"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, October 29, 2012

လေးစားပါတယ် ဂုဏ်ယူပါတယ် မအေးအေးကြည် (Orchid Hotel)

ဂျပန်ဧည့်သည်နှင့်မအေးအေးကြည်စကားအခြေအတင်


မအေးအေးကြည်ရဲ့သတင်းကို ဂျာနယ်တွေမှာစဖတ်ရက တည်းကမကျေနပ်ဘူး လက်လည်းမခံနိုင်ဘူးဗျာ အထူး သဖြင့် ကိုယ်ထိလက်ရောက်စော်ကားတယ်ဆိုတဲ့နေ ရာမှာပါးကိုရိုက်စော်ကားတာ ဖြစ်တဲ့အတွက်ပိုလို့ တောင်လက်မခံနိုင်ဘူးပေါ့




ကိုယ့်နိုင်ငံသားတစ်ဦးကနိုင်ငံခြားသားစော်ကားတာကိုခံရတာမို့ပိုဆိုးတာပေါ့ဗျာ ဗမာ့ယဉ်ကျေးမှုအရ လည်း တစ်စိမ်းတစ်ရံစာတစ်ဦးဦးရဲ့ ပါးတို့ခေါင်းတို့ဆိုတာရိုက်ဖို့နေနေသာသာ ကိုင်တာတောင် လက်မခံကြ ဘူးမဟုတ်လား 


ဂျပန်ဧည်သည်ကမအေးအေးကြည်ပါးအရိုက်
ခုဟာက မအေးအေးကြည်ဂျပန်ဧည့်သည်ကို ဆက်ဆံခဲ့တာဟာ ဟိုတယ်ရဲ့သတ်မှတ်စည်းမျဉ်းစည်းကမ်း အတိုင်းလို့ဆိုတော့ ပိုလို့တောင် လက်မခံနိုင်ဘူးပေါ့ဗျာ ဒါပေမဲ့ ဟိုတယ်တိုင်းမှာ ဒီစည်းမျဉ်း စည်းကမ်းတွေ ဟာအတူတူဘဲလား နိုင်ငံတစ်ကာ ဟိုတယ်တွေမှာရော ဒီလိုဘဲလား ဒါကိုတော့သက်ဆိုင်တဲ့ ကျွမ်းကျင်သူတွေ ပိုသိကြမှာပါ



စာရေးသူသိရသလောက်တော့ ဗမာပြည်ဟိုတယ်ကြီးတစ်ချို့မှာ နိုင်ငံခြားသားဧည့်သည်က မိန်းကလေး ဧည့်သည်ခေါ်လာရင်မှတ်ပုံတင်ပါတယ်ဆိုပါက အခန်းခအပိုထပ်တောင်းပြီး လက်ခံတာကိုစာရေးသူမှတ် သား ဘူးပါတယ် ဒီတော့ ဒီစည်းမျဉ်းစည်းကမ်းတွေဆိုတာကလည်း နိုင်ငံတစ်ကာစံနဲ့ရောကိုက်ညီရဲ့ လားပေါ့ ကိုက်ညီဖို့ရောလိုပါသလား ဒါမှမဟုတ် ဗမာပြည်မှာကဟိုတယ်တွေမှာရောတစ်ပြေးညီဖြစ်သင့်သ လားပေါ့ စဉ်းစားမိတာ ပြောကြည့်တာပါ ဘာဘဲဖြစ်ဖြစ် ဟိုတယ်ဆိုတာကလည်းရွှေဧည့်သည်ငွေဧည့် သည် ဆိုရင် အလိုလိုက်ကြရတာကလည်းရှိလေတော့ စည်းကမ်းတွေကိုသတ်မှတ်ကြပြီး ချပြကြဖို့လည်း လိုတဲ့အပြင် အားလုံးအတွက်တပြေးညီဖြစ်ဖို့လည်းလိုတာပေါ့ဗျာ

ဂျပန်ဧည့်သည်ကအအေးအေးကြည်ကိုပါးရိုက်အပြီး
ဘာဘဲဖြစ်ဖြစ် ကိုယ့်ဟိုတယ်က စည်းမျဉ်းစည်းကမ်းအတိုင်း ရဲရဲဝံ့ဝံ့ဆောင်ရွက်ပြီး သတ္တိရှိရှိတရားရင်ဆိုင် ခဲ့တဲ့အပြင် တစ်ဖက်ကကြေအေးဖို့တောင်းဆိုလာတဲ့အခါမလည်း စော် ကားခဲ့တဲ့ဂျပန်အမျိုးသားမှာ ကျန်းမာရေးမကောင်းတဲ့ အသက် ၈၀ ကျော် အမေ အိုကြီးရှိ တာရယ် သူ့ရဲ့တစ်ဦးတည်းသောသ္မီးကလည်း မကြာခင် လက်ထပ် တော့ မယ်ဆိုတာတွေရယ်ကြောင့် သားသ္မီး ခြင်းကိုယ်ခြင်း စာစိတ်နဲ့ မေတ္တာတရားရှေ့ ထားပြီး ခွင့်လွှတ်ပေးခဲ့ တာတွေ ဟိုတယ်ရဲ့ စည်းမျဉ်း စည်းကမ်းကို ချိုးဖေါက်ပြီး ကိုယ်ထိလက်ရောက် ပါစော်ကားခဲ့တဲ့ နိုင်ငံခြားသားကို တရားဥပဒေနှင့်အညီ ရင်ဆိုင်ခဲ့တာတွေ ရရှိတဲ့နစ်နာကျေး အားလုံးးကိုလည်း လိုအပ်နေတဲ့အဖွဲ့အစည်း အသီးသီးကိုလှူခဲ့ တာတွေရယ်ကြောင့် မအေးအေးကြည် ကို လေးစားကြောင်း လုပ်ရပ်တွေအပေါ်လည်း ဂုဏ်ယူကြောင်းပါ 

အလားတူဘဲ ကိုယ့်အပြစ်ကို ဘယ်လိုအကြောင်ကြောင့်ဘဲဖြစ်ဖြစ် အများရှေ့မှာဝန်ချတောင်းပန် တဲ့ တောင်းပန်ရဲတဲ့ ဂျပန်အမျိုးသား ရဲ့စိတ်ဓါတ်ကိုလည်း မလေးစားဘဲမနေနိုင်ပါဘူး 
Mr Okahashi Takashi Snapshot Vol-4 N0 3 မှ
မအေးအေးကြညှ်Snapshot Vol-4 No 3 မှ

ကြုံကြိုက်လို့အလားတူဖြစ်ရပ်တစ်ခုကိုဖေါက်သည်ချလိုပါတယ် လွန်ခဲ့တဲ့ တစ်ဆယ့်လေးငါးနှစ်လောက် ကပေါ့ ဗျာ ဗမာအမျိုးသာအင်ဂျင်နီယာတစ်ဦးကအနောက်နိုင်ငံသံရုံးကြီးတစ်ခုမှာကန်ထရိုက် တစ်ခုရလို့အ လုပ်လုပ်တယ်ပေါ့ လုပ်ရင်းနဲ့ပြဿနာတွေဖြစ်တယ်ဆိုပါတော့ ဒီတော့ချုပ်ထားတဲ့စာချုပ်ပါစည်းကမ်းချက် အရ ဗမာအင်ဂျင်နီယာကမှန်တယ်ပေါ့ ဒီတော့အဲဒီသံရုံးကြီးကပထမတော့ဘယ်လိုကမ်းလှမ်းတယ် ၀န် ချတောင်းပန်တယ်မသိပါဘူး နောက်ဆုံးမတော့ အဲဒီအင်ဂျင်နီယာက သံရုံးက၀န်ချတောင်းပန်တာကို စာနဲ့ပေးဖို့တောင်းဆိုတယ်ဗျ အဲ သံရုံးကလည်းနိုင်ငံကြီးသံရုံးပီသစွာဘဲစာထုတ်ပေးပါတယ် အဲဒီအင်ဂျင်နီ ယာကအဲဒီတောင်းပန်စာကို သူ့အိမ်မှာမှန်ဘောင်သွင်းချိတ်ထားပါသတဲ့ဗျာ

ဆိုခြင်တာက မအေးအေးကြည်ကိစ္စမှာ အဲသည်အင်ဂျင်နီယာလိုလုပ်ဖို့ပြောနေခြင်းမဟုတ်ပါ ပြဿနာတစ် ရပ်ကိုမှန်နေတာကိုအမှန်အတိုင်းရဲရဲဝံ့ဝံ့ဖြေရှင်းတာတွေ မှားတဲ့ဖက်ကလည်းမှန်တဲ့သူကိုတလေးတစား ရှိတာတွေကို လေးစားဂုဏ်ယူတဲ့အနေနဲ့ပြောလိုခြင်းပါ

ခုဆိုနိုင်ငံတော်ရဲ့တိုးတက်ပြောင်းလဲလာသောအခြေအနေ စီးပွါးရေးပွင့်လင်းလွတ်လပ်လာမှုတွေကြောင့် မကြာ မီကာလတွေမှာ နိုင်ငံခြားသာတော်တော်များများဟာ ဗမာပြည်မှာလာရောက်အလုပ်လုပ် ကြတော့မှာဖြစ်သလို လာရောက်လည်ပါတ်သူတွေလည်း ပိုမိုများပြားလာတော့မှာဖြစ်ပါတယ် ဒီတော့ဗမာ့ ရိုးရာယဉ်ကျေးမှုတွေကို နိုင်ငံခြာသားတွေသိအောင် နားလည်အောင် ဗမာလူမျိုးတွေဟာဖေါ်ရွေတယ် ဧည့်သည်ဆိုရင်အလို လိုက်တတ်တယ် အထူးသဖြင်နိုင်ငံခြားသားတွေကို ပိုအလိုလိုက်တတ်ကြတယ်ဆို တာတွေကို ပိုလို့သိအောင်လုပ်ကြဖို့လိုတာပေါ့ဗျာ အစဉ်အလာကိုမသိ တဲ့နိုင်ငံခြား သားတွေက သူငယ်ခြင်းတစ်ယောက်ပြောတဲ့ စကားနဲ့ ပြောရရင် “ ဒီကောင်တွေအသား လွတ်ကြီးလာဖါးနေတယ်” ဆိုပြီးမြင်သွားထင်သွားရင် အပေါ်စီးကဆက်ဆံတာတွေ စော်ကားတာတွေ နှိမ့်ချခြင်တာတွေ ဖြစ်လာနိုင် ပါတယ်

