"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Wednesday, November 7, 2012

အမေရိကန်ရွေးကောက်ပွဲနဲ့မြန်မာလူထု



အမေရိကန်ရွေးကောက်ပွဲကတော့ပြီးသွားပါပြီ လက်ရှိသမ္မတအိုဘားမားနိုင်ပါတယ်
မြန်မာလူထုအများစုဆန္ဒနဲ့လည်းကိုယ်ညီတယ်လို့ထင်ပါတယ် ဘာလို့လဲဆိုတော့မြန်မာပြည်သူအများစုဟာ အပြောင်းအလဲကိုထိထိမိမိတွေ့မြင်လိုတာရယ် အမေရိကန်လက်ရှိသမ္မတမစ္စတာအိုဘားမားရဲ့မြန်မာနိုင်ငံ အပေါ် ထားတဲ့ပေါ်လစီဟာအလုပ်ဖြစ်တယ် လို့အများယူဆကြတာကြောင့် လက်ရှိသမ္မတအိုဘားမားသာ ဆက်ရှိရင် မြန်မာပြည်အပြောင်းအလဲကို ပို၍ပို၍အထောက်အပံ့ဖြစ်မယ်လို့  မြန်မာတော်တော်များများက ယုံကြည်ကြလေတော့ အိုဘားမားအနိုင်ရတာဗမာလူထှုဆန္ဒ နဲ့ကိုက်တယ်ပေါ့ဗျာ

မြန်မာလူထုသာမဟုတ်ပါဘူး ပြင်သစ်မှာ ၉၂%၊ ဂျာမနီမှာ ၈၉% နဲ့ ဗြိတိန်မှာ ၇၃% အသီး သီးထောက်ခံ ထားကြတယ်(ဗွီအိုအေ)လို့လည်းဆိုထားလေတော့ ဥရောပနဲ့လည်းဗမာလူထုက အကြိုက်ခြင်းညီ တယ်ဆို ရမှာပေါ့ အိုဘားမားရဲ့မဲဆွယ်စည်းရုံးရေးဋ္ဌာနချုပ်ရှိရာ ချီကာဂိုမြို့ကတော့တစ်ညလုံးအောင်းပွဲခံကြမဲ့ပုံ ပါ ထောက်ခံသူတွေကအလံတွေဝှေ့လို့ရမ်းလို့ ကကြခုန်ကြဆိုကြနဲ့ပေါ့ဗျာ 


စီအင်အင် သတင်းဋ္ဌာနကပထမတော့ အိုးဘားမားဋ္ဌာနချုပ်ရှိရာချီကာဂိုရော ရွန်းမ်နေဋ္ဌာနချုပ်ရှိရာ ဘော စတွန် နှစ်နေရာစလုံးကိုတိုက်ရိုက်ပြနေတာဗျ နောက်အိုဘားမားနိုင်ဖို့သေခြာသလောက်ရှိတော့ ရွန်းမ်နေ ဋ္ဌာနချုပ် ဘက်ကိုလွှင့်နေတာကဘာကြောင့်မသိရပ်သွားပါလေရော အင်တာနက်ကော်နရှင်ကြောင့်ထင်ရ တာပါဘဲ နိုင်ကနီးတဲ့ အိုဘားမားဖက်ကလှုပ်လေအော်လေ ရွန်းမ်နေဖက်ကတော့ငြိမ်လာလေပေါ့ 

Electoral Vote စုစုပေါင်း ၅၃၈ ရှိတော့ ၂၇၀ ဆိုရင်နိုင်ပြီပေါ့ ရွေးကောက်ပွဲမတိုင်မီခန့်မှန်းတာကတော့ သူ့နယ်ကိုယ့်နယ်အရ အိုဘားမာက၂၄၀လောက်ရှိပြီး ရွန်းမ်နေက၂၀၀ လောက်မှန်းကြတော့ သိတ်မကွာ လှဘူးပေါ့ဗျာ ကျန်တာက ဘယ်ဘက်မှန်းမသိတဲ့ ပြည်နယ်တွေပေါ့ ဗျာ

ရန်ကုန်အချိန် မနက် ၁၀း၃၀ (၀၇-၁၁-၂၀၁၂ ) ဘော်စတွန်ည၁၁း၀၀နာရီ ချီကာဂိုည ၁၀း၀၀နာရီ(၀၆-၁၁-၂၀၁၂) လောက်မှာ စီအင်အင်သတင်းအရ အိုဘားမားက ၂၂၈ ရွန်းမ်နေက ၁၇၆ ရနေ တယ်ဗျ နောက်၁၅မိနစ်အကြာမတော့ အိုဘားမားက ၂၄၉ ရွန်းမ်နေက ၁၉၁ ဖြစ်သွားတယ်  ရွန်းမ်နေ ၆၉ လောက်လိုချိန် အိုဘားမာက ၂၁ ဘဲလိုတော့ အိုဘားမာပရိသတ်ကပိုဆူလာတာပေါ့ဗျာ အဲနောက် ၁၀မိနစ် မြန်မာချိန် မနက် ၁၀း၅၀ မတော့ အိုဘားမားက ၂၇၄ ရွန်းမ်နေက ၂၀၁ နဲ့အိုဘားမားနိုင် သွားတာပေါဗျာ ချီကာဂိုပရိတ်သတ်ကတော့ပျော်လို့ရွင်လို့ အလံတွေ့ဝှေ့ကြရမ်းကြ သီချင်းတွေဆိုကြ ကကြပေါ့ 

ရန်ကုန်အချိန်နေ့လည်၁၂း၃၀ ဘော်စတွန်ည ၁း၀၀ နာရီမတော့ ရှူးံသွားတဲ့ ရွန်းမ်နေက သူ့ထောက်ခံသူတွေ ကိုကျေးဇူးတင်စကားပြောပြီး သူ့ရှူံးနိမ့်မှုကိုလက်ခံကြောင်းနဲ့ အိုဘားမားကို ဂုဏ် ပြုကြောင်းပါစကားဆိုပါတယ် နှစ်ဖက်မြို့တွေမှာက တီဗွီအကြီးကြီးတွေနဲ့တိုက်ရိုက် ပြနေလေတော့ ရွန်မ်နေက အိုဘားမားကို ဂုဏ်ပြုစကား ဆိုတာကို ဒီဘက်အိုဘားမားပရိသတ်က ပါကြည့်ကြရတော့ အိုဘားမားပရိသတ်ကလည်း ရွန်းမ်နေကို လက်ခုပ်တွေတီးပြီးဂုဏ်ပြုကြတာတွေ့ ရပါတယ်  ရွန်းမ်နေသူ့ ပရိသတ်ကိုကျေးဇူးတင်စကားပြောပြီးမတော့ သူ့ပရိသတ်တွေလူစုခွဲကြပါတယ် ငိုတဲ့သူလည်း ငိုပေါ့ ချော့တဲ့သူ ကချော့ပေါ့ တစ်စတစ်စရွန်းမ်နေ ပရိသတ်လူစုကွဲနေချိန်မျာဘဲ အဲဒီဘက် တိုက်ရိုက် လွှင့်နေတာကို စီအင်အင်ကရပ်လိုက်ပါတယ်

သမ္မတအိုဘားမားဘက် ချီကာဂိုမတော့ပရိသတ်ကပိုလို့တောင်များလာပါတယ် ချိကာဂိုည ၁၂း၃၀ရှိပါပြီ ပရိသတ်ကတော့ များမှများပါ အရွယ်စုံ အရောင်စုံ လို့ဘဲပြောရပါမယ် ချီကာဂိုအချိန်ည၁၂း၃၀ မတော့ သမ္မတအိုဘားမားနဲ့မိသားစု စင်ပေါ်ကနေ ထောက်ခံသူတွေကိုနှုတ်ဆက်ပါတယ် ဒီနောက်အိုဘားမားက ပရိသတ်ကိုပြောတဲ့ကျေးဇူးတင်မိန့်ခွန်းမှာ အစိုးရဘဏ္ဍာရေးလိုငွေလျှော့ချဖို့ အခွန်အတုပ်ကောက်ခံခြင်း ဆိုင်ရာများပြုပြင်ဖို့ လူဝင်မှုကြည့်ကြပ်ခြင်းဆိုင်ရာကိစ္စများပြောင်လဲဖို့ ပြည်ပရေနံအပေါ်မှီခိုအား ထားနေရမှု ကိုလျှော့သွားစေဖို့ စတာတွေကို အတိုက်အခံပါတီနဲ့အတူတူလက်တွဲလုပ်သွားမယ်ဆိုတဲ့ အကြောင်း ပြောကြားရင်း ရှုံနိမ့်သွားတဲ့ရွန်မ်နေကိုပါ ဂုဏ်ပြုစကားဆိုသွားပါတယ် အိုဘားမားနာရီဝက် မိန့်ခွန်း ပြောအပြီး ဒေသ စံတော်ချိန်ည ၁း၁၅ လောက်မတော့ ပရိသတ်တစ်စတစ်လူစုကွဲပါတော့တယ်

အမေရိကန်နိုင်ငံရဲ့ စီးပွါးရေး စစ်ရေး နိုင်ငံရေဖြစ်ပေါ်တိုးတက်မှုတွေ ဆုတ်ယုတ်ကျဆင်းမှုတွေဟာ တစ်ကမ္ဘာ လုံးကိုရိုက်ခတ်တာရယ် အမေရိကန်သမ္မတဟာလည်းအဲဒီစစ်ရေး နိုင်ငံရေး စီးပွါးရေးတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်လို့ အမေရိကန်ရွေးကောက်ပွဲရဲ့ရလဒ်ကို တစ်ကမ္ဘာလုံးက စိတ်ဝင် တစ်စားလည်း ရှိကြပါတယ်

အဲသည်လိုဘဲ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုနဲ့ ပြောင်းလဲမှုကိုလမ်းကြောင်မှန်မှန်သွားနိုင်ဖို့ အမေရိ ကန်နိုင်ငံနိုငံရဲ့အရေးပါမှုရယ် လက်ရှိမြန်မာနိုင်ငံ အစိုးရနဲ့ရော ဒီမိုကရေစီဘက်တော်သားတွေနဲ့ ပါကောင်း မွန်တဲ့ဆက်ဆံရေးရှိနေကြတာရယ် မြန်မာနိုင်ငံရဲ့ပြောင်လဲမှုဖြစ်စဉ်အတွက် အိုဘားမားအစိုးရကပိုပြီး စွမ်းဆောင်နိုင်မယ်ဆိုတာတွေရယ်ကို  မြန်မာပြည်သူတော်တော်များများလက်ခံယုံကြည်ထား တာတွေကြောင့် မြန်မာပြည်သူ အများစုကလက်ရှိသမ္မတအိုဘားမားကိုနိုင်စေခြင် ကြတယ်လို့ ထင်ပါတယ်
ဒါတွေကြောင့်လည်း အမေရိကန်ပြည်သူတို့ရဲ့သမ္မတရွေးချယ်မှုဟာ ကမ္ဘာလုံးဆိုင်ရာအရေးတွေအတွက် အရေးပါလှသလို မြန်မာပြည်သူတွေအတွက်လည်း အရေးပါနေပါတယ် ဒါကြောင့် အမေရိကန်ပြည်သူ တစ်ဦးစီရဲ့ရွေးချယ်မှုဟာ သူတို့အတွက် ဘယ်လောက်မှန်တယ်မမှန်ဘူးဆိုတာရယ် မြန်မာပြည်သူတွေ အိုးဘားမားအရွေခံရမှုအပေါ်နှစ်သက်သဘာကျတာတွေဟာ ဘယ်လောက်မှန်မမှန်ဆိုတာတွေ ကိုနောက် ထပ်လေးနှစ်စောင့် ကြည့်ရတော့မှာဖြစ်ကြောင်းမြန်မာပြည်သူတစ်ယောက်အနေနဲ့မြင်ကြောင်းပါဗျာ။

No comments: