"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, October 6, 2014

" ရဟန်းတော်များ လမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့်ငြိစွန်းနေပါသနည်း "




ပါမောက္ခဆရာတော်ဘုရားကြီး ဒေါက်တာ နန္ဒမာလာဘိဝံသ

ပကာသနိယကံလုပ်တာအခုရှင်းပြမယ်

မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီးတော့ ဒီဝိနည်းသိက္ခာပုဒ် မဖေါက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆို တာနဲ့တော့ သိက္ခာပုဒ်နဲ့ငြိစွန်းစရာအကြောင်းမရှိဘူးပေါ့နော် ဆန္ဒကိုထုတ်ဖေါ်တာ အများ ကိုသိအောင်လုပ် တယ်ဆိုတဲ့နေရာမှာ၊ အဲတစ်ခုတော့မှတ်ရမယ် STRIKE နဲ့ RIOT ကိုတော့ ကွဲအောင်ကြည့်ရမယ် STRIKE လုပ်တာလား RIOT လား RIOTဆိုတာအကြမ်းဖက်တဲ့ အဓိကရုဏ်း လုပ်တာ ဖျက်ဆီင်္းတာ ဟိုဟာဒီဟာတွေ ဖျက်ဆီးတယ် အဲဒါဆိုရင်တော့ RIOT ခေါ်တယ် RIOT မဟုတ်ဘဲ STRIKEဆိုတာကျတော့ ကိုယ်ဆန္ဒကို ထုတ်ဖေါ်ပြတာ အဲသလို STRIKE ကတော့ ဥပမာမယ် HUNGER STRIKE ဆိုသူဟာသူအိပ်နေဘဲတာလေ အဲတော့ STRIKE ဆိုရင်ကတော့ အပြစ်ဖြစ်စရာတော့ အကြောင်းမရှိဘူး။

ဥပမာတစ်ခုပြောပြရမယ်ဆိုရင် ဆန္ဒပြတယ်လို့ ခုခောတ်လိုခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖေါ်တယ်လို့ ထုတ်ဖေါ်တာနဲ့ပြတာ ဘာကွဲတယ်ထင်တုန်း စကားကလည်း ယဉ်ယဉ်ကျေးကျေးလေးသုံးတဲ့အခါမှာ တစ်မျိုးေ ပေါ့နော်

အဲတော့ ဒေ၀ဒတ်ပြဿနာပေါ်လာခါနိးမှာ ရှင်သာရိပုတ္တရာနဲ့ရဟန်းတွေဟာရာဇဂြိုလ်မြို့ထဲမှာဆန္ဒပြတယ် ကြားဘူးကြလား ဒေ၀ဒတ်က မြတ်စွာဘုရားကို ဆန့်ကျင်ပြီးတော့ သူရာဇ၀တ်မှုမကင်းတဲ့အ လုပ်တွေ လုပ်တော့ မှာဘုရားကသိတယ် သိတဲ့အခါကျတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကိုဦးဆောင် ခိုင်းပြီးတော့ ပကာသနိယကံပြုခိုင်းတယ် ပကာသနိယရဲ့ အဓိပ္ပါယ်ကဘာတုန်းဆိုတော့ ဒေ၀ဒတ်ရဲ့သဘော ထားနဲ့ဘုရား သာသနာကျန်တဲ့ရဟန်းတွေရဲ့သဘောထားဟာမတူတာကိုထုတ်ဖေါ်ပြတာ ဒါလည်းဆန္ဒပြ တာဘဲနော် ဘယ်လို ထုတ်ဖေါ်ပြီးပြလည်းဆိုတော့ ရာဇဂြိုလ်မြို့ထဲမှာ ရှင်သာရိပုတ္တရာခေါင်းဆောင် ပြီးတော့ လိုက်ပြောရတယ် ဒေ၀ဒတ်ရဲ့သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုးဖြစ်နေပြီ ဒေ၀ ဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး ကျန်တဲ့ရဟန်းတွေနဲ့မဆိုင်ဘူး ဒေ၀ဒတ်နဲ့သာဆိုင်တယ် ဆိုတာကို ထုတ်ဖေါ်ကြေညာ ပြီးတော့ မြို့ထဲမှာလှည့်ပြီးပြောတာရှိတယ် အဲတာကို တစ်နည်းအားဖြင့်ပြော မယ်ဆိုရင် ဒါဆန္ဒပြတာဘဲ။

အဲဒီလိုပြသင့်တဲ့အချိန်မှာပြတာ အကောင်းဘက်ကိုဦးတည်ပြီးတော့ပြတာ အပြစ်ရယ်လို့ပြောစရာအ ကြောင်းမရှိဘူးပေါ့ ခုနလို RIOTဆိုတာမျိုးလို မီးရှို့မယ် ဖျက်ဆီးမယ်ဆိုရင်တော့ မီးရှို့တဲ့ ဖျက်ဆီးတဲ့အပြစ် ကတော့ရှိတာပေါ အဲဒါကျတော့ RIOT လို့ခေါ်တာဘဲ ဒီ STRIKEဆိုတာကျတော့ ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖေါ်တာ အများသိအောင် ကြေညာတာတော့လုပ်ရတာဘဲ အဲဒီလိုလုပ်ခြင်းကြောင့် မည်သည့် သိက္ခာ ပုဒ်နဲ့ ငြိစွန်းပါသနည်းဆိုရင် 

"မြတ်စွာဘုရားက ချစ်သားရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပါတ်သင့်စေလို့ ပညတ်ထား တာမရှိဘူး အဲတော့ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခာပုဒ်နဲ့ မှငြိစွန်းစရာမရှိဘူး" 

သို့သော်ငြိစွန်းနိုင်တာဘာလဲဆိုရင် မြို့ထဲရွာထဲမှာ ဒီသင်္ကန်းရုံသွားရမယ် မျက်လွှာချပြီးသွားရမယ်ဆိုတဲ့ သေခိရသိက္ခာပုဒ် မှာလိုက်နာရမဲ့ ဟာလေးတွေရှိတယ် အဲဒီအတိုင်းလိုက်နာ ရင်တော့ ဒါကဆန္ဒပြတာနဲ့ မဆိုင်ဘူး သွားတာ လာတာနဲ့ဆိုင်တယ်ပေါ့နော် အဲလိုသာရှိတယ်။


ပါ/ချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၏ "ဓမ္မအမေးနဲ့အဖြေ" စင်္ကာပူ(၂၆-၁၀-၂၀၁၂)

No comments: