"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, December 14, 2012

၂၀၁၂ ခုနှစ် အမေရိကန်ကျေးလက်တေးဂီတ(American Country Awards- ACA) ဆုချီးမြှင့်ပွဲ



Photo: Google Image
အမေရိကန်မီဒီယာသူဋ္ဌေးကြီး ရူးပါ့မာဒေါ့ (Rupert Murdoch) ပိုင်တဲ့   New’s Corporation ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Fox Entertainment ရဲ့ Fox Network ကကြီးမှုးပြီး ၂၀၁၀ ခုနှစ်ကစပြီး တစ်နှစ်တစ်ခါကျင်းပတဲ့ အမေရိကန်ကျေးလက်တေးဂီတ ၂၀၁၂ ဆုရွေးချယ်ချီးမြှင့်ပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၁၀) ရက်နေ့မှာ အမေရိကန်နိုင်ငံ Nevada State မှာရှိတဲ့ Las Vegas မြို့က Mandalay Bay ResortံHotel မှာကျင်းပခဲ့ပါတယ်

Mandalay Bay Resort Hotel Photo: Google Image
ဒီမှာကြုံလို့ပြောပြခြင်တာကတော့ အဲဒီဟိုတယ်ကို ဘယ်လို သဘောနဲ့ Mandalay Bay Resort လို့နာမယ်ပေး တာဆိုတာကိုပါဘဲ စာရေးသူလက်လှမ်းမှီ သလောက် စပ်စု ကြည့်တော့လည်း တိတိပပမသိရပါဘူး တချို့ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀ လောက်က The Road to Mandalay ဆိုတဲ့သီချင်းကြောင့်များလားပေါ့ အဲဒီ ကို  ရောက်ဘူး တဲ့သူ တချို့ က လည်း ဒီနာမယ်နဲ့ပါတ်သက် ပြီး လေ့လာတော့ဗမာပြည်နဲ့ လည်းမအပ်စပ် မန္တလေး နဲ့ လည်း ဘာမှမဆိုင် ဆိုပြီးပြောကြပါတယ် ထားတော့အခုကျင်း ပပြီးစီး သွား တဲ့ American Country Awards (ACA) အပြင် အမေရိကန်ကျေးလက်ဂီတနဲ့ပါတ်သက် ပြီး အခြားဆုချီးမြင့ှ်ပွဲတွေလည်းရှိပါသေးတယ် ၁၉၅၈ ခုနှစ်ကစခဲ့တဲ့ Tennessee State, Nashville မှာအခြေစိုက်တဲ့  Country Music Television Awards  (CMT)၊ နောက် ၁၉၆၄ ခုနှစ်ကစပြီး California State, Los Angeles မှာအခြေစိုက်တဲ့ Acadamy of Country Music Awards (ACM) ဆိုတာတွေပါ။
 
Acadamy of Country Music Awards (ACM) ကိုပုံမှန်အားဖြင့် ဧပြီ (သို့) မေလမှာကျင်းပလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်အတွက်ဆုပေးတာဖြစ်ပါတယ်  Country Music Television Awards  (CMT) ကိုတော့ ဇွန်လမှာကျင်းပပြီး ကျင်းပတဲ့နှစ်အတွက်ပေးတာပါ American Country Awards (ACA) ကတော့ ဒီဇင်ဘာလ ခရစ်မတ်မတိုင်မီကျင်းပပြီး ကျင်းပတဲ့နှစ်အတွက်ဆုချီးမြင့်တာပါ တစ်နှစ်အတွင်း ကျေးလက် ဂီတနဲ့ပါတ်သက်ပြီး နောက်ဆုံးကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ် ဒီပွဲမှာဆုအမျိုးအစားပေါင်း(၂၁) မျိုးချီးမြငှ့်တဲ့ အနက် လူစိတ်အ၀င်စား ဆုံးဆုတွေ နဲ့ လူစိတ်အ၀င်စားဆုံးအဆိုတော်တွေအကြောင်းပြောပြခြင်ပါတယ်။

၂၀၁၂ အတွက်တော့ ACA Awards ဆုချီးမြှင့်ပွဲမှာ နာမည်ကျော်အမျိုး သား ကျေးလက်တေးဂီတ အဆိုတော် Luke Bryan တစ်ဦးတည်းက ဆု(၇)ဆုတိတိရရှိသွားပြီး အမျိုးသ္မီးကျေးလက်တေးဂီတ အဆိုကျော် Miranda Lambert က(၂)ဆုရရှိ သွားကြပါတယ် နာမည်ကျော်အမျိုးသ္မီးအဆိုရှင် Carie Underwood ကတစ်ဆု အသီးသီးရခဲ့ပေမဲ့ နာမည်ကျော် Taylor Swift တစ်ယောက် ဆုလေးဆုစကာတင်စာရင်းဝင်ခဲ့ပေမဲ့ တစ်ဆုမှမရ ခဲ့ပါဘူး

Luke Bryan တစ်ဦးတည်းကအောက်ပါဆု (၇) ဆုရသွားခဲ့ပါတယ်။

Luke Bryan Photo: Google Image
(၁) တစ်နှစ်တာအထူးချွန်ဆုံးအဆိုရှင်ဆု
(၂) တစ်နှစ်တာအထူးချွန်ဆုံးအမျိုးသားအဆိုရှင်ဆု
(၃) အကောင်းဆုံးတေးအယ်လ်ဘမ်ဆု Tailgates & Tanlines (Luke Bryan’s 3rd Album)
(၄) လူကြိုက်အများဆုံးသီချင်းဆု   "I Don't Want This Night to End" from( Tailgates & Tanlines Album)
(၅) လူကြိုက်အများဆုံမျိုးသားသီချင်းဆု  "I Don't Want This Night to End"
(၆) အကောင်းဆုံးသီချင်းဗွီဒီယိုဆု  "I Don't Want This Night to End"
(၇) အကောင်းဆုံးအမျိုးသားသီချင်းဗွီဒီယိုဆု "I Don't Want This Night to End"


Luke Bryan အနေနဲ့ ၂၀၁၀ ခုနှစ် ၂၀၁၁ ခုနှစ် နှစ်နှစ် ဆက်တိုက် အမျိုးသားအဆိုရှင် နှင့် လူကြိုက်အများဆုံးအမျိုးးသားသီချင်း ဆုနှစ်ဆုအတွက် ဇကာတင်(၅) ဦးစာရင်းမှာလျာထားခံခဲ့ရသော်လည်း ဆုရရှိခဲ့ခြင်းမရှိဘဲယ္ခုနှစ်ကျမှ ဆု(၇)ဆုရရှိသွားခြင်းဖြစ်ပါတယ်။


Miranda Lambert ကတော့ အောက်ပါဆုနှစ်ဆုကိုရသွားပြီး

Miranda Lambert Photo: Google Image
(၁) လူကြိက်အများဆုံးအမျိုးသ္မီးသီချင်းဆု                   "Over You" from 4th studio album, Four the Record.
(၂) အကောင်းဆုံးအမျိုးသ္မီးသီချင်းဗွီဒီယိုဆု         "Over You" from 4th studio album, Four the Record.

Carie Underwood Photo: Google Image
၂၀၁၂ တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီး အဆိုရှင်ဆုကိုတော့ Taylor Swift နဲ့ Mirada Lambert ကိုကျော်ဖြတ်ပြီး Carie Uderwood က ရသွားပါတယ်

နာမည်ကြီး Taylor Swift အနေနဲ့ ၂၀၁၂ အထူးချွန်ဆုံးအဆိုရှင်ကို Luke Bryan နဲ့၎င်း အထူးချွန်ဆုံး အမျိုးသ္မီး အဆိုရှင်ဆု၊ အကောင်းဆုံးသီချင်းဆု နဲ့ အကောင်း ဆုံးဗွီဒီယိုသီချင်းဆုကို Carie Ubderwood , Mirada Lambert တို့နဲ့အပြိုင် စကာတင်စာရင်းပါခဲ့ပေမဲ့ ဆုတစ်ဆုမှ မရခဲ့လို့ ကံမကောင်းဘူးလို့ဘဲပြောရမှာပါ ၂၀၁၁ တုန်းက လည်း ခုလိုဘဲ အဲဒီဆုလေးခုမှာဘဲ စကာတင်စာရင်းမှာ ပါခဲ့ပေမဲ့ သူဘယ်ဆုကိုမှမရခဲ့ပါဘူး ၂၀၁၀ ဒီ ACA စပေးတဲ့နှစ်ကလည်း ဆုနှစ်ဆုမှာစကာတင်ပါပေမဲ့မရခဲ့ပါဘူး နံမယ်ကြီးထမင်းငတ်လို့ ပြောရမယ်ထင်ပါရဲ့  ဒါပေမဲ့ ၂၀၁၀ နဲ့၂၀၁၁ မှာ CMT ကနှစ်ဆုစီ ဒီနှစ် ၂၀၁၂ မှာတော့ ACM ရဲ့ အထူးချွန်းဆုံးဖြေဖျော်သူဆု ကိုရထားပါတယ်။

Taylor Swift  Photo: Google Image
ဘာဘဲဖြစ်ဖြစ် ဒီနှစ်ရဲ့နောက်ဆုံးအဖြစ်ချီးမြှင့်တဲ့ ACA Awards ပွဲကတော့ LukeBryan ပွဲလို့ဘဲခေါ်ရမှာပါ စုစုပေါင်း(၇) ဆုရပြီး စံချိန်တင်သွားလို့ပါဘဲ သူဟာဒီနှစ်မှာ ဘဲ CMT ရဲ့ အကောင်းဆုံးသီချင်းဗွီဒီယိုဆုရော အကောင်း ဆုံး အမျိုးသားသီချင်းဗွီဒီယိုဆုပါရထားသူမို့ ဒီနှစ်ကတော့ Luke Bryan နှစ်လို့ဘဲပြောရမယ်ဗျာ။




 "သီချင်းများနားဆင်ကြည့်နိုင်ပါတယ်"
I Don't Want This Night To End (Luke Bryan)

Over You (Miranda Lambert)

Blown Away(Carrie Underwood)

No comments: