ဗွီအိုအေ
၂၀၁၃ ဇန်န၀ါရီ(၂၈)ရက်ညနေပိုင်အစီအစဉ်နားထောင်တော့ …
“ပြည်သူ့လွှတ်တော်စီမံကိန်းနဲ့ဘဏ္ဍာရေးဖွံ့ဖြိုးမှုကော်မီတီရဲ့အစီအစဉ်အရပြီးခဲ့တဲ့သီတင်းပါတ်ကထုတ်ပြန် လိုက်တဲ့လူမှုဘ၀အခြေအနေစစ်တမ်းမှာ "မြန်မာနိုင်ငံအတွင်းအလုပ်လက်မဲ့ဦးရေ၄၀%" နီးပါရှိတယ်လို့
ဖေါ်ပြထားပါတယ်” လို့ထုတ်လွှင့်သွားတာကိုကြားလိုက်ရတော့...
ဖေါ်ပြထားပါတယ်” လို့ထုတ်လွှင့်သွားတာကိုကြားလိုက်ရတော့...
“များလှချည်လားပေါ့
၄၀% ဆိုလမ်းပေါ်မှာလူတွေလျှံကျလာလောက်တယ်ပေါ့” ဆိုပြီစိတ်ဝင်စားလို့ဆက် နားထောင်တော့...
“အလုပ်သမားဋ္ဌာနရဲ့စာရင်းဇယားအရတော့
အလုပ်လက်မဲ့ဦးရေ ၄% ကျော်ကျော်ဘဲ" ရှိတယ်လို့သိရပါ တယ်” ဆိုပြီးဗွီအိုအေကဆက်ပြောတယ်ဗျ..
ဒါနဲ့ပိုလို့စိတ်ဝင်စားပြီးဆက်နားထောင်တော့
ဗွီအိုအေက...
“မြန်မာနိုင်ငံအတွင်းအလုပ်လက်မဲ့အခြေအနေ
အလုပ်အကိုင်ရှာဖွေရေး စွမ်းရည်မြင့်မားရေး စတာတွေနဲ့ ပါတ် သက်ပြီးတော့ အလုပ်သမားဋ္ဌာနညွှန်ကြားရေးမှုးချုပ်
ဦးမျိုးအောင်ကို ဒေါ်ခင်စိုးဝင်းကဆက် သွယ်မေးမြန်းထား ပါတယ်ရှင်” ဆိုပြီးဆက်လွှင့်သွားပါတယ်...
ဒေါ်ခင်စိုးဝင်းကအလုပ်သမားဋ္ဌာနညွှန်ကြားရေးမှုးချုပ်ကို
“ပြည်သူ့လွှတ်တော်စီမံကိန်းနဲ့ ဘဏ္ဍာရေးဖွံ့ဖြိုး မှု ကော်မီတီကနေပြီးတော့သူတို့ဆာဗေးလုပ်ပါတယ်တဲ့
ဆာဗေးစစ်တမ်းကောက်တဲ့အခါမှာ မြန်မာနိုင်ငံ မှာ အလုပ်လက်မဲ့ဦးရေဟာ ၄၀%နှုန်းနီးပါရှိတယ်လို့ပြောပါတယ်ဆရာ
အဲဒါဆရာတို့အလုပ်သမားဋ္ဌာန အနေနဲ့ ကောဘယ်လိုများယူဆပါသလဲဆရာ” ဆိုပြီးမေးတော့...
ညွှန်ကြားရေးမှုးချုပ်က “ဟို ၄၀%ဆိုတာ ကျွန်တော်ထင်တယ် မြန်မာနိုင်ငံရဲ့လူဦးရေပေါ်မှာမူတည်ပြီးတော့ များ ပြော
တာလားတော့မသိဘူးပေါ့နော် ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ကျတော့အလုပ်လက်မဲ့ ဆိုတာတော့
ကျွန်တော်တို့လေ အလုပ်လုပ်နိုင်တဲ့ workforce ပေါ့နော် ဆိုတော့ကျွန်တော်တို့ကအဲလိုမျိုးဆို ရင်တော့
အဲ လောက်တော့မရှိနိုင်ဘူးလို့ ကျွန်တော်တို့ထင်တယ်လေ” ဆိုပြီးဖြေပါတယ်..
နောက်ဆက်ပြီး
“ကျွန်တော်တို့ကတော့ အလုပ်လုပ်နိုင်တဲ့ age ပေါ့နော် သူရဲ့အသက်အရွယ် အပိုင်းအခြား ပေါ်မှာတွက်မှသာလျှင်ပိုပြီးတော့မှန်မယ်လို့ကျွန်တော်ထင်တယ်”
“၁၉၉၀
ပြည့်နှစ် မှာ Labour force survey ကောက်ထားပြီးသားစာရင်းပေါ် မှာနှစ်စဉ်တွက် ချက်လာ တဲ့နှုန်း
ကတော့ ၄.၀၁% ဘဲရှိပါတယ်” လို့လည်းပြောသွားပါတယ်
ဒီတော့သာမာန်ပြည်သူတစ်ယောက်အနေနဲ့
အလုပ်သမားဋ္ဌာနညွှန်ကြားရေးမှုးချုပ်ပြောတဲ့ တွက်ပုံတွက် နည်းက သဘာဝကျတယ်ဆိုပြီးထင်တယ်ဗျာ
ဒါနဲ့သေခြာအောင် အင်တာနက် မှာတောင် ကြည့်မြောက် ကြည့် လုပ်တော့လည်း ILO ရဲ့အလုပ်လက်မဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ
မြန်မာနိုင်ငံအလုပ်လက်မဲ့နှုန်းနဲ့ ပါတ်သက်ပြီးတွက်ချက်ထားတာတွေ့တော့ အလုပ်သမားဦးစီး၏ဋ္ဌာနကဖြေတာတွေနဲ့တူပြီး
သူတို့ပြောတဲ့ ၄.၀၁% ဆိုတာတွေကလည်း အခြားသောအဖွဲ့အစည်းတွေက တွက်ချက်တာတွေနဲ့သိတ်မကွာလှတာ ကိုတွေ့ ရပါတယ်
အများဆုံးကတော့ ၉% လောက်ဘဲရှိတာကိုတွေ့ရပါတယ်...
ဒီတော့ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ ကော်မီတီတစ်ခုအစီအစဉ်အရ
ထုတ်ပြန်လိုက်တဲ့စစ်တမ်း ပါအချက်အလက်က ဘာကြောင့်မှားနေရတာလဲပေါ့ ပြည်သူတစ်ယောက်အနေနဲ့ကတော့
ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ဆောင်ရွက်နေတဲ့ပြည်သူ့လွှတ်တော်ရဲ့ကော်မီတီတစ်ခုက ထုတ်ပြန်တဲ့စစ်တမ်းမှာ
မှားတာ၊ မှားတာကလည်း (၁၀)ဆ လောက်ကြီးများတောင်၊ နောက်ဗွီအိုအေကလည်း တစ်ကမ္ဘာလုံးလွှင့်
ဂျာနယ်တစ်ချို့ရဲ့အင်တာနက် စာမျက်နှာမှာလည်း ပါကုန်တော့ ပြည်သူတစ်ယောက်အနေနဲ့ "မျက်နှာပူတယ်
ရှင်းရှင်းပြောရရင်ရှက်တယ်" ပေါ့ဗျာ ဘယ်သူ့ကိုရှက်တာလဲမေးရင်တော့ မသိပါဘူးလို့ဘဲ ရိုးသားစွာ ၀န်ခံပါရစေ
မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ရှက်တာလို့ဘဲဖြေခြင်ပါတယ်...
ဒီတော့အဲဒီအမှားဟာ
ကွန်ပြူတာစာစီအမှားလား တွက်တာမှားတာလား အခြားအခြေခံအကြောင်းကို တွက်လို့လား ဘာကိုပြခြင်လို့လဲ
ဆိုပြီးတွေးမိပါတယ် အလုပ်သမားဦးစီးဋ္ဌာနနဲ့မညှိနိုင်းခဲ့လို့လား ဒီကော် မီတီမှာ အလုပ်
သမားဦးစီးဋ္ဌာနကောမပါ သင့်ဘူးလား ဆိုတာတွေတွေးမိပါတယ်...
နောက်ပြီးအတွေ့အကြုံရှိတဲ့သူဆိုရင်
ရာခိုင်နှုန်းကိုမြင်တာနဲ့ ဒါတော့မဖြစ်လောက်ဘူး တစ်ခုခုတော့လွှဲနေ တယ် ဆိုတာကိုချက်ခြင်းသိမယ်ထင်ပါတယ်...
ပြည်သူ့လွှတ်တော်မှာ
အမေးနဲ့အဖြေမကိုက်တာတွေ အိပ်ငိုက်နေတယ်ဆိုတာတွေ မလိုအပ်ဘဲအရှည်ကြီး ရှင်းပြနေတာတွေရှိနေတယ်ဆိုတာတွေ
ကြားနေရတာတွေကိုတော့ မရှက်တော့ပါဘူး ဒီကိစ္စကတော့ ပိုရှက်စရာလို့ထင်လို့
“မြန်မာနိုင်ငံအလုပ်လက်မဲ့နှုန်းက
၄၀% လား ၄% နှုန်းလား” "ရှက်တယ်လွှတ်တော်ရယ်" လို့ဘဲပြောပါရ စေဗျာ။
No comments:
Post a Comment