ပြည်သူတွေကိုလည်းလေးစားပါဆိုတော့
မလေးစားကြလို့ ပြောရ တာပေါ့ သာမာန်ပြည်သူတွေကိုတောင်မလေးစားကြလို့ လေးစားကြ ပါပြောနေရတော့
အမှုအခင်းတစ်ခုခုရဲ့ တရားခံဆိုရင်တော့ ဆိုဘွယ်ရာ ဘယ်ရှိတော့ပါမလဲဗျာ ဒီတော့ တရားခံဆိုရင်တောင်လေးစာ ပါးပြောရင် လက်ခံကြပါ့မလားမသိဘူး တရားခံဆိုရင်လည်းကျူးလွန်တဲ့ ပြစ်မှုအရ
တရားဥပဒေ အဆုံးအဖြတ်ခံယူရင်ပြီးရောမဟုတ်လားဗျာ ကျန်တဲ့ဆက် ဆံရေး အပိုင်းမတော့ သာမာန်
ပြည်သူတစ်ယေက်လို လူသားတစ်ယောက်လို ဘဲဆက်ဆံကြရမှာဘဲပေါ့
ဒီစာကိုဘာလို့ရေးဖြစ်ရသလဲဆိုရင်တော့
အောက်ကပြော စကားတွေကြောင့်လို့ဆိုရပါမယ် နားထောင် ကြည့်ပါ
“တရားသူကြီးတွေကိုလည်းလာတဲ့သူတွေကလေးစားရမယ်”
– “ရုံးတော်ကိုမထီလေးစားမလုပ်ပါနဲ့”
ဒီစကားနှစ်ခုကိုပြောတာကတော့
တရားလွှတ်တော်ရှေ့နေနဲ့တရားသူကြီးဗျပြောတဲ့အချိန်ကတော့ကွာ ပါတယ်
ပထမတစ်ခုကတော့
(၂၃-၁၁-၁၂)သောကြာနေ့ညနေခင်း ဗွီအိုအေအစီအစဉ်မှာ ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်ရေးကော်မီတီက
ပြည်သူ့လွှတ်တော်ကိုကြားဖြတ်အစီရင်ခံစာတင်တာနဲ့ ပါတ်သက်ပြီး လက်ရှိတရားရုံးတွေရဲအခြေအနေကို
မေးမြန်းတဲ့အပေါ် တရားလွှတ်တော်ရှေ့ နေတစ်ဦး ကဖြေသွားတဲ့ “တရားရုံးတွေကို သန့်သန့်ရှင်းရှင်း
လှလှပပ ဂုဏ်သိက္ခာရှိရှိ ခန့်ခန့်ညားညား တရားသူကြီးတွေကိုလည်း လာတဲ့သူတွေကလေစားရမယ်”
လို့ဆိုတဲ့အထဲကပါ ကျန်တာတွေကထားတော့ “လာတဲ့သူတွေကလည်း တရားသူကြီးတွေကိုလေးစားရမယ်”
ဆိုတော့ တရားသူကြီးတွေကို ဘယ်သူတွေ ကများမလေးစားကြတာလဲ ဆိုပြီးစဉ်းစားမရဘူးဗျ များသောအားဖြင့်ကတော့
တရားခံ မပြောနဲ့ တရားခံနဲ့ပါတ်သက်တဲ့ အမျိုးတွေ အဆွေတွေ အားလုံးကတောင် တရားသူကြီးကိုလေးစားပြီးသားပါ
အမှုအခင်းဖြစ်လာမှတော့ တရားသူကြီးတွေ ရှေ့နေရှေ့ရပ်တွေရဲတွေ စတဲ့သူတွေ အားလုံးကိုမလေးမစား မရှိဘဲနေပါ့မလားဗျာ
လေးစားပြီးသားပါ ဒါဆိုဘယ် သူတွေကဘာဖြစ်လို့ မလေးစားကြတာလဲလို့ အတွေးဆန်နေမိပါတယ် တရားလွှတ်တော်ရှေ့နေကပြောတဲ့
“လာတဲ့သူတွေ” ဆိုတာ ဘယ်သူကိုဆိုမှန်းတော့မသိဘူးပေါ့ဗျာ ဖြစ်နိုင်တာစဉ်းစားလို့ရတာကတော့
အုပ်ချုပ်ရေးဘက် ကလူတွေကို များဆိုလေသလားပေါ့
အဲနောက်တစ်ခုဖြစ်တဲ့
“ရုံးတော်ကိုမထီလေးစားမလုပ်ပါနဲ့” ဆိုတာကျတော့ ဖြစ်ပုံကဒီလို……
တစ်ခါက ကပ်မလျှောက်ရဘူးဆိုတဲ့နေရာလား လမ်းဖြတ်မကူးရတဲ့နေရာလားတော့
မေ့နေပါပြီ ၀ဇီယာ ရုပ်ရှင်ရုံ ရှေ့ကသံဇကာနားမှာ ကားငှားမလို့စောင့်နေတုန်း အဖမ်းခံရတယ်ဗျ
ဖမ်းတာကတော့ အဲဒီသံ ဇကာကာထားတဲ့ နားမှာပလက်ဖေါင်းပေါ်ကဘဲလမ်းလျှောက်ရမှာတဲ့ဗျ ကားငှားတာလည်းမရဘူးတဲ့
ထားပါတော့ ဖမ်းတော့ သူတို့ကားပေါ်တင်ခေါ်သွားတာပေါ့ ဘယ်ကိုခေါ်သွားမှာလဲ ကြာမှာလာလို့
မေးတော့ ကျောက်တံတား ရဲစခန်းမှာရှိတဲ့တရားရုံးကိုခေါ်သွားမှာဖြစ်ကြောင်း အဲဒီမှာ ဒဏ်ငွေဆောင်ပြီး ရင်လိုရာခရီး
ဆက်လို့ရပြီ ဖြစ်ကြောင်း ကားပေါ်မှာပါတဲ့ ယဉ်ထိန်းရဲကပြောပါတယ် ဒါနဲ့ရဲစခန်းရောက်တော့
အဲဒီယဉ်ထိန်းရဲကဘဲ အခန်းတစ်ခုကိုညွှန်ပြီး အထဲကတရားသူကြီးဆီမှာ ဒဏ်ငွေဆောင်လိုက်ပါလို့ပြောပါတယ်
သွားစရာကိစ္စက လည်းရှိနေတော့ အပြေးအလွှားအခန်းထဲ ၀င်သွားတာပေါ့ တရားသူကြီးထိုင်တဲ့အခန်းဆိုတော့
ဘာဘဲဖြစ်ဖြစ် တရားရုံးမဟုတ်မှန်း သိပေမဲ့ တရားရုံးဆန်ဆန် နိုင်ငံတော်အကြီးအကဲပုံ နိုင်ငံတော်အလံ
ဘာညာတွေနဲ့ လို့စိတ်ထဲမှာထင်တာပေါ့
တကယ်ဝင်သွားတော့ ညစ်ထေးထေးရှူပ်ပွပွအခန်းကျဉ်းလေးထဲမှာ
တရားသူကြီးဆိုတဲ့ ခပ်ရွယ်ရွယ် အမျိုးသမီး တစ်ယောက် ထိုင်နေတယ်ဗျ အပေါ်အင်္ကျီအမဲနဲ့ပါ သူကအပြစ်ရှိကြောင်း
ပါးစပ်ကနေပြောခိုင်း ပါတယ်နောက် တော့ ဒဏ်ငွေဘယ်လောက်ဆောင်ပေါ့ ဆောင်လိုက်ပါတယ် သူလိုတာတွေရေး မှတ်နေတုန်း
ကိုယ်ကလည်း ဘာရယ်မဟုတ်ပါဘူး စောင့်နေရင်းဆိုတော့ ခါးထောက်မတ်တပ် ရပ်နေမိပါတယ် အဲဒါကိုမြင်တော့
တရား သူကြီးအမျိုးသမီးက မျက်နှာထားတင်းတင်းနဲ့ ရုံးတော်ကို မထီလေးစားမလုပ်ပါနဲ့ဆိုပြီးပြောတယ်ဗျ
စာရေးသူ လည်းဘာကြောင့်ပြောပါလိမ့်ဆိုပြီး အူကြောင်ကြောင်ဖြစ်နေတာနဲ့ ဘာဖြစ်လို့လဲလိုပြန်မေးတော့
ခါးထောက် ရပ်နေလို့တဲ့ဗျ ရုံးတော်မှာ ခါးမထောက်ဖို့ရဘူးလို့ပြောပါတယ်
စာရေးသူလည်းမသိလို့ပါဆိုပြီးတောင်းပန်ပြီး
ထောက်ထားတဲ့လက်ကို ဘေးချပြီးရပ်နေရတာပေါ့ ဒါပေမဲ့ “ရုံးတော်” ဆိုပြီးပြောတာကိုတော့ တော်တော့ကို ရီခြင်သွားပါတယ်
တရားသူကြီးထိုင်တော့လည်ုး ရုံးတော်ပေါ့ ဒါပေမဲ့စာရေးသူမျက်စေ့ထဲမတော့ ရဲစခန်းက တခြားသူ
တစ်ယောက်ရဲ့ ညစ်ထေးထေး ရှူပ်ပွပွ အခန်းကျဉ်းလေးဘဲ မြင်နေပါတယ် ဒါကြောင့်ရုံးတော် လို့ပြောလိုက်တော့
ရီခြင်သွားတာပါ တရားသူကြီး ကိုလေးစားရမယ်ဆိုတာ ရုံးတော်ကိုလေးစားရမယ်ဆိုတာ လက်ခံပါတယ်
တကယ့်ရုံးတော်မှာ ဆိုရင်တော့ စာရေးသူလည်းခါးထောက်ပြီးရပ်ဖြစ်မယ်တော့မထင်ပါဘူး
စာရေးသူထင်တာကတော့ ရုံးတော်ကိုမလေးမစားဆိုတာထက် တရားသူကြီးမက
သူ့ကိုမလေးမစား မလုပ်ပါနဲ့ လို့ပြောလိုပုံရပါတယ်
တရားခံကသူ့ရှေ့မှာခါးထောက်ရပ်နေတော့ သူကြည့်မရဘူးနဲ့တူပါတယ်
တရားခံဆိုလို့ပြောပြခြင်တာရှိပါတယ် စာရေးသူကအကျဉ်းဦးစီးဋ္ဌာနနဲ့တွဲပြီးလမ်းစီမံကိန်းတစ်ခုမှာ အလုပ် လုပ်
ဘူးပါတယ် ဒီတော့ရဲဘက်တွေနဲ့ကသိရကျွမ်းရခင်ရမင်ရတာပေါ့ အဲလိုဘဲအကျဉ်းဦးစီးဋ္ဌာနက ၀န်ထမ်းတွေနဲ့
လည်း ခင်မင်သိကျွမ်းရပါတယ် အဲဒီမှာထူးထူးခြားခြားတွေ့ရတာကတော့ ဘာသာတရား ရိုသေကိုင်းရှိုင်းပြီး အလွန်တရာစိတ်သဘောထားဖြူစင်ကြပေမဲ့
တဒင်္ဂ ဒေါသကြောင့်သော် ၎င်း လော ဘကြောင့်သော်၎င်း အကြောင်းကြောင်းကြောင့် အကျဉ်းကျပြီး ရဲဘက်ဖြစ်လာတဲ့ သူတွေနဲ့ သိကျွမ်း
ခင်မင်ရတာပါ ဘာုကိုသွား သတိထားမိလဲဆိုတော့ ရဲဘက်တွေထဲမှာ သူတို့ကိုကြပ်မတ် ထိန်းသိမ်းနေတဲ့
တချို့က၀န်ထမ်းတွေ တစ်ချို့သာမာန်လူတွေထက်ကို စိတ်နေသဘောထားမြင့်မား လွန်းတဲ့သူ လေးစား စရာကောင်းတဲ့သူတွေ
ပါနေတယ်ဆိုတာပါ ဒါကလည်း ရှိမှာပေါ့ ဘယ်နေရာမှာ ဖြစ်ဖြစ် ကောင်းတဲ့သူရော ဆိုးတဲ့သူရောရှိကြတာပေါ့
ယျေဘူယအားဖြင့်တော့ထောင်တန်းကျတယ်ဆိုရင် ဆိုးတယ်ပြောကြ တာပေါ့ ဗျာ
ပြောခြင်တာက တရားသူကြီးတွေထဲမှာ တရားခံတွေထဲမှာ အုပ်ချုပ်တဲ့သူတွေထဲမှာ
အုပ်ချုပ်ခံသူတွေထဲမှာ အဲလိုဘယ်နေရာမှာဘဲဖြစ်ဖြစ် ကောင်းတဲ့သူရောဆိုးတဲ့သူပါရှိတယ်ဆိုတာပါ
တစ်ချို့ဝန်ထမ်းဖြစ်တဲ့ သူတွေက မသိကြ မမြင်ကြတာတော့မုဟုတ်လောက်ပါဘူး မခံယူကြတာ နိုင်ခြင်နေကြတာတွေကြောင့်
သူတို့ကိုသာ လေးစား ရိုသေစေခြင်နေကြတာတွေချည်းလိုတွေ့နေရတာပါဘဲ များသောအားဖြင့် အကြောင်းကြောင်းကြောင့်
အမှုအခင်းဖြစ်သူ မပြောနဲ့သာမာန်ပြည်သူတွေကတောင် စိတ်ထဲကသာ တစ်စုံတစ်ရာကြောင့် မလေးစားခြင်ရင်
တောင်အပြင်ပန်း အနေနဲ့ကတော့ လေးစားကြပါတယ်
အများပြည်သူတွေနဲ့တွေထိဆက်ဆံနေရတဲ့ဋ္ဌာနတော်တော်များများက၀န်ထမ်းတွေဟာ
သာမာန်ပြည် သူတွေနဲ့ဆက်ဆံကြတဲ့အခါ နှစ်ဖက်မျှမျှ တတလေးစားသမှုမရှိကြဘဲ သူတို့ကိုရိုသေ
သူတို့ကိုဘဲလေး စားစေခြင်ပြီး ကျန်တစ်ဖက်ကပြည်သူတွေကိုကျတော့ ရှိတယ်လို့ကိုမထင်ကြတော့ပါဘူး
အဲသူတို့ထက် အာဏာပါဝါရှိသူ များကိုကျတော့ စိတ်သဘောထားကောင်းသည်ဆိုးသည်မလို အကျင့်ပျက်သည် မပျက်သည်အပထား
ကိုယ်ကျင့်တရားဆိုတာကိုလည်းဂရုမစိုက်ကြတော့ဘဲ အခွင့်အရေးတွေ အတွက် ရိုသေလေးစားနေကြတော့တာပါ
အဲသည်လို အခွင့်အရေးတွေ ရာထူးတွေအရလေးစားကြတာကိုသိတ်မပြောလိုပေမဲ့
သာမာန်ပြည်သူ ပြည်သားတွေ အထူးသဖြင့်ပညာရော အသပြာပါ အားနည်းကြတဲ့သူတွေအပေါ်မတော့ ပြည်သူ့ဝန်ကို ထမ်းကြရမဲ့
ဝန်ထမ်းတွေက လေးလေးစာစားဆက်ဆံပြီး ရိုင်းပင်းကူညီကြစေခြင်ပါ တယ် ပြောရရင်တော့ ဒါတွေဟာ
လူ့အခွင့်အရေးတွေ ဒီမိုကရေစီအရေးတွေပေါ့ ဗျာ
ဒီစာကိုအထက်က တရားရေးဆိုင်ရာပုဂ္ဂိုလ်နှစ်ဦးပြော စကားအရရေးဖြစ်တယ်ဆိုပေမဲ့ ၀န်ထမ်းတွေတော်တော်များများကို ဆိုခြင်တာပါ ကိုယ့်ကိုလေးလေးစားစား ရိုရိုသေသေဆက်ဆံစေခြင်ကြ သလို
"ပြည်သူတွေကိုလည်း လေးစားကြပါ - တရာခံ ဆိုရင်တောင်
လေးစားစေခြင်ပါတယ်" လို့ပြည်သူ တစ်ယောက်အနေနဲ့ရင်ဖွင့် ပါရစေလားဗျာ။
No comments:
Post a Comment