"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Saturday, November 17, 2012

ခင်မောင်တိုး သမုဒယကျောင်း နဲ့ RIT အလွမ်း



၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ (၀၉) ရက်မနက်ပိုင်း ဗွီအိုအေက ခင်မောင်းတိုးအသဲရောဂါကုဖို့ စင်္ကာပူကို ရောက်ရှိနေတယ်လို့သိရကြောင်း သတင်းကြေငြာချိန်မှာ ဦးခင်မောင်တိုးဟာရောဂါ အပြင်းအထန် ခံစားနေရပြီး အခြေအနေအထူး စိုးရိမ်နေရကြောင်း ကြေညာသွားတာ ကြားလိုက်ရတော့ ရင်နှီးသူမဟုတ်သော်လည်း သူ့သူငယ်ချင်း ကိုယ့်သူငယ်ချင်းတွေက တူနေတာ ရယ်ကြောင့် ရယ် နောက်သူတို့ကျောင်းသားဘ၀က သီချင်းတိုက်တဲ့ဆီမကြာ မကြာရောက်ဖြစ်ခဲ့တာ ရယ်ကြောင့် သိနေတာရယ် သူ့သီချင်းတချို့ကိုလူသိမများခင်ကဘဲနှစ်သက်လို့ ဂီတာတီးပြီးဆိုခဲ့ရတာတွေရယ် သူ့သီချင်း တော်တော်များများကိုလည်းနှစ်သက်တာတွေရယ်ကြောင့် သတင်းကြားကြားခြင်းဘဲ ဘလော့ ကနေပြီး ကျန်းမာရေးပြန်ကောင်းစေဖို့ ဆုတောင်းပေးခဲ့ပါတယ် 

ဒါနဲ့သူ့သတင်းကိုနားစွင့်နေတုန်း SHADE ဂျာနယ်မှာ “စင်္ကာပူနိုင်ငံ၌ဆေးကုသမှုခံနေသော အဆိုတော် ခင်မောင်တိုး သည်နိုင်ဝင်ဘာ(၁၀) ရက်နေ့ညနေပိုင်း အချိန်ကသတိပြန်ရလာပြီး မိသားစုနှင့် စကားအနည်း ငယ်ပြောနိုင်သည့်အခြေအနေသို့ရောက်ရှိခဲ့သည်ဟုအဆိုတော် ခင်မောင်တိုးအနီး တွင်ရှိ နေသော အဆိုတော် ဂျေမောင်မောင်က ရန်ကုန်မြို့ရှိဂီတအနုပညာရှင်များထံသို့ဖုန်းဖြင့် ဆက် သွယ်ပြောကြားခဲ့ကြောင်း” သိရလို့ အပြင်မှာကကွယ်လွန်ပြီဆိုပြီး သတင်းတွေကထွက်နေတာနဲ့ဘလော့မှာ ခင်မောင်တိုးနောက်ဆက်တွဲသတင်း ဆိုပြီး Shade ဂျာနယ်ကသတင်းကိုပါဖြတ်ပြီးတင်ဖြစ်ပါတယ်

ဒါပေမဲ့ဆုတောင်းမပြည့်ခဲ့ပါဘူး နိုဝင်ဘာ(၁၅)ရက်နေ့မတော့ စင်္ကာပူရောက်နေတဲ့ သူငယ်ချင်းနဲ့ ဖုန်းစကားပြောရတဲ့အခါမှာ သူကွယ်လွန်သွားကြောင်းကိုသိလိုက်ရပါတယ် ဒါနဲ့သေခြာအောင် Face Book တွေ သတင်းဋ္ဌာန၀က်ဆိုဒ်တွေ လိုက်ကြည့်တော့တကယ်ဘဲကွယ်လွန်သွားကြောင်း သိလိုက် ရပါတယ် 

ဒါနဲ့သူနဲ့ပါတ်သက်ပြီး တခြားဂျာနယ်တွေမှာမပါတဲ့ မှတ်မိနေတဲ့အကြောင်းလေးတွေရယ် မှတ်မှတ် ရရလေးတွေ ရှိနေတာတွေကို အမှတ်တရအနေနဲ့ရယ်သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ရယ် ဘလော့ပေါ်တင် ထားမယ်ဆိုပြီး စာရေး ဖြစ်ပါတယ် ရေးလိုက်မကြိုက်လိုက် ဖျက်လိုက်နဲ့ မတင်ဖြစ်သေးပါဘူး 

မနေ့ကတော့ဒေါင်းမာန်ဟုန်ဝင်ကြည့်ရာက ခင်မောင်တိုးရဲ့နောက်ဆုံးလက်ရာ “သမုဒယကျောင်း” ရုပ်သံ (အစ/အဆုံး)ဆိုတာကိုတွေ့ရပါတယ် “သမုဒယကျောင်း” ဆိုတာဖတ်ရတော့ကြားဘူးသလိုလိုရှိတယ်ပေါ့ အဲဒီ DVD ဒေါင်းလုတ်လုပ်မယ်လုပ်တော့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ “သမုဒယကျောင်း” ကဗျာကို အရင်တွေ့ရပါတယ် ဒီတော့မှတစ်လောက Faxcebook လား တခြားတနေရာရာကလားမသိဘူး အဲဒီကဗျာတွေ့လို့ဖတ်ကြည့်တော့ ရင်ထဲကိုတည့်တည့်မတ်မတ်ကြီးရောက်သွားလို့ သဘောကျတာနဲ့သိမ်း ထားဖြစ်တာကြောင့် ကြားဘူးသလိုလိုဖြစ်နေတယ်ဆိုတာကိုသိရပါတယ် ဒီ DVD ကို1972 Mechanical ကျောင်းသားဟောင်းတွေက ခင်မောင်တိုးချစ်သူများ ကြည့်နိုင်ဖို့ဆိုပြီး တင်ထားတာဖြစ် လို့ ကျေးဇူးတင်ရပါတယ် 

ကဗျာကလည်းကောင်း သံစဉ်ရော အဆိုရော အတီးကပါကောင်းသမို့ နားထောင်ရတာရော ကျောင်း ပရ၀ဏ်ကိုရော ကျောင်းသူကျောင်းသားဟောင်းတွေရဲ့ငယ်စဉ်ကပုံရိပ်တွေကိုပါ မြင်ရကြည့်ရတော့ စိတ်ထဲ မှာရော အတွေးမှာပါ ဟိုးအတိတ်ဆီက အကြောင်းအ ရာတွေပြန်မြင် လာရသလို ခံစားရပါတယ် 

ကျောင်းကိုလွမ်းတယ်ဗျာ RIT ကိုလွမ်းတယ်.....

“ခင်မောင်တိုး သမုဒယကျောင်းနဲ့ RIT အလွမ်း” လို့ဆိုပါရစေ



‘ခင်မောင်တိုး နောက်ဆုံးဆိုသွားတဲ့ –“သမုဒယကျောင်း နားဆင်ကြည့်နိုင်ပါတယ်

No comments: