"စနေညကိုဖြတ်သန်းခြင်း
ဒီနေ့ကစနေဆိုတော့
နောက်နေ့အားတယ်ပေါ့
ကိုပါအမေရိကဘောလုံးပွဲကလည်း
ယူအစ်အေနဲ့ ကိုလမ်ဘီယာဆိုတော့
သိတ်တော့စိတ်မ၀င်စားလှပါဘူး
အမေရိကန် တွေနိုင် မယ်မထင်လို့ပေါ့
သူတို့က ဂိုးရှေ့ရောက်ရင်ဘာမှ
လုပ်တတ်ကြတာ မဟုတ်ဘူးလေ
မက်ဆီလိုပါရမီရှင်ပါရင်ကတော့တစ်မျိုးပေါ့။
မနေ့ကသားနဲ့သ္မီးကို
ပျားရည်ဝက်သားကင်လုပ်ကျွေးမယ်ပြောထားတော့
အိမ်စောစော လေးပြန်
ရရင်ကောင်းမယ်ပေါ့
တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ
အလုပ်က ကွန်ပြူတာစနစ်ချွတ်
ယွင်းသွားတာနဲ့ ကွန်ပြူတာမသုံးဘဲ
လုပ်လို့ရတာတွေရှိပေမဲ့လည်း
မလုပ်တော့ဘဲ အိမ်ကို
ပြန်ဖြစ်တယ်ဆိုပါတော့။
အပြန်လမ်းမှာ အသီးအရွက်လေး
မြီးစရာလေး နဲ့ ၀ိုင်တစ်ပုလင်း
ဝယ်ပြီးအိမ်ကို အပြေးပြန်ဖြစ်တယ်
ဘောပွဲအမှီပေါ့။
ဝယ်စရာဝယ်ပြီး
ဆိုင်ကထွက် ကားဆီလည်းသွားရော
ကိုယ့်ကားဘေးမှာက ကားအကောင်း
စားနှစ်စီးရပ်ထားတာတွေ့ပါတယ်။
ပထမတော့အမှုမဲအမှတ်မဲ့ပါဘဲ
ကားရှေ့ကဖြတ်ပြီးကား
ထဲဝင်မယ်လုပ်တော့မှ လူတင်မက
ကားတောင်တော်တော်အိုနေတာကို
သတိထားမိလိုက် တယ်။
ကားကပြောရမယ်ဆိုရင် (
၁၉၉၉)
မော်ဒယ်ဆိုတော့
သက်တန်း(၁၇)နှစ်ဘဲရှိသေး
တာပါ လူကပင်စင်သက်ထက်
ငါးနှစ်လောက်တောင်ကျော်နေပြီဆိုတော့
ကားထက်အတော့ ကိုအိုပြီပြောရမှာပါ။
ကားကဆေးကလည်းနွမ်းနေတော့
အရောင်ကမှိန် နောက်ညာဖက်ချမ်းကလည်း
သူများ တိုက်ထားတာကလည်းမပြင်ရသေး
ဒါ့ပြင်မီးခွက်တွေကလည်းဝါနေပြီဆိုတော့
ဘေးက ကား နှစ်စီးနဲ့ယှဉ်လိုက်ရင်
ဘယ်လိုမှကြည့်မကောင်းတော့တာကအမှန်ပါဘဲ။
လူကတော့ပြောစရာ မလိုတော့ပါဘူး
အသားအရည်တွေတွဲကျ ဆံပင်တွေကဖြူ
မျက်စေ့တွေမှုံလာ မှတ်ဥာဏ်တွေ
ကကျဆင်း လာပြီဆိုတော့
ကားထက်ပိုဆိုးလာပြီပြောရမှာပါ။
ဒါပေမဲ့လည်း
လက်ရှိပေါင်းသင်နေရတဲ့သူတွေက
ကိုယ်သားအရွယ် တူအရွယ် ညီအရွယ်တွေ ကများတော့ ကိုယ့်
ကိုယ်ကိုတော့ငယ်သေးတယ်ဘဲထင်နေဆဲပါဘဲ။
ဒါပေမဲ့ အိုပါပြီ။
အိမ်ရောက်တော့
ချက်ခြင်းပဲတီဗွီဖွင့်ထားပြီး
ဝယ်ထားတဲ့ဝက်သားကို (
၆)မူးထုလောက်
အလျှားလိုက်ဖြတ် ကိုးရီးယားBBQ
Sauceထည့်
Seasoning
အမှုန့်ထည့်
ဆီနည်းနည် ထည့်နှပ်ထားပြီး
သိတ်စိတ်ဝင်တစ်စားမရှိလှတဲ့
ယူအက်စ် နဲ့ ကိုလမ်ဘီယာပွဲကြည့်ဖြစ်ပါတယ်
ပွဲပြီးခါနီးလောက်မှ
အသားကင်ရင်း ဘောလုံးပွဲကြည့်ရင်း
ကင်လိုက် သောက်လိုက် ဘောလုံးပွဲကြည့်လိုက်ပေါ့
ပုံမှန်သောက်လေ့မရှိပေမဲ့
အသားကင်နဲ့သောက်ခြင် တာနဲ့
သောက်ဖြစ်တယ်ဆိုပါတော့
ဘောလုံးပွဲကတော့ထင်တဲ့အတိုင်းဘဲ
ယူအက်စ်ရှုံးပါတယ် ၀-၁
နဲ့ ပါ၊ ရှုံးမှာပေါ့ဂိုးရှေ့ရောက်ရင်ဘာမှမလုပ်တတ်တာကိုး။
ဘောလုံးပွဲပြီးတော့
ကလေးတွေလဲစားပြီးကြလို့
ကိုယ်စီသူတို့အခန်းထဲဝင်သွားကြပါပြီ
ကြည့်လိုက်တော့ အားလုံးလို
ကွန်ပြူတာမျက်နှာအပ်ပြီး
သူတိုနှစ်သက်ရာတွေ
ကြည့်နေကြတာကိုတွေ့ရတော့
ဒီခောတ်ဒီအခါက ရှားရှားပါးပါး
မိသားစုတွေ အတူရှိနေတဲ့အချိန်မှာတောင်
အတူမျက်နှာခြင်းဆိုင်တွေ့ဖို့အခွင့်အရေးနည်းပါးလာပါ
လားလို့တွေးမိပါတယ်။
ဒါနဲ့တစ်ဆက်ထည်း
ဟိုးတစ်လောက မိတ်ဆွေလူငယ်လေးတစ်ယောက်ပြော
တာကိုသွားသတိရမိပါတယ်
"
သူငယ်ချင်နှစ်ယောက်
မနက်စာစားဖို့စားသောက်ဆိုင်
သွားကြပါသတဲ့ ဆိုင်ရောက်တော့
နှစ်ယောက်သားစကားမပြောဖြစ်ကြ
ဘဲကိုယ့်ဖုန်းကိုယ် ပွတ်နေကြပါသတဲ့
စားစရာမှာမယ်လုပ်တော့လဲ
ဘာစားမှာလည်းကို ဖုန်းကနေမက်ဆေ့
ပို့မေးပါသတဲ့ စားရာမှာ
စားသောက်ပြီးတော့လည်း ပြန်ဖို့ကိစ္စကို
ဖုန်းမှာမက်ဆေ့ပို့မေး
ပြီးပြန်လာကြပါသတဲ့"
ဒီပြောစကားအားလုံးအမှန်ချည်းလို့မဆိုသာပေမဲ့
တိုးတက်ဖြစ်ထွန်းလာ တဲ့နည်းပညာ၊
ခောတ်စနစ်အခြေအနေတွေအရတော့
လူတွေ တစ်ဦးနဲ့တစ်ယောက်
စကားပြော နည်းလာကြတာကတော့အမှန်ပါဘဲလို့ပြောရမှာပါ။
ဒါကြောင့်လည်းစနေလိုညမှာတောင်
မိသားစု မျက်နှာခြင်းဆိုင်စကားပြောဖို့
အခွင့်အရေး နည်းပါးလာတော့
ကျန်တဲ့နေ့ကတော့ ဆိုဖွယ်ရာမရှိတော့ပါဘူး
ခုလည်းအားလုံး စား သောက်ပြီး
အခန်းကိုယ်စီဝင် သွားကြတော့
ကိုယ်တိုင်ကတော့ ၀ိုင်တစ်ခွက်
တီဗွီတစ်လုံး ကွန်ပြူတာတစ်လုံး
ဖုန်းတစ်လုံး နဲ့ ယောင်တောင်တောင်ဧည့်ခန်းမှာ
တစ် ယောက်ထည်းပေါ့
ဘောလုံးပွဲကလည်း မရှိတော့ဘူး နောက်နေ့ကလည်းနားတဲ့နေ့ဆိုတော့
ဒီလိုနေ့မျိုး စောစာအိပ်ရမှာနှစ်မြှော တာနဲ့မအိပ်သေးဘဲ သီချင်းနားထောင်ရင်ကောင်းမယ်ဆိုပြိး
ကွန်ပြူတာမှာ youtube
ကနေမြန်မာသီချင်းဖွင့်
တီဗွီပေါ်ကို google
cast နဲ့တင်ပြီးနားထောင်ပါတယ်
တီဗွီပေါ်မှာ ကြည့်တော့
မြင်ကွင်းပို ကျယ်တာမို့
ကြည့်ရ တာပိုကောင်းတယ်လေ။
ဘယ်လောက်ဘဲ
စနေညကိုနှမြှောပါစေ နေ့ခင်းမှာ (
၁၀)
နာရီလောက်
အလုပ်လုပ်ထားရတာရယ်
ဘောလုံးပွဲကြည့်ထားတာရယ်
ဝိုင်သုံးခွက်သောက်ထားတာရယ်ကြောင့်
ဘယ်လိုမှတောင့် မထားနိုင်ဘဲမျက်လုံးက
ေ၀၀ါးလာပါတော့တယ်။
အိပ်မပျော်ခင်လေးမှာဘဲ
ပါချုပ်ဆရာတော်ဘုရားကြီးဟောတဲ့
လူ့ဘ၀ဆိုတာအလွန် ရခဲတယ်ဆို
တာကိုသတိသွားရမိပါတယ်
ဆရာတော်ဘုရားကြီးက
လူ့ပြည်မှာထောင်ထားတဲ့အပ်
နဲဗြဟ္မာပြည်ကချလိုက်တဲ့အပ်
ထိပ်ဖျားချင်းထိခြင်သာထိမယ်
လူဖြစ်ဖို့ကအဲဒိထက်ပိုခက်
တယ်တဲ့။
ဒီလောက်ခက်ခဲတဲ့ဘ၀ကိုရထားပြီး
သံသရာအတွက်ကောင်းရာမွန်ရာတွေ
လုပ်နိုင်တဲ့အခြေ
အနေရှိပါရက်နဲ့ဘာတွေများလုပ်ဖြစ်ခဲ့ပါလည်းဆိုတာတွေးရင်း...
No comments:
Post a Comment