"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Monday, May 6, 2013

Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး - ဒေါက်တာရင်ရင်နွယ်




"Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး" 
 ဒေါက်တာရင်ရင်နွယ်



ဓါတ်ပုံ-Google Image



ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့
“လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့  HRW ကနေ ထုတ်ပြန်တဲ့ "ဆုတောင်းရုံက လွဲပြီး ဘာမှ မလုပ်နိုင်ဘူး" ဆိုတဲ့ အစီရင်ခံစာကို လက်မခံဘူး”

“Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေ အများကြီး ရှိတယ်။ သူတို့ အဲဒီနိုင်ငံတွေကို လက်ညှိုးမထိုးဘူး။ တချို့နိုင်ငံတွေ၊ တချို့အစိုးရတွေကိုပဲ လက်ညှိုးထိုးတယ်”

“အရင်တုန်းက UN ပေါ့လေ။ ကျမတို့ ပြောလွန်းလို့ UN က အဲဒီလို မလုပ်တော့ဘူး။ ကင်တားနားတို့ ဘာတို့ဆိုလို့ရှိရင် သူတို့က တဘက်ကိုပဲ အင်တာဗျူးလုပ်တယ်။ ရခိုင်ဘက်ကို ဘယ်တော့မှ သွားပြီး မတွေ့ဘူ”

“တဖက်ကိုပဲ အင်တာဗျူးလုပ်ထားတဲ့ လူတွေရဲ့ Report ကို ကျမ လုံးဝ ငြင်းပယ်ပါတယ်။ လုံးဝ အလေးမထားပါဘူး။ Human Rights Watch တင် မကဘူး။ တော်တော်များများ အဖွဲ့အစည်းတွေက တဘက်တည်းကို BBC ကအစ တဘက်တည်းကိုပဲ အင်တာဗျူးလုပ်ပါတယ်”

“ဘင်္ဂါလီ လူမျိုးသည် တိုင်းရင်းသားမဟုတ်၊ သူတို့ကိုယ်သူတို့ခေါ်တဲ့ ရိုဟင်ဂျာ ကလည်း နိုင်ငံက အသိအမှတ်ပြုထားတဲ့ နာမည်မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံသား ဖြစ်ချင်ရင်တော့ ထုံးစံ ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ အသိအမှတ်ပြုထားတဲ့ နိုင်ငံသုံးရပါတယ်။ စကားသုံးရပါတယ်။ နိုင်ငံက အသိအမှတ်ပြုထားတဲ့ အခေါ်အဝေါ် သုံးရပါတယ်”

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် - ဒေါက်တာရင်ရင်နွယ်
ရခိုင်အရေး HRW အမြင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်ပယ်ချ ဗွီအိုအေ (၂၀၁၃-၀၅-၀၃) မှကောက်နှုတ်ချက်

No comments: