"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Tuesday, August 16, 2016

၂၁ ရာစုပင်လုံ သို့

"၂၁ ရာစုပင်လုံ သို့ "




ပင်လုံစိတ်ဓါတ်ဆိုတာ
အာဏာကိုမျှ 
အရင်းအမြစ်တွေ ဝေကြဖို့လား

တို့ပြည်သူဆိုတာ
အာဏာလည်း မမက်
အရင်းအမြစ်တွေကိုလည်း မဖက်တွယ်
"၇" ပြည်နယ်လည်း စိတ်မ၀င်စား
လူမျိုးအခြေခံဆိုတာလည်း နားမလည်
ပထ၀ီအခြေခံတာလည်း မသိဘူး

တို့သိခြင်တာက
ရတဲ့လုပ်ခနဲ့ ၀၀စားလို့ရမလား
သန်သန့် ၀တ်လို့ရမလား
သားသ္မီးတွေ ကျောင်းထားလို့ရမလား
ကျောချစရာ နေရာရမလား
မကျန်းမာရင် ဆေးကုနိုင်မလား

ဒါ့ပြင်
မိုးတွင်းဆို ရေမလျှံဖို့
နွေမှာဆို ရေမရှားဖို့
တို့မောင်နှစ်မ ဒေသတွေမှာ ငြိမ်းချမ်းဖို့

ဒိထက်ပို ဘာကိုမှ မလိုခြင်ဘူး
ချမ်းသာဖို့လည်းစိတ်ကူး မယဉ်ဘူး
ဆင်းရဲလို့လည်း မငြီးငြူ ခြင်ဘူး

တို့ခြင်းက ချစ်ပြီးသား
ညီပြီးသား
"ဖြူ"လို့မချစ်ဘူးဆိုတာ မရှိသလို
"မဲ" လို့လည်း မမုန်းဘူး
"ညို" လို့လည်း ပိုမချစ်ဘူး

တို့တွေကြားမှာ
"နည်း" ရ  မှာကို မပူသလို
"များ" ရမဲ့သူတွေကို ကြည်ဖြူပြီးသား

ဒီတော့
"မင်း" တို့ခြင်း
အုပ်ချုပ်တဲ့မင်း
အုပ်ချုပ်မဲ့မင်း
အချင်းချင်း ချစ်ဖို့ ညီဖို့
ဘဲလိုတယ်

ပင်လုံစိတ်ဓါတ် ဘာကိုပြမှာလဲ
အာဏာကိုမျှ 
အရင်းအမြစ်တွေ ဝေကြဖို့လား။














No comments: