"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Tuesday, June 28, 2016

"THE GUEST"

"THE GUEST" 



CIGARETTE IS BURNING DOWN

THE LIGHT IS COMING BROWN

PLEASE TAKE ME MY HOME NOW







"ဧည့်သည်ကြီး"
(တင်မိုး)


ဆေးလိပ်လည်းတို

နေလည်းညို ပြီ

ငါကိုအိမ်ပြန်ပို့ကြပါလေ



Sunday, June 26, 2016

ECHO of a "PICTURE"

Photo: Yu Yu's Photography
"When I saw this picture
I feel like I wrote HERE"

Do not look at me that way.
I know you do not have the heart to listen.
Relax your lips
  Lips show you wanna talk
       Say something, say something to me please.
  





 

"အလွဲများ - ၁"

"အလွဲများ - ၁"

အလွဲဆိုတာကတော့ လူတိုင်းသိပါတယ် တစ်ခုခု လွဲချော်သွားတာ လွဲချော်နေတာ အံဝင်ဂွင်ကျမရှိတာ ဖြစ်ရိုးဖြစ်စဉ်မဖြစ်တာ ကမောက်ကမဖြစ်နေတာ စတာတွေပေါ့ အလွဲတွေကလည်း  နိုင်ငံရေး စီးပွါးရေး အနုပညာ နည်းပညာ အားကစား စတဲ့နယ်ပါယ်အသီးသီးမှာ ဖြစ်နေကြတော့ ဒါတွေကို လည်း ရေးကြပြောကြတာတွေရှိပါတယ်။

တချို့တွေကတော့ လွဲပေမဲ့ကောင်းတာတွေရှိပါတယ် ပြောရမယ်ဆိုရင် ကြောင်မကြီးက ကြွက်ကလေးတွေ ကိုနို့တိုက်တာမျိုးပေါ့  တချို့လွဲတာတွေကတော့ရယ်မောစရာပါ စာရေးဆရာ အဆိုတော် ရုပ်ရှင်မင်းသား သုမောင်ကတော့ သူ့ကိုဟောင်တဲ့ခွေးကို ခွေးလိုလေးဘက်ထောက်ပြီးပြန်ဟောင်တယ်လို့ သူ့စာတစ်အုပ် မှာရေးတာဖတ်ဘူးပါတယ် ခွေးကလူကိုဟောင်တာကသဘာဝပါ ခွေးကလူကိုဟောင်တာကို  လူကခဲနဲ့ပစ် တာ ဒုတ်နဲ့ရိုက်တာမလုပ်ဘဲ ခွေးကိုခွေးလိုပြန်ဟောင်တော့ အတော့ကိုလွဲနေတာပေါ့ တစ်ချို့အလွဲတွေ ကျတော့လည်း အတော့ကို စိတ်ပျက်စရာကောင်းပါတယ်  ဘောလုံးကွင်းမှာ ဘောလုံး မကန်ရဆို တာမျိုးတွေပေါ့ဗျာ  ဒါမျိုးတွေက ကျွန်တော်တို့မြန်မာပြည်မှာ  တော်တော်လေးများတယ်ဗျာ့။ ဒါတွေ ကိုတော့ ထွေထွေ ထူးထူးမပြောခြင်ပါဘူးဗျာ လူတိုင်လည်းသိနေကြာတာမဟုတ်လား.

