"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Sunday, June 26, 2016

"အလွဲများ - ၁"

"အလွဲများ - ၁"

အလွဲဆိုတာကတော့ လူတိုင်းသိပါတယ် တစ်ခုခု လွဲချော်သွားတာ လွဲချော်နေတာ အံဝင်ဂွင်ကျမရှိတာ ဖြစ်ရိုးဖြစ်စဉ်မဖြစ်တာ ကမောက်ကမဖြစ်နေတာ စတာတွေပေါ့ အလွဲတွေကလည်း  နိုင်ငံရေး စီးပွါးရေး အနုပညာ နည်းပညာ အားကစား စတဲ့နယ်ပါယ်အသီးသီးမှာ ဖြစ်နေကြတော့ ဒါတွေကို လည်း ရေးကြပြောကြတာတွေရှိပါတယ်။

တချို့တွေကတော့ လွဲပေမဲ့ကောင်းတာတွေရှိပါတယ် ပြောရမယ်ဆိုရင် ကြောင်မကြီးက ကြွက်ကလေးတွေ ကိုနို့တိုက်တာမျိုးပေါ့  တချို့လွဲတာတွေကတော့ရယ်မောစရာပါ စာရေးဆရာ အဆိုတော် ရုပ်ရှင်မင်းသား သုမောင်ကတော့ သူ့ကိုဟောင်တဲ့ခွေးကို ခွေးလိုလေးဘက်ထောက်ပြီးပြန်ဟောင်တယ်လို့ သူ့စာတစ်အုပ် မှာရေးတာဖတ်ဘူးပါတယ် ခွေးကလူကိုဟောင်တာကသဘာဝပါ ခွေးကလူကိုဟောင်တာကို  လူကခဲနဲ့ပစ် တာ ဒုတ်နဲ့ရိုက်တာမလုပ်ဘဲ ခွေးကိုခွေးလိုပြန်ဟောင်တော့ အတော့ကိုလွဲနေတာပေါ့ တစ်ချို့အလွဲတွေ ကျတော့လည်း အတော့ကို စိတ်ပျက်စရာကောင်းပါတယ်  ဘောလုံးကွင်းမှာ ဘောလုံး မကန်ရဆို တာမျိုးတွေပေါ့ဗျာ  ဒါမျိုးတွေက ကျွန်တော်တို့မြန်မာပြည်မှာ  တော်တော်လေးများတယ်ဗျာ့။ ဒါတွေ ကိုတော့ ထွေထွေ ထူးထူးမပြောခြင်ပါဘူးဗျာ လူတိုင်လည်းသိနေကြာတာမဟုတ်လား.

ခုပြောခြင်တာကတော့ ဘာသာစကား ကြောင့်လွဲရတယ်အလွဲဗျာ ရယ်ဖို့တော့အကောင်းသား

ဘိုစကားပြောတဲ့နိုင်ငံတစ်ခုကဆိုင်တစ်ဆိုင်မှာပေါ့ဗျာ  ဈေးဝယ်တွေကလည်း အမျိုးသ္မီးတွေရော အမျိုး သား တွေရောတော်တော်များတဲ့နေ့ပေါ့ အရောင်ကောင်းတာမှာက ဈေးရောင်းတဲ့သူက (၇)ယောက်လောက် ရှိတယ်ဗျာ့ ကောင်တာတွေမှာက ဈေးဝယ်တာရော တစ်ခါပစ္စည်းတွေ္စ မသုံးဖြစ်လို့ ပြန်အပ်တာရော ပစ္စည်လွဲပေးလိုက်လို့ပြန်အပ်တာရော ၀ရန်တီပေးထားတဲ့ကာလအတွင် ပစ္စည်းပျက်လို့လာပြန်လဲတာရော နဲ့လူတွေကတော်တော်များပါတယ်  အရောင်းသမားတွေရောင်းလိုက်တဲ့ပစ္စည်းကိုတွေအားလုံးကို INVOICE နဲ့ ပစ္စည်းတွေမှန် မမှန် စစ်ရတဲ့သူက အလုပ်ဝင်တာမကြာသေးတဲ့ ဘိုစကားသိတ်မပေါက်သေး တဲ့ ရွှေဗမာဆိုပါတော့ဗျာ CHECKER လို့ခေါ်တယ်ဗျာ စစ်ဆေးရေးသမားပေါ့ သူကစကားသာ သိတ် မပေါက်ပေမဲ့ ပေါ့င်နှစ်ရာကျော် ၀၀ ခန့်ခန့်ဆိုတော့ ဈေးဝယ်သူတွေက သူ့ကိုတော့ရှိန်ကြတယ်ဗျ။ အရင် CHECKER လုပ်ကြတဲ့ခပ်ပိန်ပိန်ဗမာတွေကိုဆိုရင် တစ်ချို့ဈေးဝယ်တွေက မကြောက်ကြတဲ့အပြင် ဟိန်းလား ဟောက်လားတောင်လုပ်တတ်ကြပါသေးတယ်။

ကို CHECKER အလုပ်များနေတုန်း ဈေးဝယ်တစ်ယောက်က ပစ္စည်းတွေနဲ့INVOICEလေးကိုင်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့အနားကပ်လာပြီး တစ်ခုခုပြောတယ်ဆိုဘဲ အချိန်ကလည်း မနက်ပိုင်းဆိုင်ဖွင့်ခါစဆိုတော့ ကို CHECKER က လာနှုတ်ဆက်တာဘဲဆိုပြီး "Good Morning" လုပ်လိုက်တာပေါ့ဗျာ အဲဒီမှာ တင်ဈေးဝယ်သူက ထပ်ပြီးစကားပြောလာပြန်တော့ "How are you doing, today" တယ်ထင်ပြီး "I am Good, Thank you" ဆိုပြီးပြန်ပြောလိုက်တယ်ဆိုဘဲ။
အဲဒီလိုပြန်ပြောလိုက်တော့  ဈေးဝယ်လည်းပစ္စည်းလေးတွေချ ပျာပျာသလဲ ထွက်သွား ပြီး ဈေးရောင်းနေတဲ့  counter man တစ်ယောက်ဆီ တစ်ခုခုသွားပြောတာကို တွေ့လိုက်ရပြီး counter man ကလည်းချက်ခြင်း ရုံးခန်းထဲဝင်သွားတာကိုတွေ့တော့ ကိုCHECKER ကဒီကောင်ဘာလုပ်တာလဲပေါ့ ငါမှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန်လုပ်ပေးနေရက်နဲ့ Counter Man ကိုတိုးတိုး တိုးတိုး ဘာသွားချွန်နေတာလဲပေါ့ ငါ့ကိုတော့ ဒါမျိုးလုပ်လို့မရဘူးဆိုပြီး စိတ်ထည်းကကြိမ်းသတဲ့။  

ချက်ခြင်းဆိုသလိုဘဲ ရုံးခန်းထဲကဗမာတစ်ယောက်ထွက်လာပြီး သူနားကပ်လာတော့ ငါတော့တစ်ခုခုဘာ များအမှားလုပ်မိပါလိမ့်ဆိုပြီးတွေးနေတုန်းမှာဘဲ

"ဟေ့လူ ခင်ဗျားဘောင်ဘီ ဇစ်ပြုတ်နေတယ် မြန်မြန်ပြန်တပ်လိုက်အုန်း"   ဆိုတော့မှ မျက်နှာပူက နည်းဖြစ်သွားပြီးဇစ်ကိုဆွဲတင်လိုက်ရပါသတဲ့။
Internet Photo

အဲဒီနောက်ပိုင်းမတော့ ကိုရွှေ CHECKER ခမျာ နှုတ်လာဆက်တိုင်း သူ့လက်ကဘောင်ဘီဇစ်ပေါ်သွား သွားစမ်းမိနေပါသတဲ့ဗျာ။

ဘာသာစကားကြောင့် ဖြစ်တဲ့အလွဲလေးပေါ့ဗျာ အလျဉ်းသင့်သလို အလွဲလေးတွေ ရေးတင်ပါအုန်းမယ်

ကျွန်တော်မောင်ဖိုးကိုပါ  ရွှင်လန်းချမ်းမြေ့ပါစေ။







No comments: