"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Sunday, February 10, 2013

ငြိမ်းချမ်းရေး


“ငြိမ်းချမ်းရေး”

တစ်မြေထဲဘဲ နေနေ
တစ်ရေထဲဘဲ သောက်သောက်
ဘာသာဘဲ မခြား ခြား
အသားအရောင်ဘဲ မကွဲ ကွဲ
လူမျိုးတူဘဲ ဖြစ်ဖြစ်
နိုင်ငံသားဘဲ တူတူ
အယူဝါဒတွေဘဲ မကွဲပြား ပြား
အသိပညာဘဲ မဟ ဟ
ဆင်းရဲချမ်းသာဘဲ မကွာ ကွာ

"နှလုံးသားခြင်းဝေးလို့ ကတော့"

မခေါ်နိုင်ကြ မပြောနိုင်ကြ သံသယတွေဝင်
အမုန်းတွေပွါး သံယောဇဉ်တွေမဲ့ပြီး

“စစ်ပွဲတွေဖြစ်နေကြအုန်းမှာပါ”



တစ်ကမ္ဘာစီဘဲ နေနေ
ဘာသာတွေဘဲ ခြားခြား
အသားအရောင်ဘဲ ကွဲကွဲ
ဘာလူမျိုးတွေဘဲ ဆိုဆို
ဘယ်နိုင်ငံသားဘဲ ဖြစ်ဖြစ်
ဘယ်အယူဝါဒဘဲ ယူယူ
အသိပညာဘဲ ဟဟ
ဆင်းရဲချမ်းသာဘဲ ကွာကွာ

"နှလုံးသားခြင်းနီးလို့ ကတော့"

ချစ်ကြခင်ကြ မေတ္တာရှိကြ
သံယောဇဉ်တွေရစ်တွယ်ပြီး

“ငြိမ်းချမ်းနေကြမှာပါ”


mg4ko_130210

No comments: