WHEN THE POWER OF LOVE OVERCOMES THE LOVE OF POWER, THE WORLD WILL KNOW PEACE - Jimi Hendrix
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို
Monday, December 24, 2012
Sunday, December 23, 2012
မြန်မာတို့အတွက် - မင်းသုဝဏ်
ငါ သာလျှင် တော်၊ သူ မတော်ဟု
လူတော် ထင်ပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
ကြွားရင်းနှင့် နစ်၊ ၀ါးရင်း နစ်သည့်
နစ်လျှက်နေပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
အကောင်း ဆိုးထင်၊ ဆိုး ကောင်းထင်နှင့်
အထင်လွဲပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
သူ့ ကို ငါညှိုး၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ရမလဲ။
ညည်း၍ မပြီး၊ ညူ မပြီးဘူး
အပြီးတကာ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြ ထကြ မြန်မာတို့
သားမြေးတို့အတွက် ကြိုးစားစို့။ ။
မင်းသုဝဏ်
(The Messenger Journal 10th Dec 2012 မှကူးယူဖေါ်ပြပါသည်)
Saturday, December 15, 2012
ရုရှား မော်စကိုက အကြားအမြင်ဆရာမတစ်ယောက်ရဲ့ဗမာပြည်နဲ့ပါတ်သက်တဲ့အပြော
ကျွန်မလေယာဉ်ပျံပေါ်ကဆင်းလာတော့
ရုတ်တရက်ကျွန်မမျက်စေ့ မြင်ကွင်းမှာ
"ပန်းပန်ထားတဲ့မိန်းမတစ်ယောက်ရှေ့မှာ စစ်သားတွေလက်နက်ချနေတာကို"
ကွက်ကွက်ကွင်းကွင်းမြင်လိုက်ပါတယ်
ရုရှား မော်စကိုက အကြားအမြင်ဆရာမတစ်ယောက်ဟာရရှားအစိုးရအစီအစဉ်နဲ့ ၁၉၉၉ ခုနှစ်ဦးလောက်က
မြန်မာနိုင်ငံရှရှားသံရုံးကိုရောက်ခဲ့စဉ် အဆိုပါသံရုံး၌ကျင်းပသောဟောပြောပွဲတွင်
မြန်မာနိုင်ငံမှ စာရေးဆရာတစ်ဦးနှင့်သတင်းထောက်တစ်ဦးတို့က
မြန်မာနိုင်ငံအခြေအနေတစ်ခုခုကိုပြောပြနိုင်မလားဆိုတဲ့အမေးကို
ဖြေသွားခဲ့ခြင်းဖြစ်ပါသည်
ဘဲလားလေဘာတီ၏
ကမ္ဘာပျက်မည်ဆိုသောမာယန်တို့၏ ပစ်မှတ်ဒီဇင်ဘာ(၂၁) ကရက်ပိုင်းသာလိုတော့သည် ဆောင်းပါမှကောက်နှုတ်ချက်
The Voice Weekly 17 December 2012
Friday, December 14, 2012
၂၀၁၂ ခုနှစ် အမေရိကန်ကျေးလက်တေးဂီတ(American Country Awards- ACA) ဆုချီးမြှင့်ပွဲ
Photo: Google Image |
အမေရိကန်မီဒီယာသူဋ္ဌေးကြီး
ရူးပါ့မာဒေါ့ (Rupert Murdoch) ပိုင်တဲ့
New’s Corporation ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Fox Entertainment ရဲ့
Fox Network ကကြီးမှုးပြီး ၂၀၁၀ ခုနှစ်ကစပြီး တစ်နှစ်တစ်ခါကျင်းပတဲ့ အမေရိကန်ကျေးလက်တေးဂီတ ၂၀၁၂ ဆုရွေးချယ်ချီးမြှင့်ပွဲကို
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ(၁၀) ရက်နေ့မှာ အမေရိကန်နိုင်ငံ Nevada State မှာရှိတဲ့ Las
Vegas မြို့က Mandalay Bay ResortံHotel မှာကျင်းပခဲ့ပါတယ်
Mandalay Bay Resort Hotel Photo: Google Image |
ဒီမှာကြုံလို့ပြောပြခြင်တာကတော့
အဲဒီဟိုတယ်ကို ဘယ်လို သဘောနဲ့ Mandalay Bay Resort လို့နာမယ်ပေး တာဆိုတာကိုပါဘဲ စာရေးသူလက်လှမ်းမှီ သလောက် စပ်စု ကြည့်တော့လည်း
တိတိပပမသိရပါဘူး တချို့ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀ လောက်က The Road to
Mandalay ဆိုတဲ့သီချင်းကြောင့်များလားပေါ့ အဲဒီ ကို ရောက်ဘူး တဲ့သူ တချို့ က လည်း ဒီနာမယ်နဲ့ပါတ်သက် ပြီး
လေ့လာတော့ဗမာပြည်နဲ့ လည်းမအပ်စပ် မန္တလေး နဲ့ လည်း ဘာမှမဆိုင် ဆိုပြီးပြောကြပါတယ် ထားတော့အခုကျင်း ပပြီးစီး သွား တဲ့
American Country Awards (ACA) အပြင် အမေရိကန်ကျေးလက်ဂီတနဲ့ပါတ်သက် ပြီး အခြားဆုချီးမြင့ှ်ပွဲတွေလည်းရှိပါသေးတယ်
၁၉၅၈ ခုနှစ်ကစခဲ့တဲ့ Tennessee State, Nashville မှာအခြေစိုက်တဲ့ Country Music Television Awards (CMT)၊ နောက် ၁၉၆၄ ခုနှစ်ကစပြီး California State,
Los Angeles မှာအခြေစိုက်တဲ့ Acadamy of Country Music Awards (ACM) ဆိုတာတွေပါ။
Acadamy
of Country Music Awards (ACM) ကိုပုံမှန်အားဖြင့် ဧပြီ (သို့) မေလမှာကျင်းပလေ့ရှိပြီး
ပြီးခဲ့တဲ့နှစ်အတွက်ဆုပေးတာဖြစ်ပါတယ် Country Music Television Awards (CMT) ကိုတော့ ဇွန်လမှာကျင်းပပြီး ကျင်းပတဲ့နှစ်အတွက်ပေးတာပါ
American Country Awards (ACA) ကတော့ ဒီဇင်ဘာလ ခရစ်မတ်မတိုင်မီကျင်းပပြီး ကျင်းပတဲ့နှစ်အတွက်ဆုချီးမြင့်တာပါ
တစ်နှစ်အတွင်း ကျေးလက် ဂီတနဲ့ပါတ်သက်ပြီး နောက်ဆုံးကျင်းပတဲ့ပွဲလည်းဖြစ်ပါတယ် ဒီပွဲမှာဆုအမျိုးအစားပေါင်း(၂၁)
မျိုးချီးမြငှ့်တဲ့ အနက် လူစိတ်အ၀င်စား ဆုံးဆုတွေ နဲ့ လူစိတ်အ၀င်စားဆုံးအဆိုတော်တွေအကြောင်းပြောပြခြင်ပါတယ်။
၂၀၁၂
အတွက်တော့ ACA Awards ဆုချီးမြှင့်ပွဲမှာ နာမည်ကျော်အမျိုး သား ကျေးလက်တေးဂီတ အဆိုတော်
Luke Bryan တစ်ဦးတည်းက ဆု(၇)ဆုတိတိရရှိသွားပြီး အမျိုးသ္မီးကျေးလက်တေးဂီတ အဆိုကျော်
Miranda Lambert က(၂)ဆုရရှိ သွားကြပါတယ် နာမည်ကျော်အမျိုးသ္မီးအဆိုရှင် Carie
Underwood ကတစ်ဆု အသီးသီးရခဲ့ပေမဲ့ နာမည်ကျော် Taylor Swift တစ်ယောက် ဆုလေးဆုစကာတင်စာရင်းဝင်ခဲ့ပေမဲ့
တစ်ဆုမှမရ ခဲ့ပါဘူး
Luke Bryan တစ်ဦးတည်းကအောက်ပါဆု (၇) ဆုရသွားခဲ့ပါတယ်။
Luke Bryan Photo: Google Image |
(၁) တစ်နှစ်တာအထူးချွန်ဆုံးအဆိုရှင်ဆု
(၂) တစ်နှစ်တာအထူးချွန်ဆုံးအမျိုးသားအဆိုရှင်ဆု
(၃) အကောင်းဆုံးတေးအယ်လ်ဘမ်ဆု Tailgates
& Tanlines (Luke
Bryan’s 3rd Album)
(၄) လူကြိုက်အများဆုံးသီချင်းဆု "I Don't Want This Night to
End" from( Tailgates & Tanlines Album)
(၅) လူကြိုက်အများဆုံမျိုးသားသီချင်းဆု "I
Don't Want This Night to End"
(၆) အကောင်းဆုံးသီချင်းဗွီဒီယိုဆု "I Don't Want
This Night to End"
(၇) အကောင်းဆုံးအမျိုးသားသီချင်းဗွီဒီယိုဆု "I Don't Want This Night
to End"
Luke
Bryan အနေနဲ့ ၂၀၁၀ ခုနှစ် ၂၀၁၁ ခုနှစ် နှစ်နှစ် ဆက်တိုက် အမျိုးသားအဆိုရှင် နှင့် လူကြိုက်အများဆုံးအမျိုးးသားသီချင်း ဆုနှစ်ဆုအတွက် ဇကာတင်(၅) ဦးစာရင်းမှာလျာထားခံခဲ့ရသော်လည်း ဆုရရှိခဲ့ခြင်းမရှိဘဲယ္ခုနှစ်ကျမှ ဆု(၇)ဆုရရှိသွားခြင်းဖြစ်ပါတယ်။
Miranda Lambert ကတော့ အောက်ပါဆုနှစ်ဆုကိုရသွားပြီး
Miranda Lambert Photo: Google Image |
(၁) လူကြိက်အများဆုံးအမျိုးသ္မီးသီချင်းဆု "Over You"
from 4th studio album, Four the Record.
(၂) အကောင်းဆုံးအမျိုးသ္မီးသီချင်းဗွီဒီယိုဆု "Over You"
from 4th studio album, Four the Record.
Carie Underwood Photo: Google Image |
၂၀၁၂ တစ်နှစ်တာ အထူးချွန်ဆုံး အမျိုးသမီး အဆိုရှင်ဆုကိုတော့
Taylor Swift နဲ့ Mirada Lambert ကိုကျော်ဖြတ်ပြီး Carie Uderwood က ရသွားပါတယ်
နာမည်ကြီး Taylor Swift အနေနဲ့ ၂၀၁၂ အထူးချွန်ဆုံးအဆိုရှင်ကို
Luke Bryan နဲ့၎င်း အထူးချွန်ဆုံး အမျိုးသ္မီး အဆိုရှင်ဆု၊ အကောင်းဆုံးသီချင်းဆု နဲ့ အကောင်း ဆုံးဗွီဒီယိုသီချင်းဆုကို
Carie Ubderwood , Mirada Lambert တို့နဲ့အပြိုင် စကာတင်စာရင်းပါခဲ့ပေမဲ့ ဆုတစ်ဆုမှ မရခဲ့လို့
ကံမကောင်းဘူးလို့ဘဲပြောရမှာပါ ၂၀၁၁ တုန်းက လည်း ခုလိုဘဲ အဲဒီဆုလေးခုမှာဘဲ စကာတင်စာရင်းမှာ ပါခဲ့ပေမဲ့
သူဘယ်ဆုကိုမှမရခဲ့ပါဘူး ၂၀၁၀ ဒီ ACA စပေးတဲ့နှစ်ကလည်း ဆုနှစ်ဆုမှာစကာတင်ပါပေမဲ့မရခဲ့ပါဘူး
နံမယ်ကြီးထမင်းငတ်လို့ ပြောရမယ်ထင်ပါရဲ့ ဒါပေမဲ့
၂၀၁၀ နဲ့၂၀၁၁ မှာ CMT ကနှစ်ဆုစီ ဒီနှစ် ၂၀၁၂ မှာတော့ ACM ရဲ့ အထူးချွန်းဆုံးဖြေဖျော်သူဆု
ကိုရထားပါတယ်။
Taylor Swift Photo: Google Image |
ဘာဘဲဖြစ်ဖြစ် ဒီနှစ်ရဲ့နောက်ဆုံးအဖြစ်ချီးမြှင့်တဲ့ ACA
Awards ပွဲကတော့ LukeBryan ပွဲလို့ဘဲခေါ်ရမှာပါ စုစုပေါင်း(၇) ဆုရပြီး စံချိန်တင်သွားလို့ပါဘဲ
သူဟာဒီနှစ်မှာ ဘဲ CMT ရဲ့ အကောင်းဆုံးသီချင်းဗွီဒီယိုဆုရော အကောင်း ဆုံး အမျိုးသားသီချင်းဗွီဒီယိုဆုပါရထားသူမို့
ဒီနှစ်ကတော့ Luke Bryan နှစ်လို့ဘဲပြောရမယ်ဗျာ။
I Don't Want This Night To End (Luke Bryan)
Over You (Miranda Lambert)
Blown Away(Carrie Underwood)
Thursday, December 13, 2012
Wednesday, December 12, 2012
မသွဲ့သွဲ့ဝင်း မအေးနက် အခြေခံဥပဒေ နှင့် ဒီမိုကရေစီ
မသွဲ့သွဲ့ဝင်း
နဲ့ မအေးနက်ကိုတော့ သတင်းစိတ်ဝင်စားသူအားလုံး လိုလို သိကြမှာပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး ကနေပေါ် ထွက်လာတဲ့
အာဂသတ္တိခဲ မိန်းမသားနှစ်ဦး ဆိုပါတော့ဗျာ သူတိုနှစ်ယောက်အကြောင်းကို New York Time
သတင်းစာကြီး ကတောင် ဖွင့်ချချီးကျူးရကြောင်းကို ဒေါင်းမာန်ဟုန်မှာ ဖတ်လိုက် ရပါတယ် သူတို့နှစ်ဦးဟာတောင်သူနှစ်ဦးဖြစ်ကြောင်း သူတို့ဟာအခြေခံ ပညာလောက် ပဲတတ်ကြောင်း မသွဲ့သွဲ့ဝင်းက အခုဆိုရင်
၂၀၀၈ ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်နေတယ်လို့ ပြောကြောင်း စတာေ တွဖေါ် ပြထားပါတယ်
ဒီစာကိုရေးဖြစ်တာကတော့ "အခြေခံဥပဒေကိုဖတ်နေပြီ" ဆိုလို့ရေးဖြစ်တယ် ဆိုပါတော့ဗျာ။
အခြေခံဥပဒေကိုဖတ်နေတယ်ဆိုတာသိရတော့
တော်တော့ကိုလေးစားသွားပါတယ် အခြေခံဥပဒေကို နားလည်ဖို့ သိဖို့လိုတယ်ဆိုတာကို ကောင်းကောင်းကြီးသဘောပေါက်လို့ ဖတ်တယ်
လေ့လာတယ်ပြောရ မှာပေါ့။
တကယ်တော့အခြေခံဥပဒေဆိုတာ
အရွယ်ရောက်သူတိုင်း လူတိုင်းသိကိုသိရမဲ့အရာပါ နိုင်ငံတော်ရဲ့ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး စတာတွေကို ဘယ်ပုံဘယ်နည်းဆောင်ရွက်ကြမလဲ နိုင်ငံ သူ နိုင်ငံသားများရဲ့မူလအခွင့်အရေးနဲ့ တာဝန်ကဘာတွေလဲစတာတွေကိုဖေါ်ပြထားတာမို့
လက်ခံတာ လက်မခံတာ အသာထားပြီး လူတိုင်းကို ဖတ်သင့် မှတ်သားသင့် အကြံပြု သင့် ဆွေးနွေးဝေဖန်သင့်တဲ့ အရာပေါ့ဗျာ။
ဒီလိုဖတ်သင့်ဖတ်ထိုက်တဲ့ အခြေခံဥပဒေကို တောင်သူဖြစ်တဲ့ အခြေခံပညာလောက်သာတတ်တဲ့ သူတွေတောင် လေ့လာနေပြီဆိုတော့ "ကျွန်တော်တို့နိုင်ငံရဲ့ပညာတတ်အသိုင်းအ၀ိုင်းကဖြစ်တဲ့
ဘွဲ့ရများရော ဖတ်ကြရဲ့လား" ဆိုတာခေါင်းထဲရောက်လာတာပေါဗျာ ဒီတော့အဲဒီသတင်းဖတ်နေရင်း လိုင်းပေါ်မှာရှိနေတဲ့
ဘွဲ့ရအမျိုးသမီးငယ် တစ်ဦးကိုမေးကြည့်မိပါတယ် ပထမဦးဆုံး
“မသိဘူး” တဲ့
“စဉ်းစားပါဦး” ဆိုပြီး ခဏကြာတော့ “သိပြီလား” ဆိုတော့
“ဟင့်အင်း” တဲ့
ဒါနဲ့ အပေါ်ကမအေးနက် မသွဲ့သွဲ့ဝင်းအကြောင်းပြော လိုက်တော့
“အော်” တဲ့
ဒါနဲ့ဆက်ပြီး
“အခြေခံဥပဒေ” ဖတ်ပြီးပြီလားဆိုတော့လည်း
“ဟင့်အင်း” တဲ့
ဒီတော့ ဟိုမှာ တောင်သူအမျိုးသ္မီးငယ်နှစ်ဦးတောင်ဖတ်နေပြီလို့ပြောတော့
“ဖတ်ပြီးသလောက်ပြောပြ” တဲ့
ဒါနဲဘဲအခြေခံဥပဒေ ဒေါင်းလုတ် လုပ်ထားတာရှာပြီး ပို့ပေးလိုက်ပါတယ်
ဒီအမျိုးသမီးကငယ်သေးပါတယ် ဒီတော့ကြီးတဲ့သူတွေတော့ဖတ်မယ်လိုစာဖတ်သူထင်ကောင်းထင်ပါမယ်
မဖတ်ကြဘူးဗျ ပါတ်ဝန်းကျင်မှာလေ့လာလို့ရသလောက်ကတော့ ဖတ်တဲ့သူကပြောရမယ်ဆိုရင် ၁၀%လောက်ဘဲရှိတယ်ဗျ အတော့ကိုနည်းပါတယ် စားရေးသူဝန်းကျင်က မဖတ်တဲ့သူများလို့ ဖြစ်နိုင်ကောင်းတယ်လို့
ဆိုရင်ဆိုရပေမဲ့ စာရေးသူအထင်မတော့ တပြည်လုံးအတိုင်း အတာနဲ့ဆိုရင် ဖတ်တဲ့သူက ၁၀% အောက်လောက်
ဘဲရှိမယ် ထင်နေတယ်ဗျာ မှားရင်လည်းမှားပေမပေါ့ ဒါကတော့ စာရေးသူခန့်မှန်းတာပါ တချို့ကျတော့ဖတ်ခြင်တာတောင် စာအုပ်ရှာမရတာကရှိသေးတယ်ဗျ ထုတ်တာနည်းလို့ ကုန်သွားတာလည်းဖြစ်နိုင်ပါတယ်
အခြေခံဥပဒေကိုမလေ့လာတာ
မဖတ်တာနဲ့ပါတ်သက်ပြီး “ဗမာပြည်ကပညာတတ်များ” ခေါင်းစဉ်နဲ့ရေးတဲ့ အထဲမှာလည်း အနည်းအကျဉ်းထည့်ရေးခဲ့ပါသေးတယ်
အဲဒီစာကတော့ ၂၀၁၀ ရွေးကောက်ပွဲမဲထည့်တာ ဘယ်ပါတီကို ဘာကြောင့်မဲထည့်တယ်ဆိုတာမေးတာကို
ဘွဲ့ရပညာတတ်များဖြေတဲ့အဖြေကို အားမ ရတာ နဲ့ ရေးဖြစ်ခဲ့ တာပါ
ဒါဆိုဘာလို့ဖတ်သင့်ဖတ်ထိုက်သူတွေတောင်
ဘာလို့ဒီအခြေခံဥပဒေကိုမဖတ်ကြတာလည်းဆိုတာကမေး စရာ ဖြစ်လာပါတယ် ပြောရရင်တော့ “မလုပ် မရှုပ်
မပြုတ်” ကစခဲ့တာလို့ဘဲဖြေရမှာပါ ငယ်တဲ့သူ ရာထူးနိမ့်တဲ့သူ တတ်သိတဲ့ပညာရှင်တွေရဲ့ အကြံပြုတာတွေ
ဝေဖန်တာတွေကိုလက်မခံဘဲ ခိုင်းတာလုပ် ခံမပြောနဲ့ ဆိုတဲ့စနစ် ကြီးအောက်မှာ တော်လို့လည်းသူကောင်းပြုမခံရတတ်တဲ့ အပြင်
ချောင်အထိုးခံရ တတ်တာတွေကြောင့် ခိုင်းမှဘဲလုပ်တတ်ကြတဲ့ သူတွေဖြစ်ကုန်ကြတော့တယ်ထင်ပါတယ်
ဒါကအလုပ်ထဲ ကပေါ့လေ ကျောင်းတွေကျပြန်တော့လဲ ဆရာပေးတဲ့အတိုင်း ကျက် ဖြေ အောင် ကျွန်တော် နာမယ်မောင်ဘသင်ထားရင် အားလုံးရဲ့ကျွန်တော့နံမယ်တွေမောင်ဘပေါ့ မိန်းကလေးဆိုလဲမောင်ဘပေါ့။
ဒီလိုအလုပ်ဝန်းကျင်နဲ့ကျောင်းပညာရေးအပြင်
ဥပဒေတို့ တရားစီရင်ရေးတို့ ဆိုတာတွေကလည်းအုပ်ချုပ် သူတွေရဲ့အောက်ရောက်ကုန်လေတော့ အဲဒီကာလအထဲမှာနေရတဲ့သူတွေ
အခြေခံဥပဒေသိတော့ကော ဘာထူးမှာမို့လည်း အခွင့်အရေးတို့ ရပိုင်ခွင့်တွေဆိုတာတွေကလည်း
ရေးထားပေမဲ့ ပေးမှရမှာ မပေးဘဲ ရရမဲ့ဟာ တွေမဟုတ်ဆိုတာတွေ ဖြစ်နေလေတော့ အခြေခံဥပဒေကိုစိတ်မ၀င်စားတာ
မလေ့လာတာ အပြစ်တင်စရာ တော့မဟုတ်ပါဘူး
ဒီမိုကရေစီဆိုတာကိုတော့
လူတွေရာနှုန်းပြည့်သိမှာပါ စကားလုံးကိုပေါ့ အဓိပ္ပါယ်တိတိကျကျပြောဆို ရင် တော့ အင်း အဲ
ခေါင်းကုတ် ဖင်ကုတ်ဖြစ်မယ်ထင်ပါတယ် မှတ်မိတာလေးတစ်ခုပြောပြခြင်ပါတယ် ၈၈ အရေးအခင်းကာလကပါ ဗိုလ်ချုပ်လမ်းမနဲ့ဆူးလေဆုံတဲ့နေရာမှာစာရေးသူရောက်နေပါတယ် အခု Central
Hotel ရှေ့နားကနေပြီး စစ်တပ်ကဆူးလေဘုရားလမ်းဘက်ကလူအုပ်ကိုတားထားပါတယ် ဗိုလ်ချုပ်ဈေး လက်ရှိတံတားနားကနေ ဘုရားလမ်း လသာ(၁)ကျောင်း ဖက်ကလူအုပ်ကိုတားထားပါတယ် အလယ် ကတော့ ကွက်လပ်ကြီးပေါ့ဗျာ
အချိန်တော့မမှတ်မိပါဘူး အဲဒီအချိန်မှာဘဲ ဒေါက်တာမောင်မောင်အစိုးရက စစ်အုပ်ချုပ်ရေးရုတ်သိမ်းကြောင်းကြေငြာလိုက်ပါတယ်
ဒီတော့လူတွေက ရေဒီယိုပါတဲ့ကားတွေကနေပြီး သတင်းကိုနားထောင်ကြတာပေါ့ လမ်းမပေါ်မှာလူအုပ်တွေကိုတားထားတာတွေကိုလည်း
စစ်တပ်ကဖွင့်ပေး လိုက်တော့လူတွေကစစ်သားတွေကို ပွေ့သူပွေ့နမ်းတဲ့သူကနမ်း မြှောက်တဲ့သူကမြှောက်ပေါ့
ပျော်ကြ အော်ကြ ဖြစ်နေတဲ့အချိန်စာရေးသူကလည်း ကားတစ်စီးနားကပ်ပြီးသတင်နားထောင်နေတာပါ
အဲဒီအချိန်မှာဘဲ အသက် ၄၀ ကျော်ကျော်လောက်ရှိနေတဲ့အမျိုးသမီးတစ်ဦးက “ဒီမိုကရေစီရပြီလားဟင်”
ဆိုပြီးလိုက်မေးနေတာကို တွေ့ရပါတယ် သူကြည့်ရတာစစ်အစိုးရ စစ်အုပ်ချုပ်ရေးရုတ်သိမ်းကြောင်းကြေငြာ တာကို
ဒီမိုကရေစီကို ရော့ဆိုပြီးပေးလိုက်တယ်ဆိုပြီး ထင်နေပုံပါ ဒါလွန်ခဲ့တဲ့ ၂၄ နှစ်လောက်ကဆိုတော့
ခုချိန်မှာတော့ပြည်သူအများ နားမျက်စေ့ ပိုပွင့်လာတယ်ပြောရင်ရတယ်ဆိုပေမဲ့
လိုတော့လိုနေကြဦးမှာပါ ဒီလိုရေးလို့ ဘယ်သူတွေကိုမှ ဦးတည်ပြီး ဘာသဘောနဲ့မှာပြောနေရေးနေတာမဟုတ်ပါဘူး
အဖြစ်ကိုပြော ပြလိုရင်းပါ အမှောင်မှာနေတာကြာခဲ့တာကိုး။
ဒီမိုကရေစီဆိုတာ
ကျွန်တော်တို့လူပိန်းသိသိတာကတော့ လူတွေကအုပ်ချုပ်တယ်ပေါ့ဗျာ လူတွေအများကြီး တက်အုပ်ချုပ်လို့ကဖြစ်မှမဖြစ်တာ
ဒီတော့ ပြည်သူတွေကအုပ်ချုပ်မဲ့လူတွေကိုသူတို့စိတ်ကြိုက်ရွေးပေး တယ်ပေါ့ ဒီကမှတဆင့်အခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေအရ
သမ္မတို့ဝန်ကြီးချုပ်တို့ကို ဥပဒေအရရွေး ကြတယ် တင်မြောက်ကြတယ် အုပ်ချုပ်ကြတယ်ပေါ့ ဒီတော့အခြေခံဥပဒေဟာ
နိုင်ငံရဲ့သွားရာ လမ်းကြောင်းမှန်ဖို့ကို အထောက်အပံ့ပေးရမှာပေါ့ ဒီမိုကရေစီကိုသွားရင်
ဒါကိုအာမခံတဲ့ဥပဒေဖြစ်ရမှာပေါ့ ဒီတော့အရွယ်ရောက်ပြီး နိုင်ငံသာတိုင်း ဖတ်သင့်ဖတ်ထိုက်တာပေါ့ဗျာ။
သိရသလောက်
အမေရိကန်နိုင်ငံမှာဆိုရင် Grade 8 မှာ အမေရိကန်သမိုင်းသင်တယ်လို့သိရတယ်ဗျ အဲဒီမှာ ကလေးတွေကို
အခြေခံဥပဒေဆိုတာဘာလဲ ကွန်ကရက်ဆိုတာဘာလဲ ဥပဒေတွေကိုဘယ်ပြုလဲ အုပ်ချုပ်ရေးနဲ့ပါတ်သက်ပြီး
သမ္မတကိုဘယ်လိုရွေးလဲ ဘယ်လိုဖယ်ရှားလို့ရသလဲဆိုတာတွေ သမ္မတဟာ တပ်မတော်ရဲ့အကြီးအကဲဆိုတာတွေ
တရားစီရင်ရေးအဖွဲကိုသမ္မတကရွေးချယ်ပြီး ဆီးနိတ်ကအတည် ပြုပေးရတယ်ဆိုတာတွေ ဘယ်လိုဖယ်ရှားလို့ရတယ်ဆိုတာတွေ ရှစ်တန်းကျောင်းသားတွေကိုသင်ပေး တယ်ဗျ သူတို့က(၁၂)တန်းစနစ်ဆိုတော့ သူတို့ရှစ်တန်းက ကျွန်တော်တို့(၁၀)တန်းစနစ် ရှစ်တန်းထက်ငယ် တာပေါ့။
ကျွန်တော်တို့နဲ့ကတော့ကွာခြင်တိုင်းကွာပေါ့
ထားတော့ပညာရေးကိစ္စ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးတို့ဆိုတာတွေကို
လုပ်တဲ့သူတွေကလည်းအားသွန်ခွန်စိုက်လုပ်နေကြပါ တယ်လေးစား ဖို့ကောင်းသလို ကျေးဇူးတင်ထိုက်ပါတယ်
ပြည်သူတွေကြားမှာလိုအပ်လွန်းနေတဲ့ အရာတွေပါ။
ကွှန်တော်တို့လိုသာမာန်ပြည်သူတွေအနေနဲ့ကလည်း
သိတဲ့သူကိုမသိသူက ရှင်းပြ ပြောပြကြ မရှိတဲ့သူကို ရှိသူကဝေငှကြ တစ်ပိုင်တစ်နိုင်ဗဟုသုတဖလှယ်ကြဆိုတာတွေလုပ်ပေးကြရင်း
၂၀၀၈ ဖွှဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာဖြင့် ကွှန်တော်တို့နိုင်ငံသွားမယ်ဆိုတဲ့ ဒီမိုကရေစီလမ်းကြောင်းကိုအာမခံ
မခံဆိုတာကို နားလည်သဘောပေါက်အောင်လေ့လာထားပြီး လိုအပ်လို့ ၂၀၀၈ အခြေခံဥပဒေကိုပြင်ဖို့ လိုအပ် လာရင်
ထောက်ခံတာ ကန့်ကွက်တာတွေ အတွေးကြည်ကြည် အမြင်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် လုပ်နိုင်အောင်
ပြင်ဆင် ထားဖို့လိုတာမို့ မသွဲ့သွဲ့ဝင်းတို့ အခြေခံဥပဒေဖတ်နေတာကိုအကြောင်းပြုပြီး
“စာရေးသူသည်သာမာန်စာဖတ်သူတစ်ဦးသာဖြစ်ပါ၍အမှားအယွင်းတစ်စုံတစ်ရာပါခဲ့ပါက စာရေးသူရဲ့ညံ့ဖျဉ်းမှုသာုဖြစ်ကြောင်းပါ”
Subscribe to:
Posts (Atom)