ခုပြောခြင်တာကတော့ ဘာသာစကား ကြောင့်လွဲရတယ်အလွဲဗျာ ရယ်ဖို့တော့အကောင်းသား

ဘိုစကားပြောတဲ့နိုင်ငံတစ်ခုကဆိုင်တစ်ဆိုင်မှာပေါ့ဗျာ  ဈေးဝယ်တွေကလည်း အမျိုးသ္မီးတွေရော အမျိုး သား တွေရောတော်တော်များတဲ့နေ့ပေါ့ အရောင်ကောင်းတာမှာက ဈေးရောင်းတဲ့သူက (၇)ယောက်လောက် ရှိတယ်ဗျာ့ ကောင်တာတွေမှာက ဈေးဝယ်တာရော တစ်ခါပစ္စည်းတွေ္စ မသုံးဖြစ်လို့ ပြန်အပ်တာရော ပစ္စည်လွဲပေးလိုက်လို့ပြန်အပ်တာရော ၀ရန်တီပေးထားတဲ့ကာလအတွင် ပစ္စည်းပျက်လို့လာပြန်လဲတာရော နဲ့လူတွေကတော်တော်များပါတယ်  အရောင်းသမားတွေရောင်းလိုက်တဲ့ပစ္စည်းကိုတွေအားလုံးကို INVOICE နဲ့ ပစ္စည်းတွေမှန် မမှန် စစ်ရတဲ့သူက အလုပ်ဝင်တာမကြာသေးတဲ့ ဘိုစကားသိတ်မပေါက်သေး တဲ့ ရွှေဗမာဆိုပါတော့ဗျာ CHECKER လို့ခေါ်တယ်ဗျာ စစ်ဆေးရေးသမားပေါ့ သူကစကားသာ သိတ် မပေါက်ပေမဲ့ ပေါ့င်နှစ်ရာကျော် ၀၀ ခန့်ခန့်ဆိုတော့ ဈေးဝယ်သူတွေက သူ့ကိုတော့ရှိန်ကြတယ်ဗျ။ အရင် CHECKER လုပ်ကြတဲ့ခပ်ပိန်ပိန်ဗမာတွေကိုဆိုရင် တစ်ချို့ဈေးဝယ်တွေက မကြောက်ကြတဲ့အပြင် ဟိန်းလား ဟောက်လားတောင်လုပ်တတ်ကြပါသေးတယ်။

ကို CHECKER အလုပ်များနေတုန်း ဈေးဝယ်တစ်ယောက်က ပစ္စည်းတွေနဲ့INVOICEလေးကိုင်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့အနားကပ်လာပြီး တစ်ခုခုပြောတယ်ဆိုဘဲ အချိန်ကလည်း မနက်ပိုင်းဆိုင်ဖွင့်ခါစဆိုတော့ ကို CHECKER က လာနှုတ်ဆက်တာဘဲဆိုပြီး "Good Morning" လုပ်လိုက်တာပေါ့ဗျာ အဲဒီမှာ တင်ဈေးဝယ်သူက ထပ်ပြီးစကားပြောလာပြန်တော့ "How are you doing, today" တယ်ထင်ပြီး "I am Good, Thank you" ဆိုပြီးပြန်ပြောလိုက်တယ်ဆိုဘဲ။
အဲဒီလိုပြန်ပြောလိုက်တော့  ဈေးဝယ်လည်းပစ္စည်းလေးတွေချ ပျာပျာသလဲ ထွက်သွား ပြီး ဈေးရောင်းနေတဲ့  counter man တစ်ယောက်ဆီ တစ်ခုခုသွားပြောတာကို တွေ့လိုက်ရပြီး counter man ကလည်းချက်ခြင်း ရုံးခန်းထဲဝင်သွားတာကိုတွေ့တော့ ကိုCHECKER ကဒီကောင်ဘာလုပ်တာလဲပေါ့ ငါမှန်မှန်ကန်ကန် မြန်မြန် ဆန်ဆန်လုပ်ပေးနေရက်နဲ့ Counter Man ကိုတိုးတိုး တိုးတိုး ဘာသွားချွန်နေတာလဲပေါ့ ငါ့ကိုတော့ ဒါမျိုးလုပ်လို့မရဘူးဆိုပြီး စိတ်ထည်းကကြိမ်းသတဲ့။  

ချက်ခြင်းဆိုသလိုဘဲ ရုံးခန်းထဲကဗမာတစ်ယောက်ထွက်လာပြီး သူနားကပ်လာတော့ ငါတော့တစ်ခုခုဘာ များအမှားလုပ်မိပါလိမ့်ဆိုပြီးတွေးနေတုန်းမှာဘဲ

"ဟေ့လူ ခင်ဗျားဘောင်ဘီ ဇစ်ပြုတ်နေတယ် မြန်မြန်ပြန်တပ်လိုက်အုန်း"   ဆိုတော့မှ မျက်နှာပူက နည်းဖြစ်သွားပြီးဇစ်ကိုဆွဲတင်လိုက်ရပါသတဲ့။
Internet Photo

အဲဒီနောက်ပိုင်းမတော့ ကိုရွှေ CHECKER ခမျာ နှုတ်လာဆက်တိုင်း သူ့လက်ကဘောင်ဘီဇစ်ပေါ်သွား သွားစမ်းမိနေပါသတဲ့ဗျာ။

ဘာသာစကားကြောင့် ဖြစ်တဲ့အလွဲလေးပေါ့ဗျာ အလျဉ်းသင့်သလို အလွဲလေးတွေ ရေးတင်ပါအုန်းမယ်

ကျွန်တော်မောင်ဖိုးကိုပါ  ရွှင်လန်းချမ်းမြေ့ပါစေ။







"စနေညကိုဖြတ်သန်းခြင်း"

"စနေညကိုဖြတ်သန်းခြင်း
"

ဒီနေ့ကစနေဆိုတော့ နောက်နေ့အားတယ်ပေါ့ ကိုပါအမေရိကဘောလုံးပွဲကလည်း ယူအစ်အေနဲ့ ကိုလမ်ဘီယာဆိုတော့ သိတ်တော့စိတ်မ၀င်စားလှပါဘူး အမေရိကန် တွေနိုင် မယ်မထင်လို့ပေါ့ သူတို့က ဂိုးရှေ့ရောက်ရင်ဘာမှ လုပ်တတ်ကြတာ မဟုတ်ဘူးလေ မက်ဆီလိုပါရမီရှင်ပါရင်ကတော့တစ်မျိုးပေါ့။



မနေ့ကသားနဲ့သ္မီးကို ပျားရည်ဝက်သားကင်လုပ်ကျွေးမယ်ပြောထားတော့ အိမ်စောစော လေးပြန် ရရင်ကောင်းမယ်ပေါ့ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ အလုပ်က ကွန်ပြူတာစနစ်ချွတ် ယွင်းသွားတာနဲ့ ကွန်ပြူတာမသုံးဘဲ လုပ်လို့ရတာတွေရှိပေမဲ့လည်း မလုပ်တော့ဘဲ အိမ်ကို ပြန်ဖြစ်တယ်ဆိုပါတော့။ အပြန်လမ်းမှာ အသီးအရွက်လေး မြီးစရာလေး နဲ့ ၀ိုင်တစ်ပုလင်း ၀ယ်ပြီးအိမ်ကို အပြေးပြန်ဖြစ်တယ် ဘောပွဲအမှီပေါ့။



ဝယ်စရာဝယ်ပြီး ဆိုင်ကထွက် ကားဆီလည်းသွားရော ကိုယ့်ကားဘေးမှာက ကားအကောင်း စားနှစ်စီးရပ်ထားတာတွေ့ပါတယ်။ ပထမတော့အမှုမဲအမှတ်မဲ့ပါဘဲ ကားရှေ့ကဖြတ်ပြီးကား ထဲဝင်မယ်လုပ်တော့မှ လူတင်မက ကားတောင်တော်တော်အိုနေတာကို သတိထားမိလိုက် တယ်။ ကားကပြောရမယ်ဆိုရင် (
၁၉၉၉) မော်ဒယ်ဆိုတော့ သက်တန်း(၁၇)နှစ်ဘဲရှိသေး တာပါ လူကပင်စင်သက်ထက် ငါးနှစ်လောက်တောင်ကျော်နေပြီဆိုတော့ ကားထက်အတော့ ကိုအိုပြီပြောရမှာပါ။


ကားကဆေးကလည်းနွမ်းနေတော့ အရောင်ကမှိန် နောက်ညာဖက်ချမ်းကလည်း သူများ တိုက်ထားတာကလည်းမပြင်ရသေး ဒါ့ပြင်မီးခွက်တွေကလည်းဝါနေပြီဆိုတော့ ဘေးက ကား နှစ်စီးနဲ့ယှဉ်လိုက်ရင် ဘယ်လိုမှကြည့်မကောင်းတော့တာကအမှန်ပါဘဲ။ လူကတော့ပြောစရာ မလိုတော့ပါဘူး အသားအရည်တွေတွဲကျ ဆံပင်တွေကဖြူ မျက်စေ့တွေမှုံလာ မှတ်ဥာဏ်တွေ ကကျဆင်း လာပြီဆိုတော့ ကားထက်ပိုဆိုးလာပြီပြောရမှာပါ။



ဒါပေမဲ့လည်း လက်ရှိပေါင်းသင်နေရတဲ့သူတွေက ကိုယ်သားအရွယ် တူအရွယ် ညီအရွယ်တွေ ကများတော့ ကိုယ့် ကိုယ်ကိုတော့ငယ်သေးတယ်ဘဲထင်နေဆဲပါဘဲ။ ဒါပေမဲ့ အိုပါပြီ။



အိမ်ရောက်တော့ ချက်ခြင်းပဲတီဗွီဖွင့်ထားပြီး ၀ယ်ထားတဲ့ဝက်သားကို (
)မူးထုလောက် အလျှားလိုက်ဖြတ် ကိုးရီးယားBBQ Sauceထည့် Seasoning အမှုန့်ထည့် ဆီနည်းနည် ထည့်နှပ်ထားပြီး သိတ်စိတ်ဝင်တစ်စားမရှိလှတဲ့ ယူအက်စ် နဲ့ ကိုလမ်ဘီယာပွဲကြည့်ဖြစ်ပါတယ် ပွဲပြီးခါနီးလောက်မှ အသားကင်ရင်း ဘောလုံးပွဲကြည့်ရင်း ကင်လိုက် သောက်လိုက် ဘောလုံးပွဲကြည့်လိုက်ပေါ့ ပုံမှန်သောက်လေ့မရှိပေမဲ့ အသားကင်နဲ့သောက်ခြင် တာနဲ့ သောက်ဖြစ်တယ်ဆိုပါတော့ ဘောလုံးပွဲကတော့ထင်တဲ့အတိုင်းဘဲ ယူအက်စ်ရှုံးပါတယ် ၀-၁ နဲ့ ပါ၊ ရှုံးမှာပေါ့ဂိုးရှေ့ရောက်ရင်ဘာမှမလုပ်တတ်တာကိုး။


ဘောလုံးပွဲပြီးတော့ ကလေးတွေလဲစားပြီးကြလို့ ကိုယ်စီသူတို့အခန်းထဲဝင်သွားကြပါပြီ ကြည့်လိုက်တော့ အားလုံးလို ကွန်ပြူတာမျက်နှာအပ်ပြီး သူတိုနှစ်သက်ရာတွေ ကြည့်နေကြတာကိုတွေ့ရတော့ ဒီခောတ်ဒီအခါက ရှားရှားပါးပါး မိသားစုတွေ အတူရှိနေတဲ့အချိန်မှာတောင် အတူမျက်နှာခြင်းဆိုင်တွေ့ဖို့အခွင့်အရေးနည်းပါးလာပါ လားလို့တွေးမိပါတယ်။