ခုဖြစ်ရပ်နဲ့ပါတ်သက်ပြီးလည်းဘ၀င်မကျစရာလေးတွေလည်းရှိသဗျ 

တစ်ခုကတော့ သိန်းတစ်ရာအာမခံမထားရင် အချုပ်ထဲကတရားရင်ဆိုင်ရမယ်ဆိုတာပါ လုပ်ငန်းရှင်ဂျပန် အမျိုးသား အတွက်မထောင်းတာလှပေမဲ့ အသက်နှစ်ဆယ်ကျော်မြန်မာမိန်းကလေး ဟိုတယ်ဝန်ထမ်းငယ် တစ်ဦး သာမာန်မြန်မာမိသားစုကလို့ဆိုရင် သိန်းတစ်ရာဆိုတာ မနည်းမနောငွေပါ ဒီငွေသာအာမခံမ ထားနိုင်ခဲ့လို့က တော့ အသက် ၂၀ ကျော် အမှန်တရားဘက်ကရပ်ခဲ့တဲ့ တက်တက်ကြွကြွအရွယ် မိန်းကလေးငယ်တစ်ဦးဖြစ်တဲ့ မအေးအေးကြည်ခမျာ အချုပ်ထဲရာက်ရမဲ့ကိန်းပါ တော်တော့ကိုစိတ်ပျက်စ ရာကောင်းလှပါတယ် အမှတ်မမှားရင် ဟိုတယ်ကအာမခံပေးတယ်လို့ထင်ပါတယ် ဟိုတယ်ကလည်း အထောက်အပံ့မပေးနိုင် မိသားစုကလည်းမတတ်နိုင်ရင်တော့ မတွေးဝံ့စရာပါ

အဲနောက်တစ်ချက်ကတော့ မအေးအေးကြည်က ပထမရုံးချိန်းနေ့မှာကထဲက ကျေအေးပေးဖို့တရားရုံးကို သွားခဲ့ပေမဲ့ နိုင်ငံခြားသားကတရားပြန်စွဲထားတယ်ဆိုတာပါပါတယ် နောက်ပြီးတစ်ရားရင်ဆိုင်တာ ၉ လ ကြာတယ်ဆိုပါတယ် ဒီတော့နိုင်ငံခြားသားကတရားရင်ဆိုင်ပြီး ကိုးလကြာမှ ခုလိုတောင်းပန်တာဟာ တရားရှူံး မှာကြောင့်လား သူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်လား လို့မေးခွန်းထုတ်စရာဖြစ်နေ ပါတယ် 

ဘာဘဲဖြစ်ဖြစ်အမှုအခင်းဖြစ်တယ်ဆိုရင် ကာယကံရှင်တစ်ဦးတည်းသာမက မိသားစုဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေပါ တစ်နွယ်ငင်တစ်စင်တန်း အချိန်ကုန် ငွေကုန် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ စိတ်ပင်ပန်း လူပင်ပန်း တွေဖြစ်ကြရလေတော့ ဘယ်နည်းနဲ့ဘဲကျေအေး ကျေအေး ကောင်းတဲ့ကိစ္စပါ ကြိုဆိုရမှာပါ

ချမှတ်ထာတဲ့စည်းမျဉ်းစည်းကမ်းအတိုင်း မှန်မှန်ကန်ကန်ဆောင်ရွက်သော အမှန်တရားကိုသတ္တိရှိရှိရင် ဆိုင် ဖြေရှင်းရဲသော ၀န်ချတောင်းပန်းလာသည်ကိုသဘောထားကြီးစွာခွင့်လွှတ်နိုင်သော ရရှိလာတဲ့နစ် နာကြေးကို မမက်မောဘဲ ပညာကိုတန်ဘိုးထားသော မအေးအေးကြည်ကို ပြည်သူတစ်ယောက်အနေနဲ့

“ လေးစားပါတယ် ဂုဏ်ယူပါတယ် မအေးအေးကြည် ” လို့ပြောပါရစေ။

http://www.allvoices.com/contributed-news/12072477/video/92107065-a-japanese-business-man-slapped-a-female-hotel-staff-in-myanmar (မူရင်ရုပ်သံကြည့်လိုပါက)



No comments: