"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, February 15, 2013

“ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်” ဆိုတဲ့စကားမသုံးထိုက်ဘူး



သတ္တ၀ါတိုင်း သတ္တ၀ါတိုင်း ကိုယ့်ကံကိုဖန်တီး၍ကိုယ့်ခရီးကိုယ်သွားနေကြတယ် အဲဒါပထမပိုင်ပိုင်နိုင်နိုင် နားလည်ကြရမယ် ကံတရားသည်သတ္တ၀ါတို့၏ အကျိုးကိုဖြစ်စေတယ်လို့ဆိုသည်မှာ ကုသိုလ်ပြုရင်ကောင်း ကျိုးဖြစ်မယ် မကောင်းမှုပြုရင်မကောင်းကျိုးဖြစ်မယ် ခြားနားချက်ရှိတယ်

လူ့လောကမှာ ကိုယ့်ကံကိုယ်ဖန်တီး၍ ယူနိုင်တယ်ဆိုတာ ပိုင်ပိုင်နားလည်ထားရမယ် ကိုယ့်ကံကိုယ်ဖန် တီးနိုင်ရ မယ် ကိုယ့်ကံကိုယ်ဖန်တီးနေကြတယ် ဒီစကားအမှန်ဆုံးဘဲဖြစ်တယ် အဲဒီနေရာမှာ "စကားအမှား ကြီးတစ်ခုမြန်မာပြည်ရောက်နေတာ" ဘာလဲဆိုတော့ “ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်” ဒီစကားကြီး သုံးနေတယ်  ဒီစကားမသုံးထိုက်ဘူး "ကြမ္မာဆိုတာဂြိုလ်ဆိုး" လို့ခေါ်တယ် မကောင်းကျိုးပေးတာ “ကိုယ်ကြမ္မာကိုယ်ဖန်တီးတယ်” ဆိုတာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတပ်သေဆိုတာနဲ့အတူတူဘဲ အမြင်နမိတ် အသံတဘောင်တဲ့ အမြင်သည်နမိတ်ဖြစ်တယ် ကောင်းသောအရာကိုမြင်လို့ရှိရင်ကောင်း ကျိုးချမ်းသာဖြစ်လာတယ် အသံသည်တဘောင်ဖြစ်သောကြောင့် မကောင်းတာပြောရင် မကောင်းသော အကြောင်းအရာ နောက်ဖြစ်ပေါ်လာတတ်တယ် အသံသည်တဘောင်ဖြစ်တယ်

ဒီစကားဘယ်အချိန်ကစပြောလည်းလို့ဆိုတော့ ဘုန်းကြီးမှတ်မိသမျှ ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မှီ စစ်ကြိုခောတ် ကတည်းကဒီစကားစတင်ပေါ်လာတယ် ဒီစကားပေါ်တဲ့နေရာဘယ်ကစသလဲ နိုင်ငံရေးသ မားတွေပါးစပ်ကစခဲ့တယ် ဘုန်းကြီးထိုအချိန်ကစာသင်သားဘ၀ မြို့ရွာတွေကိုလှည့် လည်စာသင်နေတဲ့ အချိန်ဖြစ်တယ် သူတို့က ဘယ်လိုပြောကြလည်းဆိုတော့ စင်မြင့်ပေါ်ကနေပြီးတော့ “ကိုယ့်ကြမ္မာကိုယ်ဖန် တီးနိုင်ရမယ်” “ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်” ဒီစကားတွေသုံးကြတယ် ဒီစကားတွေအော်ကာအော် ကာနဲ့ပြောကြတော့ စာနယ်ဇင်း တွေက    ဒီစကားတွေချဲ့ရေးကြတယ် စာဖတ်ပရိတ်သတ်တွေက ဒါတွေကို နောက်ရောင်ခံပြီးတော့ ဖတ်ပြီး တော့ ပါးစပ်ကပြောလာကြတယ် အဲဒီကနေပြီးတော့ မြန်မာပြည်မှာအနှံ့အပြား   ကိုယ့်ကြမ္မာကိုယ်ဖန်တီးတယ် ဆိုတဲ့ကိုစကားကိုသုံးလာတယ် (ဘုန်ကြီးတော့) အဲဒီစကားကနေ့ထိမသုံးသေးဘူး တစ်ခါရံဖန်ရံခါဗမာ့အသံကဟောပြောချက်တွေ တစ်ချို့ဘယ်သူဘယ် သူတို့ရဲ့မိန့်ခွန်းဆိုတဲ့ စကားထဲတောင်ဒီစကားတွေပါနေသေးတယ် မြန်မာ့အသံမှအမှုထမ်းဝန် ထမ်းတွေပြောတဲ့ စကားတွေထဲလည်း ဒီစကားပါသေးတယ်

ဒါကြောင့်မို့ မြန်မာပြည်မှာကောင်းကျိုးချမ်းသာဖြစ်စေခြင်ရင် ဒီလိုမင်္ဂလာမရှိတဲ့စကားမပြောရဘူး မပြော ထိုက်ဘူး "ပါးစပ်သည်မုခမင်္ဂလာဖြစ်ရမယ်" မုခမင်္ဂလာဆိုသည်မှာကောင်းသောစကားပြော  မယုံရင် လူတစ် ယောက်ရဲ့ပြောပုံဆိုပုံကိုစောင့်ကြည့် ထိုသူသည်စကားချိုချိုသာသာ ကောင်းကောင်း မွန်မွန်ပြော တတ် သောသူရဲ့ဘ၀ခရီးမှာပြေပြေပြစ်ပြစ်ချောချောမွေ့မွေ့သွားလိမ့်မယ် သူရဲ့နှုတ်ထွက်စကားသည် ကြမ်း တမ်းသော သူသည် သူရဲ့ဘ၀အကျိုးပေးလည်းကြမ်းလိမ့်မယ် သူရဲ့နှုတ်ထွက်သည်မင်္ဂလာမရှိသောစကား ကိုပြောလို့ရှိရင်    ထိုသူရဲ့ဘ၀ ယနေ့မဖြစ်သေးသော်လည်း နောင်တစ်ချိန်တွင် သူ့မှာဒုက္ခသုက္ခကြုံရ တတ်တယ်   မယုံစောင့်ကြည့် သူ့ပါစပ်ကပြောစောစကားသည် သူရဲ့ဘ၀ခရီးအတွက်သူဖါသူဟောကိန်း ထုတ်လိမ့်မယ်ဖြစ်တယ်

ဒါကြောင့်မို့ ပါးစပ်ကပြောသောစကားသည် မုခမင်္ဂလာရှိရမယ် သုတိကာရ မကောင်းတဲ့စကား မပြောအပ်ဘူး  ဒါကြောင့်မို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရမယ်ဆိုတဲ့စကားမပြောထိုက်ဘူး ဒီအတိုင်းဘဲ မြန်မာပြည်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လိုက်တာ   မြန်မာပြည်အကုန်လုံးပြာပုံကြီးဖြစ်သွားတယ် မြန်မာပြည် ဘာမှအဖတ်ဆည်မရလောက်အောင်အချို့နေရာတွေ လုံးဝမြို့ကြီးပါပျောက်သွားတယ် “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး”  ဒီစကားက မကောင်းဘူး

ဒီတော့ယနေ့မှစ၍ မြန်မာပြည် သုတိကာကောင်းသောစကားပြောကြပါလို့ ဘုန်းကြီးကတိုက်တွန်းရတယ် “ကိုယ့်ကံကိုယ်ဖန်တီးနိုင်ရမယ်” စကားအမှန်ကဒါပါ ဒီစကားပြောလိုရင်းစကားမှားနေတာဖြစ်တယ်    “ကိုယ့်ကံကိုယ်ဖန်တီးနိုင်ရမယ်” “ကိုယ့်ကံကိုယ်ဖန်တီးနိုင်ရမယ်”

တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး အရှင်ဦးဥတ္တမသာရ

No comments: