"အေးကြူ (သို့) တင်အေးကြူ (သို့) မောင်မှိုင်းလွင် (အင်းဝ)”
အသားညိုညို ဆေးလိပ်တိုနဲ့
အမြဲပြုံးချိုနေတဲ့သူ
ဆံရှည်တွန့်ခေါက်
ဂုတ်ထိရောက်နဲ့
အတန်းပျောက်တဲ့သူ
ကဗျာကဗျာ
တစာစာအော်ပြီး
"စွယ်တော်ရိပ်"
မှာပျော်နေတဲ့သူ
နိုင်ငံအရေး
လက်မနှေး
ပြေးပြေးတွေ့တဲ့သူ
ဆိုင်းဗုံသံမကြား
ပျောက်ပျောက်သွား
နှုတ်မဆက်အားတဲ့သူ
နှုတ်မဆက်အားတဲ့သူ
အသံမကြားဘာမကြား
ဘွားကနဲပေါ်လာသူ
ဘွားကနဲပေါ်လာသူ
တစ်ထောင့်ကိုးရာခုနှစ်ဆယ့်ခြောက်
မြင်းခွါတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်လို့
ဖနောင့်ပေါက်ကြိမ်းဝါး
"မှိုင်းရာပြည့်"ဘုရားလမ်းမပေါ်က
အာဏာရှင်ကိုရင်ဆိုင်တဲ့ပွဲ
အာဏာရှင်ကိုရင်ဆိုင်တဲ့ပွဲ
နောက်ဆုံးဘဲမြင်ခဲ့လိုက်ရတဲ့သူ
အဲဒါ
"အေးကြူ
(သို့)
တင်အေးကြူ
(သို့)
မောင်မှိုင်းလွင်
(အင်းဝ)”
xxxxxxxxxxxxxxxxxxxxxxxx
ဘာဆိုဘာမှမကြား
သေသလားရှင်သလားမသိ
မသိပေါင်းများစွာ
နှစ်အတန်ကြာမှ
သတင်းရခဲ့
ကျုရှင်ပြနေသတဲ့
ဒိထက်ပို
ဘာကိုမျှမသိခဲ့တော့
အဆက်အသွယ်လည်းမရှိခဲ့
အဆက်အဆံလည်းမရှိခဲ့
ဒါပေမဲ့ အားလုံးက သတိရနေဆဲ
မေးကြဆဲ မြန်းကြဆဲ
ဒီလိုနဲ့ဘဲ
ရက်တွေလည်းကုန် နှစ်တွေလည်းလွန်
အသက်တွေလည်းကြီးလို့
တစ်ချို့မြေးတွေပင်ရကုန်ကြ
အနားတွေယူကုန်ကြ
သေတဲ့သူသေကုန်ကြ
တစ်ရက်မတော့
အင်တာနက်မှာ
မထင်မှတ်ဘဲ
မင်းနာမည်ကိုပြန်တွေ့
မင်းစာကိုပြန်တွေ့မှ
အင်းဒီကောင်မသေသေးဘူးဟပေါ့
…......
"သူငယ်ချင်း"
ငါ,
ကဗျာ
ဆရာမဟုတ်
စာ ဆရာမဟုတ်
ကဗျာ
မရေး
စာလည်း မရေးဘူး
ဒါ
ကတော့
ငါ့ရဲ့ ပထမဆုံးရေးတဲ့စာ
သို့မဟုတ်ကဗျာ
ဒါနဲ့မင်းကို
ဂုဏ်ပြုတယ်
သူငယ်ချင်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ
နိုင်ငံ့အကျိုးဆတက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေ
"မီးသွေးခဲတွေကလည်း ဆက်မဲနေမှာဖြစ်သလို"
"ကျောင်းသားတွေကလည်း ဆက်ရဲနေကြအုန်းမှာပါ"
ကိုကို