"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Sunday, December 9, 2012

နောက်ပြန်မလှည့်အောင် ပြည်သူဘက်က ဘာလုပ်သင့်လဲ


နောက်ပြန်မလှည့်အောင် ပြည်သူဘက်က ဘာလုပ်သင့်လဲ ဆိုတဲ့ 7Day News Journal အမေးက်ု ဒေါက်တာမင်းဇော်ဦးမှဖြေကြားထားခြင်းဖြစ်ပါသည်

လူထုဘက်က နံပါတ်တစ်က ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ အကန့်အသတ်ထားဖို့လိုတယ်။ ဒီနေ့အချိန်ဟာ “စ” လုံးရေစအချိန်ပဲဖြစ်တယ်။ အဲဒီတော့ ပြဿနာအများစုကို မဖြေရှင်းပေးနိုင်ဘူး။ အဲဒီအမြင်လေးကို ကျွန်တော်တို့မြင်ဖို့ လိုတယ်။ နောက်တစ်ခုက ဒီမိုကရေစီနိုင်ငံကို ကျွန်တော်တို့သွားတော့မယ်ဆိုရင် ဒီမိုကရေစီသဘောတရားက ကိုယ်လိုချင်တာတောင်းတာတစ်ခုတည်း မဟုတ်ဘူး။ တခြားသူတွေရဲ့ အခက်အခဲကို ကျွန်တော်တို့က သိနိုင်ဖို့လိုတယ်
 
  ဒေါက်တာမင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြုစုခဲ့ပြီး George Mason University မှ ပါရဂူဘွဲ့ရခဲ့သည်။ Georgetown University မှ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဝိဇာဘွဲ့နှင့် George Mason University မှ ပဋိပက္ခသုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့တို့ရရှိခဲ့သည်။ လက်ရှိ Myanmar Peace Center တွင် ငြိမ်းချမ်းဆိုင်ရာလုပ်ငန်းများ ကူညီပေးနေသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး လေ့လာသူ ဒေါက်တာမင်းဇော်ဦးနှင့် တွေ့ဆုံခြင်း 
7Day News Journal အတွဲ (၁၁)၊ အမှတ်(၃၉) 
Source:  http://7daynewsjournal.com/article/8714

No comments: