"ကျုပ်လိုလူ ဗမာပြည်မှာ ဘယ်နှစ်ယောက်ရှိမယ်ထင်သလဲ (၁)"
ကျုပ်က ရှမ်း-ကချင်ကပြား ဗမာစစ်စစ်
ကျုပ်က ရှမ်း-ကချင်ကပြား ဗမာစစ်စစ်
မွေးတာက ရှမ်းပြည် သီပေါမြို့
ငယ်ငယ်ထဲကတရုတ်စာသင်တယ်
ကြီးတော့တရုတ်ပြည် ယူနန်မှာစာဆက်သင်တယ်
လုပ်တဲ့အလုပ်က ကုန်သည်
မန္တလေးမှာအရမ်းအလုပ်ဖြစ်တဲ့ လျှပ်စစ်ဆက်စပ်ပစ္စည်းဆိုင်ပိုင်တယ်
တရုတ်ပြည်ကိုဥဒဟိုဝင်ထွက်သွားလာနိုင်တယ်
ဗမာနာမည်
ရှမ်းနာမည် တရုပ်နာမည် ရှိတယ်
မန္တလေးမှာဆိုရင်
ဗမာလုံချည်ဝတ်တယ်
ဗမာစာစားတယ်
ဗမာစကားပြောတယ်
ဗမာသီချင်းဆိုတယ်
သီပေါမှာဆိုရင်
ရှမ်းဘောင်းဘီဝတ်တယ်
ရှမ်းစာစားတယ်
ရှမ်းစကားပြောတယ်
ရှမ်းသီချင်းဆိုတယ်
အဲ
တရုတ်ပြည်မှာဆိုရင်တော့
လူတိုင်းက
ကျုပ်ကိုတရုတ်အစစ်လို့ဘဲထင်တယ်
အဲဒါကျုပ်ပါဘဲ
ကျုပ်လိုလူ
ဗမာပြည်မှာဘယ်နှစ်ယောက်ရှိမယ်ထင်လဲ
(From WHERE CHINA MEETS INDIA by thant myint-u)
No comments:
Post a Comment