"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, November 9, 2012

ကြိုဆိုပါတယ်ပြည်သူ့လွှတ်တော်ခင်ဗျား

ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တဲ့ကိစ္စရပ်တွေထဲမှာ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာလ ၀၉ ရက် သောကြာနေ့  ကဒေါ်အောင်ဆန်းစုကြည်တင်သွင်းခဲ့တဲ့ မြန်မာနိင်ငံတက္ကသိုလ်ပညာရေးနဲ့ကျန်းမာရေးဆိုင်ရာမှာ တိုး တက်အဆင့်မြင်အောင်လုပ်သင့်တဲ့ အဆို ၂ ခုကိုအတည်ပြုပေးလိုက်တာကိုတော့ သဘောအကျဆုံး အထောက်ခံဆုံး အနှစ်သက်ဆုံးလို့ပြောခြင်ပါတယ်ဗျာ

ဘာလို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာအရေးအကြီးဆုံးလိုအပ်ချက်ဖြစ်နေတဲ့ကျန်းမာရေးနဲ့ပညာရေးကိစ္စ 
တွေဖြစ်နေလို့ပါ ဒိထက်ပိုလို့သဘောကျတာကတော့ ပြည်သူ့လွှတ်တော်မှာစုစုပေါင်းအမတ် ၄၄၀ ရှီတဲ့အနက် အမတ် ၃၉ နေရာသာရရှိတဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တင်တဲ့ အဲဒီအဆိုနှစ်ခု အောင်မြင်ခဲ့တာပါဘဲ


ကျန်းမာရေးအဆိုက
"ကျန်းမာရေးကတော့ အများပြည်သူ မှီခို အားထားနေရတဲ့ ရန်ကုန်ဆေးရုံကြီးပေါ့နော်၊  ရန်ကုန်ဆေးရုံကြီးကို ပြုပြင်မွမ်းမံပြီးတော့ အဆင့်မြင့် ဆေးရုံကြီး တခုဖြစ်မြောက် ဖို့"

ပညာရေးနဲ့ပါတ်သက်တဲ့အဆိုက
“ရန်ကုန်တက္ကသိုလ်ပေါ့နော်။ ဝိဇ္ဇာနဲ့ သိပံ္ပတက္ကသိုလ် ကို ပြုပြင်မွမ်းမံဖို့ပေါ့နော်။ နိုင်ငံတကာ အဆင့်မှီပညာရေးတက္ကသိုလ်တခုဖြစ်အောင်" 

ဆိုတဲ့အဆိုနှစ်ခုကို
"မဲပေးခွင့်ရှိတဲ့သူ ၃၇၆ဦးမှာ၊ ထောက်ခံမဲ ၂၄၈ ဦးရတယ်ဆိုပြီး"

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကရှင်းပြကြောင်း ဗွီအိုအေက ၀၉-၁၁-၂၀၁၂ နေ့သတင်းမှာဆိုပါတယ်

ဒါကိုကြည့်လိုက်ရင် အမျိုးသားဒီမိုကရေစီလွှတ်တော်မှာရရှိထားတဲ့လွှတ်တော်ကိုယ်စားလှယ် ၃၉ဦးအပြင် အခြားသောပါတီကကိုယ်စားလှယ် စုစုပေါင်း ၂၀၉ ယောက်ကထောက်ခံတာကိုတွေ့ရပါတယ် ဒီတော့ နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်နေတဲ့ အရေးကိစ္စနှစ်ရပ်ကို ကျွန်တော်တို့လွှတ်တော်က ပါတီစွဲ ပုဂ္ဂိုလ်စွဲမရှိဘဲနဲ့  ထောက်ခံအတည်ပြုပေးလိုက်ခြင်းဟာနိုင်ငံတော်ငံတော်အရေးကိုဆောင်ရွက်နေ တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ပြည်သူအများအတွက်လိုအပ်နေတဲ့အရေးတိစ္စတွေမှာ စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိကြောင်းပြသရာရောက်တာမို့ ပြည်သူတစ်ယောက်အနေနဲ့ ထောက်ခံ ပါကြောင်း နဲ့ဝမ်း မြောက်ဝမ်းသာဖြစ်ရကြောင်းပါ

ဒါပေမဲ့အဲဒီဗွီအိုအေသတင်းမှာဘဲ  ကျန်းမာရေးနဲ့ပါတ်သက်တဲ့အဆိုကိုကတော့ "ကျန်းမာရေးဝန်ကြီးက သဘောတူထောက်ခံပါတယ်။ အဲ့တာကျတော့ မဲတောင်မခွဲရဘူး။ ခုနက ပညာရေးနဲ့ ပတ်သက်တဲ့  ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ၊ သိပံ္ပ ကတော့ မဲခွဲလိုက်ရတယ်။ နောက် ကျန်းမာရေးကတော့ မဲမခွဲရဘူး” လို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ရှင်းပြတဲ့အထဲမှာပါပါတယ်

အဲဒီသတင်းအရပြောရရင်တော့ ပညားရေးကိစ္စမှာ ပညာရေးနဲ့သက်ဆိုင်တဲ့ဝန်ကြီးဋ္ဌာနကမထောက်ခံလို့ မဲခွဲတဲ့အထိရာက်ရတာလား လို့ တွေးမိပါတယ် အဲသလိုသာဆိုရင် သက်ဆိုင်ရာဝန်ကြီးဋ္ဌာနက ရန်ကုန် တက္ကသိုလ်ကိုနိုင်ငံတကာ အဆင့်မှီပညာရေးတက္ကသိုလ်အဖြစ် တိုးတက်အဆင့်မြင့်အောင်လုပ်တဲ့ကိစ္စ အပေါ် လက်မခံနိုင်တာလားပေါ့ ဒီလိုတော့မဖြစ်နိုင်ဘူးလို့ယူဆပါတယ်

ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံပညာရေး နိမ့်ကျနေကြောင်းကို နိုင်ငံတော်သမ္မတကြိးရော့ပြည်သူအများစုက ပါလက်ခံထားကြတာပါ ဒီတော့ပညာရေးနဲ့သက်ဆိုင်တဲ့ဝန်ကြီးဋ္ဌာနကပဂ္ဂိုလ်များလည်း မသိဘူးလက်မ ခံဘူး ဆိုတာမဖြစ်လောက်ပါဘူး သားသ္မီးတွေကိုတောင် ပြည်ပနိုင်ငံတွေမှာပညာသင်ခိုင်း ထားတာတွေ ရှိနိုင်ပါတယ်ဒါဆိုရင် လက်မခံနိုင်တဲ့အကြာင်းကတာ့ ရာထူး နေရာ အခွင့်အလမ်းတွေ တည်မြဲမှုနဲ့ ပါတ်သက်နေလို့ဘဲလို့တွေးမိပါတယ်

နိုင်ငံတော်ပြောင်းလဲနေတဲ့အချိန်မှာ ရာထူး နေရာ အခွင့်အလမ်း တွေကိုဖက်တွယ်မနေသင့် ကြတော့ပါဘူး အရည်အခြင်းရှိတဲ့သူဆိုရင် ဘယ်နေရာမှာဘဲလုပ်လုပ် ထိုက်သင့်တဲ့နေရာကိုရမှာပါ ပုဂ္ဂလိကကုမ္ပဏီ ထိပ်ပိုင်းတာဝန်တွေကို ဋ္ဌာနဆိုင်ရာအရာထမ်းတွေအများအပြား တာဝန်ထမ်းဆောင်နေ တာတွေကိုတွေ့ မြင်နေရပါတယ် ဒီတော့ ဘာကိုမှဖက်တွယ်နေစရာ စိုးရိမ်းစရာမရှိဘူးလို့ထင်ပါတယ်   အရည်အခြင်းမရှိ ခဲ့ဘူး ဆိုရင်လည်းရှိအောင်လုပ်ကြပြီး အပြောင်းအလဲကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်

ဘာဘဲဖြစ်ဖြစ် မြန်မာနိင်ငံတက္ကသိုလ်ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာမှာ တိုးတက်အဆင့်မြင်အောင်လုပ် သင့်တဲ့အဆို၂ခုကို အတည်ပြုပေးလိုက်တာကိုတော့ သဘောကျတယ် နှစ်သက်တယ် ထောက်ခံပါတယ်လို့ ပြောခြင်ပါတယ် မြန်မာပြည်သူအများလည်း အလားတူဘဲလိုထင်မိကြောင်းပါ

ဒါကြောင့်  "ကြိုဆိုပါတယ်ပြည်သူလွှတ်တော်" လို့ဆိုရကြောင်းပါဗျာ။

No comments: