အမိဝမ်းကကျွတ်
လွတ်ပြီဟေ့လို့ကြွေးကြော်
လွတ်ပြီဟေ့လို့ကြွေးကြော်
ကျွန်တော်ဘ၀ကိုစ
သိတ်လှတယ်ပြောရမယ်
သိတ်လှတယ်ပြောရမယ်
ခရောင်းလမ်းလယ်က ဒုက္ခသယ်ကလေးတဲ့
မွေးတာကိုလည်းကြည့်လိုက်
သိတ်မိုက်တယ်ဆိုရမယ်
ဒုက္ခသည်စခန်းက တာလပါတ်ကြမ်းခင်းပေါ်မှာဆိုဘဲ
သိတ်မိုက်တယ်ဆိုရမယ်
ဒုက္ခသည်စခန်းက တာလပါတ်ကြမ်းခင်းပေါ်မှာဆိုဘဲ
အစမကောင်းလေတော့
အနှောင်းသေခြာစရာဘာမှမရှိ
အနှောင်းသေခြာစရာဘာမှမရှိ
မွေးပါပြီဆိုကထဲက ကြားရတဲ့အသံတွေမှာ
သာယာတာတစ်ခုမှမပါ
အစာကမရှိ
အစာကမရှိ
အမိုးမပါ ရေဗလာနဲ့
ကျောချစရာကရှား သေမလား ရှင်မလား
လားပေါင်းများစွာနဲ့ ဘ၀ကိုစခဲ့
မွေးစအရွယ် ကလေးငယ်မို့
အမေ့နို့သာ အားထားရာဖြစ်ပေမဲ့
အမေ့ခမျှာ အဟာရမဲ့
ချို့တဲ့ပိန်လှီ စံမမှီရင်သားနဲ့
တအားဆာနေတဲ့သားအတွက်
ဘာများတတ်နိုင်မှာလဲ
ဆာလောင်တဲ့လောဘ
ဒေါသကိုဆူဝေ
အမေကိုအမေမှန်းမသိ
ဗိုက်မ၀တိုင်းကန်ကျောက်
တောက်လျှောက်အသံကုန်အော်
အိပ်ပျော်တဲ့အထိဘဲပေါ့
ဒုက္ခသည်စခန်းက လွတ်လမ်းဆိုတာ
စမ်းတ၀ါးဝါးနဲ့ အမှောင်ထဲလမ်းသွားသလိုမို့
မိသားစုခမျှာ
ဆွဲမိရာဆွဲ တွဲမိသူနဲ့တွဲပြီး
မျော်လင့်တကြီးနဲ့အနောက်ကိုမျော်
ပယ်လယ်ကိုကျော်
တောတောင်ကိုဖြတ်
ခြေလျှင်တထပ် ရထားနဲ့တသွယ်
အန္တရယ်ခရီး သောကမီးနဲ့နှင်ခဲ့ရ
ဒီမာရဏခရီး
အစားငတ်လို့သေ အားပြတ်လို့သေ
လူညစ်လို့သေ လှေနစ်လို့သေ
တစ်ချို့ပင်လယ်မှာကျန်ရစ်
တစ်ချို့ကမ်းစပ်မှာတင်
တစ်ချို့မြေတွင်းမှာမြှုပ်ခဲ့
ရေခြားမြေခြား ဘာသာခြား
ယဉ်ကျေးမှုခြား ၀ါဒခြား
လူမျိုးခြား ခွဲခြားမှုတွေကြားမှာ
စိတ်အားတွေငယ် စိုးရိမ်စိတ်တွေများ
မကြေနပ်တာတွေပွါးလာခဲ့
ဒီလိုနဲ့ကြီးလာ စိတ်ဒါဏ်ရာဗလပွ
လောကကိုတရွဲ့မြင် စိတ်ထင်တိုင်းကြဲ
တလွဲကိုအမှန်ထင် မှန်တာကိုအမှားမြင်ရ
စစ်သွေးကြွရဲ့သားကောင်
