"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Tuesday, August 16, 2016

"ေမ" "မေ"

"ေမ"


အနေဝေးလို့ သွေးအေးပြီထင့်
အနာဂါတ်ကိုမျှော် မပျော်တော့ဘူး "မေ"

အနေဝေးလို့ စိမ်းလေပြီထင့်
အတိတ်ကိုတမ်းတ လွမ်းရမှာလား "မေ"

အနာဂါတ်ကိုမျှော် ပျော်မရလို့
အတိတ်ကိုတမ်းတ လွမ်းမပြခြင်ဘူး

အတိတ်ဒါဏ်ရာ ပစ္စုပ္ပန်မှာကုန်စေ
အနာဂါတ်ကံကြမ္မာ ပစ္စုပ္ပန်မှာမွေးဖွါးစေ

ပျော်ရာမှာနေတဲ့သူနေ
တော်ရာမှာနေတဲ့သူနေ

အနေဝေးနေ ဝေးနေပါစေ "မေ" 

Aug 16, 2016


No comments: