ကျောင်းပြီးတဲ့ခဏ
ဘယ်ကစမလဲ
ဆန္ဒနဲ့ဘဝ
တထပ်တည်းမကျသေးပေမဲ့
မိတ်ကပ်အလှပြင်တာကိုရွေးခဲ့။
မြန်မာပြည်
အိုင်ဒေါအစီအစဉ် (၃)
စ
နဂိုကမှဆိုင်းသံကြားရင်
ကခြင်ပြီးသားမို့
"ဘယ်ရမလဲ"
လက်ရှိအလုပ်ကနား
စိတ်မအား
ကိုယ်မနား
စွမ်းအားရှိသလောက်
ထိုးဖေါက်
Top
11 ထိရောက်ခဲ့။
အောင်မြင်မှုအစ
ခြေချနိုင်ပြီဆိုတဲ့အပျော်
ခြေချနိုင်ပြီဆိုတဲ့အပျော်
မမျှော်လင့်တဲ့အဖြစ်ဆိုးက
ဟပ်ထိုးလဲစေခဲ့။
ပြိုင်ပွဲက
အခုမှစ
ချစ်ရသူကလက်ပြနှုတ်ဆက်
တသက်တာခွဲခွါသွားပေမဲ့
ကြေကွဲနေစရာအချိန်ကမရှိ
နောက်တလှမ်းအတွက်
ပန်းခင်းတဲ့လမ်းမဟုတ်ခဲ့ပြီ။
ပြိုင်ပွဲအတွက်
အားပေးသူတွေဖက်ကမျှော်
ဟိုးအပေါ်ထိပ်ဆုံးရောက်စေခြင်ကြ
ကျမမှာ
ဘယ်လိုစိတ်နဲ့ပြိုင်ရမှန်းကိုမသိ
အမြင်တွေဝိုးဝါး
အားအင်တွေလွှင့်ပါး
စိတ်အားတွေငယ်ခဲ့ရပါပြီ။
အားပေးတဲ့ပရိတ်သတ်
သင်ပေးတဲ့ဆရာဆရာမ
ဝန်းရံပေးကြတဲ့သူငယ်ချင်း
သူတို့တွေရဲ့အားကိုယူ
အသက်၀၀ရှူပြီး
အရာရာကိုမေ့ထား
နင်လားဟဲ့လောကဓံ
တိုက်ပွဲဝင်မာန်ကိုသွင်း
တိုက်ပွဲဝင်မာန်ကိုသွင်း
သီချင်းဆိုရင်းကြိတ်ငို
ဘယ်လိုပြီးသွားခဲ့မှန်းတောင်းမသိလိုက်။
ဘယ်အဆင့်ကိုဘဲရောက်ရောက်
မရောက်လည်းနေပါစေတော့လို့
အားလျှော့လိုက်ရင်ကောင်းမလား
အတွေးများဝင်ခဲ့ပေမဲ့
မရောရာလှတဲ့
ဘ၀ခရီးမှာ
မသေခြာတာတွေများလှတာမို့
ဒါဏ်ရာတွေကိုထုဆစ်
အားဖြစ်အောင်အသက်သွင်း
သီချင်းဆက်ဆိုခဲ့။
ပြိုင်ပွဲကပြီးခဲ့ပြီ
ပြန်လို့ရပြီဟေ့လို့ကြွေးကျော်
အပြန်ခရီးမျှော်ကြည့်တော့
မှောင်အတိနဲ့
သူမရှိတော့တဲ့လမ်း
စမ်းတ၀ါးမို့
ကြောက်အားတွေ
ပိုနေရပြီ "ကို"
ရယ်။