ဒါနဲ့တစ်ဆက်ထည်း ဟိုးတစ်လောက မိတ်ဆွေလူငယ်လေးတစ်ယောက်ပြော တာကိုသွားသတိရမိပါတယ် "
သူငယ်ချင်နှစ်ယောက် မနက်စာစားဖို့စားသောက်ဆိုင် သွားကြပါသတဲ့ ဆိုင်ရောက်တော့ နှစ်ယောက်သားစကားမပြောဖြစ်ကြ ဘဲကိုယ့်ဖုန်းကိုယ် ပွတ်နေကြပါသတဲ့ စားစရာမှာမယ်လုပ်တော့လဲ ဘာစားမှာလည်းကို ဖုန်းကနေမက်ဆေ့ ပို့မေးပါသတဲ့ စားရာမှာ စားသောက်ပြီးတော့လည်း ပြန်ဖို့ကိစ္စကို ဖုန်းမှာမက်ဆေ့ပို့မေး ပြီးပြန်လာကြပါသတဲ့" ဒီပြောစကားအားလုံးအမှန်ချည်းလို့မဆိုသာပေမဲ့ တိုးတက်ဖြစ်ထွန်းလာ တဲ့နည်းပညာ၊ ခောတ်စနစ်အခြေအနေတွေအရတော့ လူတွေ တစ်ဦးနဲ့တစ်ယောက် စကားပြော နည်းလာကြတာကတော့အမှန်ပါဘဲလို့ပြောရမှာပါ။




ဒါကြောင့်လည်းစနေလိုညမှာတောင် မိသားစု မျက်နှာခြင်းဆိုင်စကားပြောဖို့ အခွင့်အရေး နည်းပါးလာတော့ ကျန်တဲ့နေ့ကတော့ ဆိုဖွယ်ရာမရှိတော့ပါဘူး ခုလည်းအားလုံး စား သောက်ပြီး အခန်းကိုယ်စီဝင် သွားကြတော့ ကိုယ်တိုင်ကတော့ ၀ိုင်တစ်ခွက် တီဗွီတစ်လုံး ကွန်ပြူတာတစ်လုံး ဖုန်းတစ်လုံး နဲ့ ယောင်တောင်တောင်ဧည့်ခန်းမှာ တစ် ယောက်ထည်းပေါ့ ဘောလုံးပွဲကလည်း မရှိတော့ဘူး နောက်နေ့ကလည်းနားတဲ့နေ့ဆိုတော့ ဒီလိုနေ့မျိုး စောစာအိပ်ရမှာနှစ်မြှော တာနဲ့မအိပ်သေးဘဲ သီချင်းနားထောင်ရင်ကောင်းမယ်ဆိုပြိး
ကွန်ပြူတာမှာ youtube ကနေမြန်မာသီချင်းဖွင့် တီဗွီပေါ်ကို google cast နဲ့တင်ပြီးနားထောင်ပါတယ် တီဗွီပေါ်မှာ ကြည့်တော့ မြင်ကွင်းပို ကျယ်တာမို့ ကြည့်ရ တာပိုကောင်းတယ်လေ။


ဘယ်လောက်ဘဲ စနေညကိုနှမြှောပါစေ နေ့ခင်းမှာ (
၁၀) နာရီလောက် အလုပ်လုပ်ထားရတာရယ် ဘောလုံးပွဲကြည့်ထားတာရယ် ၀ိုင်သုံးခွက်သောက်ထားတာရယ်ကြောင့် ဘယ်လိုမှတောင့် မထားနိုင်ဘဲမျက်လုံးကေ၀၀ါးလာပါတော့တယ်။


အိပ်မပျော်ခင်လေးမှာဘဲ ပါချုပ်ဆရာတော်ဘုရားကြီးဟောတဲ့ လူ့ဘ၀ဆိုတာအလွန် ရခဲတယ်ဆို တာကိုသတိသွားရမိပါတယ် ဆရာတော်ဘုရားကြီးက လူ့ပြည်မှာထောင်ထားတဲ့အပ် နဲဗြဟ္မာပြည်ကချလိုက်တဲ့အပ် ထိပ်ဖျားချင်းထိခြင်သာထိမယ် လူဖြစ်ဖို့ကအဲဒိထက်ပိုခက် တယ်တဲ့။



ဒီလောက်ခက်ခဲတဲ့ဘ၀ကိုရထားပြီး သံသရာအတွက်ကောင်းရာမွန်ရာတွေ လုပ်နိုင်တဲ့အခြေ အနေရှိပါရက်နဲ့ဘာတွေများလုပ်ဖြစ်ခဲ့ပါလည်းဆိုတာတွေးရင်း...