"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Sunday, October 9, 2016

"သုခုမ ဝေဒနာ"

"သုခုမ ဝေဒနာ"



ခေါင်းခါးခြေလက်  ဤလေးချက်
မပျက်စေရ သုခုမတဲ့

ခေါင်းခါးခြေလက်  ဤလေးချက်
မပျက်စုံညီ ဒို့ဗမာပြည် 
စည်ပင်ဖွံ့ဖြိုး အလှတိုးမည်

ခေါင်းမှာက ကချင်
ဘယ်လက်က ရှမ်းနဲ့ကယား
ညာဘက်က ချင်းနဲ့ရခိုင်
ခြေမှာက ကရင်နဲ့မွန်
ခါးကဗမာ
လှပစွာတည်တို့မြန်ပြည်

ဒို့ပြည်ရဲ့ဝေဒနာ
ခေါင်းမှာဒဏ်ရာ
ခြေအနာနဲ့
လက်မှာကကျိုး
ဒီအခြေဆိုးက
အနုအလှ သုခုမပျက်
ဟန်ချက်သွေဖီ တို့မြန်ပြည်
တည်ငြိမ်မှုပျက်သုဉ်း မျှော်လင့်ချက်ဆုံး၍
 အမှောင်ဖုံးလေတော့မည်လား။








No comments: