28.11.2012
သပိတ်စခမ်းကိုလုံခြုံရေးတပ်တွေစီးနင်းဖြိုခွဲ
မုံရွာမြို့အနီး၊ ဝမ်ပေါင်ကုမ္ပဏီနီရှေ့ရှိ ကြေးနီစီမံကိန်းရပ်တန့်ရေး
ဆန္ဒပြနေတဲ့ ပင်မသပိတ်စခန်း၊ ကျော်ရွာ သပိတ်စခန်းတို့အား နံနက်သုံးနာရီတွင်
အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး မီးသတ်ပိုက်တွေ၊
မီးလောင်ဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။
အဲဒီလို ဖြိုခွဲရာမှာ မီးလောင်ဗုံးထိမှန်တဲ့ သံဃာတချို့ သင်္ကန်းတွေနဲ့ အရေပြားတွေမှာ မီးလောင် ဒဏ်ရာတွေ ရရှိခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီနဲ့ မနီးမဝေးမှာရှိတဲ့ ရွာရှေနဲ့ ဖောင်းကားရွာတွေအထိ ထွက်ပြေး ဆုတ်ခွာသွားကြရတယ်လို့ အဲဒီနေရာကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ အကြီးတန်း သတင်းထောက် ကိုသိန်းထိုက်ဦးက ဗွီအိုအေ မြန်မာဌာနကို သတင်းပေးပို့ထားပါတယ်။
အခင်းဖြစ်ပွားရာနေရာကို သတင်းထောက်တွေကို ဝင်ခွင့်မပေးတဲ့အတွက် ထိခိုက်ဒဏ်ရာရသူ ဘယ်လောက်ရှိတယ်၊ ဘယ်လောက်အထိ ဒဏ်ရာပြင်းထန်ကြသလဲဆိုတာကို လောလောဆယ်မှာ အတည်ပြုနိုင်ဖို့ ခက်နေပါသေးတယ်။

_________________________________________________________________________________
Source: BBC http://www.bbc.co.uk/burmese/burma/2012/11/121128_minearrest.shtml
BBC Myanmar
လက်ပံတောင်း တောင် သပိတ် လူစုခွဲ
လက်ပံတောင်း တောင် သပိတ် လူစုခွဲ
နောက်ဆုံး
ရေးသားချိန် 28 နိုဝင်ဘာလ 2012 - 21:57 GMT
လက်ပံတောင်း
တောင် သပိတ် စခန်း လူစု ခွဲခံရ
လက်ပံတောင်း
တောင် သပိတ် စခန်း ၆ ခု အနက် ဝမ်ပေါင် ကုမ္ပဏီ ရုံးရှေ့က သံဃာ တွေရဲ့ သပိတ်
စခန်းကို ကြာသပတေး နေ့ မနက် ၃ နာရီက စပြီး မျက်ရည်ယိုဗုံး ပစ်ခတ်ပြီး ရိုက်နှက်
လူစု ခွဲခဲ့ပါတယ်။
သံဃာတော်
၆ ပါး လောက်ကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ အဖမ်း ခံရတဲ့ သံဃာ တော်
တပါးက ဘီဘီစီကို ပြောပါတယ်။
ကျန်တဲ့
တောင်ခြေ စခန်း တွေကိုလဲ ဝင်ရောက် ဖြိုခွဲ ရာမှာ လူ တရာကျော် ထွက်ပြေးတိမ်းရှောင်
ခဲ့ရတယ်လို့ ပါဝင် လှုပ်ရှားသူ ဝိဇ္ဇာ သိပ္ပံ ကွန်ယက်က ကိုသောင်းထိုက်က ပြောပြပါတယ်။
ဆန္ဒပြနေတဲ့
အဖွဲ့အစည်း အားလုံး အင်္ဂါ နေ့ ည ၁၂ နာရီ နောက်ဆုံး ထား မဖယ်ရှားရင် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေနဲ့ အညီ တည်ဆဲ ဥပဒေတွေ အတိုင်း အဆင့်ဆင့် ဖြေရှင်းမယ်လို့ အင်္ဂါ နေ့ညက
ပြည်ထဲရေး ဌာနက သတိပေးချက် ထုတ် ခဲ့ပြီး ဗုဒ္ဓဟူးနေ့ နေ့ခင်းကလဲ သပိတ် စခန်း တခုကို
ရဲအင်အားနဲ့ ထိုးဖောက်ဖို့ ကြိုးစား တာတွေ ရှိတယ်လို့ သိရပါတယ်။
ကြာသပတေးနေ့မှာ
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ဖို့ စီစဉ်
ထားခဲ့ပါတယ်။
No comments:
Post a Comment