ကဲရှင်မ နားထောင်
အိမ်ရှိ တောင်း ပလုံး နှီး ဖျာ
ညည်းက အကုန်ယူ
ငါက နှီးဖျာတတ်သူ
အိမ်ရှိ အထည်အလိပ် ခေါင်းအုံး မွေ့ယာ
ငါက အကုန်ယူ
ညည်းက ယက်ကန်းတတ်သူ
ဘူးစင်အောက်ကနွားတစ်ရှဉ်း
ညည်းကြိုက်တာရွေးယူ
အိမ်ရှိခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ငါပြတ်စဲစေ
မေတ္တာဓါတ်မခမ်းခြောက်တဲ့ မြန်မာတို့ပါ
ဆရာမခင်ခင်ထူး ရဲ့ ၂၀၁၁ စင်္ကာပူစာပေဟောပြောပွဲမှ
No comments:
Post a Comment