"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, October 26, 2012

မြန်မာပြည်မှာအင်ဂျင်နီယာဖြစ်ရန်မလွယ်တော့

တစ်ချိန်ကရန်ကုန်စက်မှုတက္ကသိုလ်
(၂၅-၁၀-၂၀၁၂ ထုတ် 7 Days ဂျာနယ်မှ)
ဗမာပြည်မှာအင်ဂျင်နီယာဖြစ်ရန်မလွယ်တော့လို့ဆိုလိုက်တော့ အရင်ကလွယ်ခဲ့လို့ပေါ့လို့ပြောစရာရှိလာပါ တယ် ဟုတ်ပါတယ် ၂၀၁၂ မတိုင်မီကဗမာပြည်မှာအင်ဂျင်နီယာဖြစ်ရန်လွယ်ပါတယ် အတော့ကိုလွယ်ခဲ့ပါ တယ် ဒါကိုလူတိုင်း အထူးသဖြင့်ကျောင်းသားဟောင်းကြီးတွေကပိုလို့သိကြပါတယ် ဘယ်အချိန်ကစလွယ် လာသလဲပြောရရင်တော့ ၁၉၈၈ နောက်ပိုင်းတဖြည်းဖြည်းနဲ့လွယ်လွယ်လာတယ်ပြောရမှာပါ

ီ်နှစ် ၂၀၁၂ မတော့ ရန်ကုန်နည်းပညာတက္ကသိုလ်တက္ကသိုလ်ဝင်ခွင့်အနိမ့်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက်ကထိပ်ဆုံးမှာရှိနေပြီး မန္တလေးနည်းပညာတက္ကသိုလ်ကစတုတ္ထနေရာမှာ အထက်ပါဇယား အတိုင်းရှိနေတော့နာင်မျိုးဆက်သစ်တို့ အင်ဂျင်နီယာဖြစ်ရေးကတော့ အတော့ကိုကြိုးစားကြရတော့မှာ ဖြစ်ပါတယ်

တစ်စတစ်စကျဆင်းလာတဲ့ အင်ဂျင်နီယာများရဲရည်အသွေးပြန်လည်မြှင့်တင်ဖို့ တစ်ချိန်ကရှိခဲ့တဲ့အင်ဂျင် နီယာတက္ကသိုလ်ရဲ့ဂုဏ်သိက္ခာပြန်လည်ရရှိစေဖို့ အနိမ့်ဆုံးပတ်ဝန်းကျင်နိုင်ံမျာှးာ ဗမာအင်ဂျင်နီယာတွေ လူရိုသေရှင်ရိုသေဖြစ်စေဖို့ကို ခောတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသောဆရာဆရာမများကျာင်း သူကျောင်းသာဟောင်းများရဲ့ကြိုးစားမှုကနေ လိုအပ်ချက်အရ အင်ဂျငနီယာတက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးအ မှတ်တွေမြင့်မား လာတာသာဖြစ်တယ်လို့ထင်ပါတယ်

ကျောင်းဝင်ခွင့်အမှတ်ကို ဘယ်လောက်ပင်သတ်မှတ်ပါစေ တက်ရောက်သင်ကြားလိုသော စိတ်ဝင် စာသော ကျာင်းသာနည်းပါးပါကလည်း သတ်မှတ်ဝင်ခွင့်အမှတ်များ ပြန်လည်နှိမ့်ချသတ်မှတ်ကောင်း သတ်မှတ်ရမှာဖြစ်ပါတယ် ကျောင်းပြီးတဲ့အခါမလည်း အလုပ်ရနိုင်မှုအခွင့်အလမ်း လစာရရျှိမှုအခြေ အနေ ကျောင်းဆင်းအင်ဂျင်နီယာများရဲ့အရည်အသွေးနဲ့ လက်ရှိကျောင်းရဲ့ဂုဏ်သိက္ခာပြန်လည်မြင့်ရေးဆောင်ရွက်နေကြသော ဆရာဆရာမများ ကျောင်းသားကျောင်းသူဟောင်းများနှင့် သင်ကြားကြမည့်ရာရာမများအပေါ် မျိုးဆက်သစ်တို့ရဲ့ ယုံကြည်ကိုးစားမှုများအပေါ်မူတည်ပီး တက်ရောက် လိုတဲ့ကျာင်းသားတွေများလာပြီ ကျောင်းဝင်ခွင့်အမှတ်များပို၍ပို၍ တိုးလာလိမ့်မယ်လို့လည်းယုံ ကြည်နပါတယ်

တချို့သောသူတွေကတော့ ကျောင်းဝင်ခွင့်အမှတ်တွေမြင့်သွားလို့ အမှတ်မမီလို့ အင်ဂျင်နီယာကျောင်းမ တက်ရလို့စိတ်ထဲမချင့်မရဲနဲ့ဘ၀င်မကျတာတွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့အမိဗမပြည်ကမွေးထုတ်လိုက်
တဲ့စံချိန်စံညွှန်းမီအရည်အသွေးပြည့်အင်ဂျင်နီယာတွေပေါ်ထွက်လာရေးမို့ ဘ၀င်မကျပေမဲ့နားလည်လက်ခံ ကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်

ပါတ်ဝန်ကျင်းမှာလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျောင်းပြီးသွားတဲ့ အင်ဂျင်နီယာငယ်တချို့ကအခုဖွင့် မဲ့ကျောင်းမှာဖြစ်နိုင်ရင်ကျောင်းပြန်တက်ခြင်တယ်ဆိုတာတွေ  မျိုးဆက်သစ်တို့ကလည်း ကြို့ကုန်းမှာရှိတဲ့ အင်ဂျင်နီယာတက္ကသိုလ်မှာကျောင်းတက်ရအောင်ဆိုပြီးအားခဲသံတွေ အနယ်နယ်အရပ်ရပ်ကအင်ဂျင်နီ ယာဘွဲ့ရပြီးင်္သွားတဲ့သူတွေကလည်း ဒီကျောင်းကြီးမှာမတက်လိုက်ရလေခြင်းဆိုတဲ့ အံကြိတ်သံတွေကို ကြားနေရပါတယ်

နိုင်ငံတော်ရဲ့ပြောင်းလဲလာသောနိုင်ငံရေးအခင်းအကျင်း ပွင့်လင်းလာသောစီးပွါးရေးဈေးကွက် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးစတာတွေဲ့လိုက်လျှောညီထွေတဲ့ အခြေခံအဆောက်အအုံများဖြစ်တဲ့ ရေပေးဝေရး လျှပ်စစ်ဓါတ် အားဖြန့်ဖြူးး သယ်ယူပို့ဆောင်ရေး ဆက်သွယ်ရေး အစရှိတဲ့လုပ်ငန်းတွေအပြင် ရေကြီးခြင်း မြေပြိုခြင်း အဆောက်အဦ တံတားများပြိုကျခြင်း ရေကာတာများကျိုးပေါက်ခြင်း လေယာဉ်ပျက်ကျခြင်းဓါတုစက်ရုံ များပေါက်ကွဲခြင်းစတဲ့ လူအစုလိုက်အပြုံလိုက်သေကျေစေတဲ့ဘေး အန္တရယ်တွေမှာ အရည်အသွေးမြင့် အင်ဂျင်နီယာများရဲ့ ကဏ္ဍဟ ဘယ်လောက်အရေးပါလှတယ်ဆိုတာ လူတိုင်းသိကြပါတယ်

"ဒီတော့မြန်မာပြည်မှာအင်ဂျင်နီယာဖြစ်ဖို့မလွယ်တော"ိုတာကိုကျွန်တော်တို့ကြိုဆိုကြရအောင်လားဗျာ။






No comments: