အတိတ်သံယောဇဉ်
အမျှင်မျှင်ရစ်ခွေပါတ်
အထပ်ထပ်တင်း ချစ်ခြင်းဆိုတာ
အမျှင်မျှင်ရစ်ခွေပါတ်
အထပ်ထပ်တင်း ချစ်ခြင်းဆိုတာ
မြင်မြင်ခြင်းမှာပေါ်လာခဲ့
သံယောဇဉ်အခြေခံ
သံသရာမှာ
ဘယ်စံနဲ့လာတာလဲ
သံသရာမှာ
ဘယ်စံနဲ့လာတာလဲ
ငါးရာနှစ်ဆယ့်ရှစ်လား
တစ်ထောင့်ငါးရာလား
တစ်ထောင့်ငါးရာလား
ဘယ်သူများသိနိုင်ပါလိမ့်
၁၅၀၀ အခြေခံ ဒီစံနဲ့လာရင်တော့
သေခြာတာတစ်ခုရှိတယ် အချစ်ဆိုတာ
"ကိလေသာ"
၅၂၈ အခြေခံ ဒီစံနဲ့လာရင်တော့
သေခြာတာတစ်ခုရှိတယ် အချစ်ဆိုတာ
"မေတ္တာ"
သံသရာတစ်ကွေ့
ပြန်တွေ့တဲ့အခါ
တအူတုံဆင်း မောင်ရင်းနှစ်မ
ဖြစ်မလာတဲ့အချစ်မှာ
အခြေခံစံတွေကွဲပြား
ပြန်တွေ့တဲ့အခါ
တအူတုံဆင်း မောင်ရင်းနှစ်မ
ဖြစ်မလာတဲ့အချစ်မှာ
အခြေခံစံတွေကွဲပြား
တတိုင်းကခြားခြင်တိုင်းခြားလို့
ချစ်များပင်ချစ်ငြားပေမဲ့
"သက်ထားသခင်" တော့ ဖြစ်မလာဘူးပေါ့လေ။
ချစ်များပင်ချစ်ငြားပေမဲ့
"သက်ထားသခင်" တော့ ဖြစ်မလာဘူးပေါ့လေ။
No comments:
Post a Comment