီးတွေက ကလေးတွေကို ဘေး ကို ကိုယ်ကိုယို့ခိုင်းပြီး လူကြီးတွေမျက်နှာကိုပေါ်အောင်ရိုက်ထားပုံရပါတယ် ဘာကြောင့်များနျှစ်ပုံ သုံးပုံလောက် ကလေးတွေကောလူ ကြီးတွေပါ ပါအောင်ရိုက်ပြီးမတင်တာလဲလို့စဉ်းစားမိပါတယ် လူကြိးတွေပွဲမို့ ကလေးတွေကိုအရာမသွင်းတာလား ကလေးတွေက အရေးမကြီးဘူးထင်လို့လား ကလေးတွေက ဓါတ်ပုံထဲမပါခြင်ဘူးထင်လို့လား ဘာကြောင့်ဆိုတာကို စဉ်းစားမရပါဘူး ပြောရရင်တော့ ကလေးတွေကိုမလေးစားတာ အရာမသွင်းတာပါ။

ပြောတော့ပြောနေကြတာပါဘဲ ယနေ့လူငယ် နောင်ဝယ်လူကြီးတို့ ကလေးတွေဟာအနာဂါတ်ခေါင်းဆောင်တို့ အဲသလိုပြောနေပေမဲ့ ကလေးတွေကိုလူငယ်တွေကို လေးစားဖို့ နေရာပေးဖို့ကျတော့ အတော့ကိုအား နည်းကြတာတွေ ရှိနေပါတယ် မိမိကိုယ်တိုင်လည်း အနည်းနဲ့အများရှိခဲ့ဘူးမယ်ဆိုတာဝန်ခံပါတယ်။

အပေါ်ကပြောတဲ့ဓါတ်ပုံကို အဲဒီမှာပုံမှာပါတဲ့လူကြီးတွေကြည့်ရင်း ပျော် နေကြသလား ကလေးတွေရောအဲဒီပုံကိုမြင်ရင် ပျော်ကြပါ့မလား ကလေးတွေစိတ်ထဲဘယ်လိုတွေးနေကြမလဲ သူတို့ကလေးတွေဟာလူကြီးတွေလို အရာဝင်တဲ့သူတွေမဟုတ်ဘူးလို့ထင်နေမလား သိမ်ငယ်စိတ်တွေဖြစ်နေမလား သူတို့လေးတွေကြီးလာရင် အဲဒီလူကြီးတွေလိုဘဲ ကလေးတွေကို မလေးစားဘဲနေကြဦးမလား နေရာမပေးဘဲ ဆက်ဆံကြဦးမှာလား။

ပြောရရင် အဲဒီမှာပါတဲ့လူကြီးတွေကြည့်ရတာပင်စင်စားအရွယ်တွေပါ မကြာခင် မီးဇာကုန်ဆီခမ်းကြတော့မှာပါ ကလေးတွေကအများကြီးလူလုပ်ကြရအုန်းမှာပါ။

"ကလေးတွေကို လေးစားကြပါ" လို့ဘဲပြောခြင်ပါတယ်ဗျာ။

မောင်ဖိုးကို



  



No comments: