ဗမာပြည်ကနေ
မိုထောင်ချီဝေးလှတဲ့နေရာ ဒီမိုကရေစီ ပြည့်ဝပါတယ်ဆိုတဲ့နိုင်ငံ ဘယ်သူမဆို အလုပ်လုပ်ရင်
၀၀စား လှလှနေ အိုမင်းမစွမ်း ရောက် ချိန်တောင် သိတ်စိတ်ပူစရာ မလိုလှတဲ့နိုင်ငံ ကမ္ဘာ့နိုင်ငံတော်တော်များများက လူတွေလာနေဖို့ အခြေချဖို့ကြိုးစားနေတဲ့နိုင်ငံ အသားအရောင် ဘာသာ လူမျိုး မတူကွဲပြားတဲ့
သူတွေကို အတူနေလို့ရအောင် ဖန်တီးထားတဲ့နိုင် ငံ လေကောင်းလေ သန့် ရေကောင်းရေသန့် ရတဲ့နိုင်ငံ မီး ရေ မပူရ တဲ့နိုင်ငံ ပညာရေးကောင်း တဲ့နိုင်ငံ ဗွက်မထူ
ဖုန်မထတဲ့နိုင်ငံ ဒါပေမဲ့မပျော် ဘူးဗျာ ဘာဖြစ်လို့လဲတော့ တိတိ ပပမသိဘူး မဖြေတတ်ဘူးလို့ ဘဲပြောရမှာဘဲ။
အမိနိုင်ငံကိုလွမ်းလို့လား
မိသားစုကိုလွမ်းလို့လား (မိသားစုကလည်းအတူတူလေ) သူငယ်ချင်းတွေ ကို လွမ်းလို့လား မိဘညီအစ် ကိုမောင်နှမ တစ်တွေကိုလွမ်းလို့လား
လုပ်ဖေါ်ကိုင် ဖက်တွေကို လွမ်းလို့လား ရန်ကုန်ကိုလွမ်းလို့လား သင်္ကြန်ကို လွမ်းလို့လား သီတင်းကျွတ်
တန်ဆောင်တိုင် ဒါမှမဟုတ် ရွှေတိဂုံ ဆူးလေ ဗိုလ်ချုပ်လမ်း လမ်းဘေးလ္ဘက်ရည်ဆိုင် မုန့်ဟင်းခါး
လ္ဘက်သုပ် ဘတ်စ်ကား ဘီယာစတေရှင် ဘာတွေကို လွမ်းနေလို့ ဒီမှာမပျော်ရတာလဲဖြေရ ရင်တော့
အားလုံးကြောင့်ဘဲလို့ပြောရမှာပါ တကယ်တွေး ကြည့်တော့ နေနေရတာ ကိုယ့်နိုင်ငံမဟုတ်တာက အဓိကလို့ထင်တာပါဘဲ နောက်ပြီး သူ့ဆီမှာရှိနေတာတွေကို စိတ်မ၀င်စားတာရယ် အသက်ကြောင့်  ရယ်တွေလည်းပါမှာပေါ့လေ။
ဓါတ်ပုံ-အင်တာနက် |
သေခြာပေါက်ပြောနိုင်တာတစ်ခုကတော့ သူများတစ်ကာထက်ထူးပြီး နိုင်ငံကိုချစ်တာမဟုတ်တာဘဲ ရိုးရိုးသာမာန် “ဗမာပြည်ကိုချစ်လို့” ဘဲလို့ဖြေရပါမယ်
အဲလိုဘဲပြည်ပရောက် မြန်မာတော်တော် များများလည်း ဒီလိုဘဲရှိလိမ့်မယ်ထင်ပါတယ် အဲတစ်ချို့ကတော့
အစစအရာရာ ကောင်းတယ် သာတယ် ဆို နေလို့ရတဲ့သူတွေ လည်းရှိတယ်ဗျ သူတို့ကိုလဲအပြစ်တော့ဆိုစရာမရှိပါဘူး
နောက်ပြီးသူတို့ထဲက တစ်ချို့ဆိုကိုယ်ထက်တောင် နိုင်ငံချစ်စိတ်ပိုကောင်းပိုနိုင်ပါတယ်
တစ်ချို့ကျတာ့လည်း အကြောင်း အမျိုးမျိုးနဲ့ပြည်ပမှာနေနေကြပြီး နှစ်တွေသိတ်ကြာပြီးအသားကျသွားတော့ လည်းမပြန်ဖြစ်ကြ
မပြန်နိုင် ကြတော့ဘူးပေါ့ဗျာ တစ်ချို့သူငယ်ချင်းတွေကတော့ အသားမကျသေးလို့ပါကွာ အသားကျသွားရင်
ပြန်လာခြင်မှာမဟုတ်ပါဘူးလို့ပြောကြပါတယ် စားရေးသူတော့အဲလိုမထင်ဘူးဗျ တချိန်ကစာရေးသူ တစ်ဆက်တည်းပြည်ပမှာသုံးနှစ်ကျော်နေဘူးပါတယ် အသားကျနေပါပြီ ဒါပေမဲ့ဗမာပြည်ကိုတော့ ပြန်ခြင်နေတာဘဲဗျ
ခုလည်းတစ်နှစ်ပြည့်တော့မယ်အသားကျခါနီးပါပြီ ဒါပေမဲ့ပြန်ခြင်နေတာပါဘဲ တစ်ချို့ကျတော့လည်း အသားကျဖို့နေနေသာသာ အထိုင်တောင်မကျသေးခင်ကို ပျော်နေကြပါပြီ
ဓါတ်ပုံ-အင်တာနက် |
No comments:
Post a Comment