"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Thursday, May 16, 2013

ဗမာပြည်ကိုရှောင်သွားလေသော "မဟာစင်"

ဗမာပြည်ကိုရှောင်သွားလေသော "မဟာစင်"



နောက်ဆုံးမတော့မုန်တိုင်း "မဟာစင်" ဗမာပြည်ကိုရှောင်လို့သွားခဲ့ပါပြီ
အဖျားခတ်ယုံလောက်တော့ရှိမှာပေါ့
ဗမာပြည် အေးချမ်းပါစေ သာယာပါစေ တစ်ဖက်နိုင်ငံလည်း ထိခိုက်မှု အနည်းဆုံးဖြစ်ပါစေပေါ့ဗျာ
 "မင်္ဂလာပါ" လို့ဘဲဆိုပါရစေ

Wednesday, May 15, 2013

ဆိုင်ကလုန်း “မဟာစင်” ဘယ်ကိုလဲ


ဆိုင်ကလုန်း “မဟာစင်”  ဘယ်ကို

ဗမာပြည်မှာ သင်္ကြန်မတိုင်မီ ဟိုအရေး ဒီအရေးတွေကြားရ မြင်ရတော့ ကလေး လူကြီး အားလုံး ထွက်ပျော် ကြတဲ့ သကြန်မှာ အေးမှအေးပါ့မလား ငြိမ်းငြိမ်းချမ်းချမ်းမှ ဖြစ်ပါ့မလားဆိုတဲ့ အတွေးတွေနဲ့ စိတ်အပူကြီး ပူနေ ရာ က ဘာအရေးကိစ္စမှပေါ်မလာဘဲ အေးအေးချမ်းချမ်းပြီးသွားတော့မှဘဲ သက်ပြင်းချနိုင် ပါတယ်။

ဒါပေမဲ့တစ်စတစ်စ ဆိုးဝါးလာနေတဲ့ ရာသီဥတုကြောင့် အပူလွန်ကဲတာတွေ ခရမ်းလွန်ရောင်ခြည် များလာတာ တွေစတဲ့ သတင်းတွေကလည်း သင်္ကြန်မတိုင်မီကဘဲ ကြားနေရပြန်တော့ ဆိုင်ကလုန်းတွေများ လာနေအုန်း မလားဆိုပြီးတွေးပူမိပါတယ်။ နာဂစ်ဖြစ်ပြီးကထဲက နှစ်စဉ်ဆိုသလို မြန်မာနိုင်ငံကို ဆိုင်ကလုန်းက၀င်တတ်သမို့ စိတ်မအေးမိတာတော့အမှန်ပါဘဲ။

ရာသီဥတုဘေးကလည်း ကြားရနားဝသက်သာစရာအကြာင်းကိုမရှိလှပါဘူး အင်းလေးကန်မှာရေတွေ ခန်းကုန်ပြီ ရေကန်တွေမိုးမလာမီစောပြီးခမ်းကုန်လို့ ရေကန်ကိုမှီနေရတဲ့ပြည်သူတွေ ရေဒုက္ခတွေရောက်နေ ကြရပြီ အပူလွန်ကဲလို့ သက်ကြီးရွယ်အိုတွေကွယ်လွန်ကြ ဆိုတာတွေ သာမက အခြားအရေးတွေ ဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြန်ပစ်ကြခတ်ကြပြန်ပြီ ဆိုတာတွေကြားရတော့ မိုးရွာရင်ကောင်းမယ် “အပူလည်းကျ” “ရေလည်းရ”  “တိုက်ပွဲတွေလည်းအရှိန်ချ” ကြတော့ မယ်ပေါ့လေ။

သင်္ကြန်ပြီးတော့ မျှော်လင့်ထားသလိုဘဲ မိုးကတော့မြန်မာပြည်ရောက်လာပါတယ် အပူကျမယ် ရေရမယ် မရှိသေးဘူး ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းဆိုလိုဘဲ လေပါ ပါလာပြီး လေပြင်းကြောင့် အမိုးလန် အိမ်ပြိုဆိုတဲ့သတင်းတွေမြင်ရ ဖတ်ရတော့တာပါဘဲ    တစ်ဆက်ထည်းမှာဘဲ ဆိုင်ကလုန်းမုန်တိုင်းတခု မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွေကို ၀င်ရောက်နိုင်တယ် ဆိုတာကြားရတော့ အင်တာနက်မှာအပြေအလွှားကြည့်ဖြစ်ပါတယ်။

စတွေတော့ PDC (Pacific Disaster Center) ကထုတ် ထားတဲ့ (၁၁-၀၅-၂၀၁၅)နေ့ကပုံပါ အဲဒီပုံပါ အတိုင်း ဆို ရင်တော့ ဗမာပြည် ရခိုင်တော့မလွယ်ဘူး ဘုရား တယုံ သာရှိ တော့မယ်ပေါ့ ရခိုင်ကမ်းရိုးတမ်း အပေါ် ဘက် သုံးချိုး တစ်ချိုးလောက်က၀င်မှာဆိုတော့ အန္တ ရာယ် များလှ တယ်ပေါ့လေ ဘုရားတတယ် ဆိုတာ က လည်းကိုယ့် ဘက်မလာပါစေနဲ့ဆိုပြီး သူများ ဘက်သွားပါစေလို့ ဆုတောင်းရင် ကိုယ့် လူတွေတော့ဒုက္ခမရောက်ပါစေနဲ့ သူများတွေတော့ ဒုက္ခရောက်ပါစေဆိုသလိုမျိုး ဖြစ်မှာဆိုတော့ အဲလိုဆုတောင်းကောင်းတဲ့ အရာလည်းမဟုတ် လေတော့ ကုန်းတွင်းပိုင်းမရောက်ခင် အားပျော့သွားပါစေ ပျောက်သွားပါစေလို့ဘဲဆုတောင်းရပါတယ်။ 

မုန်တိုင်းအကြောင်းဖတ်ကြည့်ရာမှာ ပထမတော့ “အိုဝမ်းဘီ” ဆိုပြီးပြောနေရာကနေ နောက်ပိုင်းတော့ “Cyclone Mahasen” လို့ပြောပါတယ်၊ အိုဝမ်းဘီကတော့ အိုဝမ်းဆိုတာတော့ Zero One (၁)ပေါ့ဗျာ ဘီဆိုတာကတော့ Bay of Bengal ကိုဆိုတာပါတဲ့ အဓိပ္ပါယ်က ၂၀၁၃ ခုနှစ် ဘင်္ဂလားပင်လယ်အော် မှာပထမဆုံးဖြစ်တဲ့ မုန်တိုင်းလို့ဆိုတာပါ Cyclone Mahensen လို့ပြောင်းသွားတာကတော့ မုန်တိုင်း အဆင့် ရောက်မှ နံမည်တပ်တယ်ဆိုဘဲ မုန်တိုင်းအဆင့်သတ်မှတ်တာကတော့ လေတိုက်နှုန်း တစ်နာရီ မိုင်(၄၀)ကျော်ရင် သတ်မှတ်တယ်လို့ဆိုတယ်ဗျ။  

နံမည်ပေးတာကလည်း သူ့ဆိုင်ရာ ဆိုင်ရာဒေသအလိုက် မုန်တိုင်းစောင့်ကြည့်တဲ့ အဖွဲ့အစည်တွေက နံမည်ပေးကြတယ်ဆိုပါတယ် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းက မုန်တိုင်းတွေကိုတော့ နယူးဒေလီမှာ အခြေစိုက်တဲ့  Regional Specialised Meteorological Centre၊  ပစိဖိတ်သမုဒ္ဒရာ အရှေ့ပိုင်းက မုန်တိုင်းတွေ ကိုတော့ အမေရိကန်နိုင်ငံ ဟိုနိုလူလူအခြေစိုက် Central Pacific Hurricane Center၊ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းကမုန်တိုင်းတွေတော့ ဂျပန်အခြေစိုက် Japan Meteorological Agency စသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကနာမည်ပေးကြပါတယ်၊ မုန်တိုင်းတွေကို အမေရိကန်ဖက်ကတော့ ဟာရီကိန်းလို့ခေါ်ပြီး ဂျပန်ကျတော့ တိုင်ဖုန်းတဲ့၊  အဲ အိန္ဒီယဘက်ကတော့ ဆိုင်ကလုန်းလို့ခေါ်ကြပါတယ်။ ကျန်တဲ့ဒေသတွေမလဲ သက်ဆိုင်ရာအဖွဲ့အစည်းတွေရှိသေးတယ်ဗျ။

သက်ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ မုန်တိုင်းသွားမယ့်လမ်းကြောင်းခန့်မှန်းချက်တွေအရ အစောပိုင်းသိရတဲ့ လမ်းကြောင်းကနေ အနောက်ဘက်နည်းနည်းရွေ့သွားတော့ ဗမာပြည်အတွက်နည်းနည်းတော့ စိတ်သက် သာရာရပေမဲ့ တစ်ဖက်နိုင်ငံဘက်ရွေ့သွားတာကိုတော့ စိတ်မကောင်းမိတာအမှန်ပါ ဒါပေမဲ့တစ် ဖက်နိုင်ငံက ကိုယ့်ဗမာပြည်ထက် မုန်တိုင်းအတွေ့အကြုံ ပိုများတယ်ဆိုတာ သိထားလေတော့ ဘာဘဲ ဖြစ်ဖြစ် တော်ပါ သေးရဲ့ပေါ့။                                        


၁၅-၀၅-၂၀၁၃ နေ့ PDC (Pacific Disaster Center) ရဲ့မုန်တိုင်းလမ်းကြောင်းအရတော့ အရင်လမ်းကြောင်းနဲ့စာရင် ဗမာပြည် အတွက် တော်တော်လေး စိတ်အေးရပါတယ် ခုစာရေးနေချိန်ဟာ

ဗမာချိန်(၁၅-၀၅-၂၀၁၃)နေ့လည် (၀၂း၁၅)လောက် ရှိတာမို့ မနက်ဖန် (၁၆-၀၅-၂၀၁၃) (၁၅း၃၀) လောက်ဆိုရင်  ဆရာဦးထွန်းလွင် ခန့်မှန်းချက်အရ လေတိုက်နှုန်း တစ်နာရီ(၇၈~၉၆) နှုန်းနဲ့အား အကောင်းဆုံး ဖြစ်လာပြီး ညနေဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ် တကောင်းမြို့အနီးကဖြတ် ကုန်းတွင်းကိုဝင်ပြီး (၁၇-၀၅-၂၀၁၃)နေ့ နံနက် (၀၃း၃၀) နာရီမှာ အားပျော့ပျက်ပြယ်သွားမယ်ဆိုပါတယ်။ ဒီတော့ မဟာစင်ဟာ ကုန်းတွင်းမှာ (၁၂) နာရီ ကြာလောက်မွှေနှောက် မဲ့သဘောပါ။

သက်ဆိုင်ရာဒေသအတွင်းမှာရှိကြတဲ့ အသားအရောင် အယူဝါဒ နိုင်ငံသား ဘယ်လိုပင်မတူညီကြပါစေ “မဟာစင်” မုန်တိုင်းကို အတူတူလက်တွဲပြီး တစ်ယောက်နဲ့တစ်ယောက် ဖေးမရင်း ကူညီရင်း ကျော် လွှားနိုင် ပါစေ မုန်းတိုင်းအပြီးမှာလည်း အရင်ကရှိခဲ့ကြတဲ့ အာဃာတတွေ မုန်တိုင်းနဲ့အတူ ပျောက်ကွယ်ပြီး ငြိမ်းချမ်း စွာနေ ထိုင်နိုင် ကြပါစေဆုတောင်းလျှက်။







Monday, May 6, 2013

Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး - ဒေါက်တာရင်ရင်နွယ်




"Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး" 
 ဒေါက်တာရင်ရင်နွယ်



ဓါတ်ပုံ-Google Image



ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့
“လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေးအဖွဲ့  HRW ကနေ ထုတ်ပြန်တဲ့ "ဆုတောင်းရုံက လွဲပြီး ဘာမှ မလုပ်နိုင်ဘူး" ဆိုတဲ့ အစီရင်ခံစာကို လက်မခံဘူး”

“Human Rights Watch ကလည်း အမြဲ တရားမျှမျှတတ မရှိပါဘူး တချို့နိုင်ငံတွေဟာ လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံတွေ အများကြီး ရှိတယ်။ သူတို့ အဲဒီနိုင်ငံတွေကို လက်ညှိုးမထိုးဘူး။ တချို့နိုင်ငံတွေ၊ တချို့အစိုးရတွေကိုပဲ လက်ညှိုးထိုးတယ်”

“အရင်တုန်းက UN ပေါ့လေ။ ကျမတို့ ပြောလွန်းလို့ UN က အဲဒီလို မလုပ်တော့ဘူး။ ကင်တားနားတို့ ဘာတို့ဆိုလို့ရှိရင် သူတို့က တဘက်ကိုပဲ အင်တာဗျူးလုပ်တယ်။ ရခိုင်ဘက်ကို ဘယ်တော့မှ သွားပြီး မတွေ့ဘူ”

“တဖက်ကိုပဲ အင်တာဗျူးလုပ်ထားတဲ့ လူတွေရဲ့ Report ကို ကျမ လုံးဝ ငြင်းပယ်ပါတယ်။ လုံးဝ အလေးမထားပါဘူး။ Human Rights Watch တင် မကဘူး။ တော်တော်များများ အဖွဲ့အစည်းတွေက တဘက်တည်းကို BBC ကအစ တဘက်တည်းကိုပဲ အင်တာဗျူးလုပ်ပါတယ်”

“ဘင်္ဂါလီ လူမျိုးသည် တိုင်းရင်းသားမဟုတ်၊ သူတို့ကိုယ်သူတို့ခေါ်တဲ့ ရိုဟင်ဂျာ ကလည်း နိုင်ငံက အသိအမှတ်ပြုထားတဲ့ နာမည်မဟုတ်ဘူး။ အဲဒီတော့ နိုင်ငံသား ဖြစ်ချင်ရင်တော့ ထုံးစံ ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ အသိအမှတ်ပြုထားတဲ့ နိုင်ငံသုံးရပါတယ်။ စကားသုံးရပါတယ်။ နိုင်ငံက အသိအမှတ်ပြုထားတဲ့ အခေါ်အဝေါ် သုံးရပါတယ်”

ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် - ဒေါက်တာရင်ရင်နွယ်
ရခိုင်အရေး HRW အမြင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်ပယ်ချ ဗွီအိုအေ (၂၀၁၃-၀၅-၀၃) မှကောက်နှုတ်ချက်