"တိုက်ပွဲတွေရပ်ပြီး မြန်မာပြည်တစ်ဝှမ်း ငြိမ်းချမ်းပါစေ"
လာရောက်လည်ပါတ်ကြသော ဧည့်သည်များအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ
လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်လျှက်...မောင်ဖိုးကို

Friday, November 30, 2012

့အနှစ်သက်ဆုံး မိန့်ကြားချက် (သီတဂူဆရာတော်)

သီတဂူ ဆရာတော် အရှင် ဉာဏိဿရ
ကိုယ်တော်တို့ သည်းခံကြပါ။ ဒီပြဿနာက ရေနဲ့ ဖြန်းတာပဲ။ ဒါပေမယ့် ငရဲပြည်က ရေဖြစ်နေတယ်။ (မုံရွာဆေးရုံကြီးတွင် ဒဏ်ရာရ သံဃာတော်များကို လာရောက်တွေ့ဆုံစဉ် မိန့်ကြားချက်)
နိုဝင်ဘာ ၃၀ ၂၀၁၂ ဧရာဝတီ (အင်တာဗျူး) လက်ပံတောင်း အင်အားသုံး ဖြိုခွင်းမှုကို ဒီလိုမြင်ကြတယ် (၂) မှ

Source:http://burma.irrawaddy.org/archives/26920



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ EMG Friday, 30 November 2012 18:36

Source:  http://www.weeklyeleven.com/index.php?option=com_content&view=article&id=16600:2012-11-30-12-10-36&catid=42:2009-11-10-07-36-59&Itemid=112
(EMG မှကူးယူဖေါ်ပြပါသည်)
EMG Photo



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။
မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
တစ်ဖက်တည်း ကိုယ်လိုချင်တာချည်း တောင်းလို့မဖြစ်ဘူး။ ကျွန်မတို့နိုင်ငံအတွက် အကောင်းဆုံးအဖြေကို အားလုံးကနေ အတူတူရှာရမယ်။ အဖြေတစ်ခုရှာတယ်ဆိုတာဟာ အပေးအယူ လုပ်တတ်ရမယ်။ အလျော့အတင်း လုပ်တတ်ရမယ်။ ကျွန်မအမြဲပြောတယ်။ လောကကြီးက အနတ္တလောကပဲ အနတ္တဆိုတာ  ကိုယ်စိုးမိုးလို့ ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တိုင်း ဘာမှ ၁၀၀ ရာခိုင်နှုန်း ဖြစ်လို့မရဘူး။ ငါဖြစ်ချင်တိုင်း ၁၀၀ ရာခိုင်နှုန်းဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ သွားလို့တော့ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံကိုတော့ ကောင်းကောင်းထူထောင်လို့ ရမှာမဟုတ်ပါဘူး။
ကျွန်မပွင့်ပွင့်လင်းလင်း ပြောမှာနော်။ ကျွန်မပြည်သူတွေအကြိုက်ကို လိုက်မပြောဘူး။ ပြည်သူတွေအကြိုက်ကို လိုက်ပြောတဲ့သူလည်း ပြည်သူတွေကို စေတနာရှိလို့ မဟုတ်ဘူး။ ပြည်သူတွေကို အသုံးချချင်တဲ့သူပဲ။