ဖြစ်မှန်းတောင်မသိလိုက်ဘူး
အမဲဖျက် ရမလား
ရက်စက် ရမလား
ပြန်ပေးဆွဲ ရမလား
ဗုံးခွဲ ရမလား
အသေခံ ရမလား
ထောင်နန်းစံ ရမလား
လားလားမှမကြောက်
မှားသလား မှန်သလား
စဉ်းစားဖို့ပင်မတွေးမိခဲ့ရာက
နှစ်အတော်ကြာ အသက်အတန်ရကာမှ
သတိဝင် ဆင်ခြင်မိပါတယ်
အော် ငါဟာ "အကြမ်းဖက်သမား"
မွေးစအရွယ် ကလေးငယ်မို့
အမေ့နို့သာ အားထားရာဖြစ်ပေမဲ့
အမေ့ခမျှာ အဟာရမဲ့
ချို့တဲ့ပိန်လှီ စံမမှီရင်သားနဲ့
တအားဆာနေတဲ့သားအတွက်
ဘာများတတ်နိုင်မှာလဲ
ဆာလောင်တဲ့လောဘ
ဒေါသကိုဆူဝေ
အမေကိုအမေမှန်းမသိ
ဗိုက်မ၀တိုင်းကန်ကျောက်
တောက်လျှောက်အသံကုန်အော်
အိပ်ပျော်တဲ့အထိဘဲပေါ့
ဒုက္ခသည်စခန်းက လွတ်လမ်းဆိုတာ
စမ်းတ၀ါးဝါးနဲ့ အမှောင်ထဲလမ်းသွားသလိုမို့
မိသားစုခမျှာ
ဆွဲမိရာဆွဲ တွဲမိသူနဲ့တွဲပြီး
မျော်လင့်တကြီးနဲ့အနောက်ကိုမျော်
ပယ်လယ်ကိုကျော်
တောတောင်ကိုဖြတ်
ခြေလျှင်တထပ် ရထားနဲ့တသွယ်
အန္တရယ်ခရီး သောကမီးနဲ့နှင်ခဲ့ရ
ဒီမာရဏခရီး
အစားငတ်လို့သေ အားပြတ်လို့သေ
လူညစ်လို့သေ လှေနစ်လို့သေ
တစ်ချို့ပင်လယ်မှာကျန်ရစ်
တစ်ချို့ကမ်းစပ်မှာတင်
တစ်ချို့မြေတွင်းမှာမြှုပ်ခဲ့
ရေခြားမြေခြား ဘာသာခြား
ယဉ်ကျေးမှုခြား ၀ါဒခြား
လူမျိုးခြား ခွဲခြားမှုတွေကြားမှာ
စိတ်အားတွေငယ် စိုးရိမ်စိတ်တွေများ
မကြေနပ်တာတွေပွါးလာခဲ့
ဒီလိုနဲ့ကြီးလာ စိတ်ဒါဏ်ရာဗလပွ
လောကကိုတရွဲ့မြင် စိတ်ထင်တိုင်းကြဲ
တလွဲကိုအမှန်ထင် မှန်တာကိုအမှားမြင်ရ
စစ်သွေးကြွရဲ့သားကောင်
ဖြစ်မှန်းတောင်မသိလိုက်ဘူး
အမဲဖျက် ရမလား
ရက်စက် ရမလား
ပြန်ပေးဆွဲ ရမလား
ဗုံးခွဲ ရမလား
အသေခံ ရမလား
ထောင်နန်းစံ ရမလား
လားလားမှမကြောက်
မှားသလား မှန်သလား
စဉ်းစားဖို့ပင်မတွေးမိခဲ့ရာက
နှစ်အတော်ကြာ အသက်အတန်ရကာမှ
သတိဝင် ဆင်ခြင်မိပါတယ်
အော် ငါဟာ "အကြမ်းဖက်သမား"
No comments:
Post a Comment