"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, October 31, 2016

"ကြက် ညဥ့်ငှက် (သို့) ပြည့်တန်ဆာ"

"ကြက် ညဥ့်ငှက် (သို့) ပြည့်တန်ဆာ"

"ကြက်"

ဓါတ်ပုံ အင်တာနက်

မနက်ခင်းဆိုတာ ကြက်တွန်မှလင်းရတာလေ
ဘယ်သူဘာပြောမလဲ
ဟင်းပွဲဆိုတာ ကြက်သားပါမှ ပါးစပ်စိုတာ
 ဘယ်သူဘာပြော
မုန့်ဆိုတာ ကြက်ဥပါမှအရသာရှိတာ
ဘယ်သူဘာပြောမလဲ

အဲ "လူမ" ကိုတော့ "ကြက်" လို့သွားမခေါ်နဲ့
ခန္ဓာကိုအသပြာနဲ့ဝယ်လို့ရတဲ့ ဇိမ်မယ်ဖြစ်သွားမယ်


"ငှက်"


ဓါတ်ပုံ  အင်တာနက်


ကောင်းကင်ယံဆိုတာ  ငှက်တွေပျံနေမှတင့်တယ်တယ်ဆိုတာ
ဘယ်သူဘာပြောမလဲ
လေယဉ်ပျံဆိုတာ ငှက်ကိုအတုယူထားရတယ်ဆိုတာ
ဘယ်သူဘာပြောမလဲ
လူစကားဆိုတာ ငှက်တွေသာပြောတတ်တာ
ဘယ်သူဘာပြောမလဲ

အဲ "လူမ" ကိုတော့ "ညဥ့်ငှက်"လို့သွားမခေါ်နဲ့
ခန္ဓာကိုအသပြာနဲ့ဝယ်လို့ရတဲ့ ဇိမ်မယ်ဖြစ်သွားမယ်

 ဇိမ်မယ်ဆိုတာ ခန္ဓာကို အသပြာနဲ့ရောင်းတဲ့
ကိလေသာရဲ့သားကောင်
ကြက်ငှက်ဆိုတာ ခန္ဓာကို လူ့အစာအတွက်ပေးဆပ်
လေစားအပ်တဲ့ သတ္တ၀ါ

အသွေးအသားရောင်းစားသူကို
လေးစားအပ်သူတို့ရဲ့ အမည်နာမတပ်
လိင်အလုပ်သမ အဓိပ္ပါယ်နဲ့ခေါ်
မတော်ပါဘူး
ခေါ်ခြင်းခေါ်
ပြည့်တန်ဆာလို့ခေါ်တာက
ပိုလှပါတယ်လေ


(ကျားနဲ့ငါး ပြီးရင် "ကြက် နဲ့ ညဥ့်ငှက်" ရေးပါပြောတဲ့သူငယ်ချင်း သို့)
မောင်ဖိုးကို





No comments: