"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Tuesday, October 18, 2016

"သက်ထားသခင်"

"သက်ထားသခင်"


အတိတ်သံယောဇဉ် 
အမျှင်မျှင်ရစ်ခွေပါတ်
အထပ်ထပ်တင်း ချစ်ခြင်းဆိုတာ
မြင်မြင်ခြင်းမှာပေါ်လာခဲ့

သံယောဇဉ်အခြေခံ 
သံသရာမှာ
ဘယ်စံနဲ့လာတာလဲ
ငါးရာနှစ်ဆယ့်ရှစ်လား 
တစ်ထောင့်ငါးရာလား   
ဘယ်သူများသိနိုင်ပါလိမ့်

၁၅၀၀ အခြေခံ ဒီစံနဲ့လာရင်တော့
သေခြာတာတစ်ခုရှိတယ် အချစ်ဆိုတာ
"ကိလေသာ"

၅၂၈ အခြေခံ ဒီစံနဲ့လာရင်တော့
သေခြာတာတစ်ခုရှိတယ် အချစ်ဆိုတာ
"မေတ္တာ"

သံသရာတစ်ကွေ့ 
ပြန်တွေ့တဲ့အခါ
တအူတုံဆင်း မောင်ရင်းနှစ်မ
ဖြစ်မလာတဲ့အချစ်မှာ
အခြေခံစံတွေကွဲပြား
တတိုင်းကခြားခြင်တိုင်းခြားလို့
ချစ်များပင်ချစ်ငြားပေမဲ့
"သက်ထားသခင်" တော့ ဖြစ်မလာဘူးပေါ့လေ။


မောင်ဖိုးကို






No comments: